မန်ချက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရက်စ်မက်စ်ဟွိုက်ဂျ်လန်းကတော့ကာလအတန်ကြာဂိုးမိုးခေါင်နေခဲ့ရာကနေဂိုးပေါက်ပြန်တွေ့ခဲ့လို့ဝမ်းသာပျော်ရွှင်လျက်ရှိပါတယ်။ဟွိုက်ဂျ်လန်းကအခုတစ်ပတ်လက်စတာစီးတီးနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပြီးအသင်းနိုင်ပွဲရရှိဖို့အတွက်ပါအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာအသက်၂၂နှစ်အရွယ်ဒိန်းမတ်လက်ရွေးစင်တိုက်စစ်မှူးဟွိုက်ဂျ်လန်းကယူနိုက်တက်ရဲ့တိုက်စစ်အတွက်အားထားရတဲ့အထောင်တိုက်စစ်မှူးဖြစ်ပါတယ်။ဒါပေမယ့်လည်းပြီးခဲ့တဲ့ဒီဇင်ဘာလ၁၂ရက်နေ့ဗစ်တိုးရီးယားပယ်လ်ဇန်နဲ့ကစားခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာနောက်ဆုံးဂိုးသွင်းနိုင်ခဲ့ပြီးအဲဒီနောက်ပိုင်း၂၁ပွဲဆက်တိုက်အထိဂိုးပေါက်ပျောက်နေခဲ့တာဖြစ်ပါတယ်။ဟွိုက်ဂျ်လန်းကမနေ့ညကကင်းပါဝါမှာလက်စတာစီးတီးနဲ့ကစားရတဲ့ပွဲစဉ်မှာယူနိုက်တက်အတွက်အဖွင့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာဟွိုက်ဂျ်လန်းအပြင်သူ့လိုမျိုးဂိုးပေါက်အချိန်ကာလကြာမြင့်စွာပျောက်ဆုံးနေတဲ့အသင်းဖော်အလက်ဟန်ဒရိုဂါနာချိုကလည်းအသင်းအတွက်ဒုတိယမြောက်ဦးဆောင်ဂိုးကိုသွင်းယူရင်းဂိုးမိုးခေါင်မှုကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုးဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက်ဟွိုက်ဂျ်လန်းက “ဂိုးသွင်းယူနိုင်တာကကျွန်တော့်အတွက်အရမ်းပဲအရေးကြီးသလိုကစားသမားတိုင်းအတွက်လည်းအရေးကြီးပါတယ်။တိုက်စစ်မှူးဖြစ်တဲ့ကျွန်တော်တို့ဂိုးတွေသွင်းရမှာပါ။ကျွန်တော့်အနေနဲ့ကိုယ့်ရဲ့ကစားပုံကိုတိုးတက်လာဖို့အများကြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာလည်းပါပါတယ်။ကျွန်တော်ဖြည်းဖြည်းချင်းတိုးတက်လာတယ်လို့ထင်ပါတယ်။အဲဒါကိုဒီဂိုးနဲ့မြင်နိုင်ပါတယ်။ဒါပေမယ့်ကျွန်တော်ဆက်ပြီးတိုးတက်ချင်ပါသေးတယ်။ဒါကအရမ်းပဲအရေးကြီးတယ်။”လို့ဆိုပါတယ်။
ဆက်လက်ပြီးဟွိုက်ဂျ်လန်းကမန်ချက်စတာယူနိုက်တက်ကစားသမားတစ်ယောက်ဖြစ်ရတာနဲ့ပတ်သက်တဲ့ဖိအားတွေအရာအားလုံးကိုကျွန်တော်သိပါတယ်။ဝေဖန်ခံရတာကပုံမှန်ပါပဲ။ကျွန်တော်အမြဲတမ်းတိုးတက်ဖို့ကြိုးစားနေပြီးပိုကောင်းလာအောင်ဆက်လုပ်ချင်တယ်။ကျွန်တော်ကအခုထိအရမ်းပဲငယ်သေးတဲ့ကစားသမားဖြစ်ပါတယ်။ကျွန်တော့်ရဲ့ကစားပုံကိုဆက်ပြီးလုပ်ဆောင်ဖို့ပဲလိုအပ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင်ဟွိုက်ဂျ်လန်းနဲ့ပတ်သက်လို့နည်းပြရူဘင်အမော်ရင်က “ရက်စ်မက်စ်အတွက်တကယ်ပဲအရေးကြီးပါတယ်။သူကမှန်ကန်တဲ့အရာတွေကိုလုပ်ဆောင်နေပြီးအသင်းကိုကူညီပေးနေသလိုပွဲတိုင်းအတွက်တိုက်ပွဲဝင်နေပါတယ်။သူကအရမ်းကောင်းတဲ့ဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက်သူကဘယ်သူမဆိုထက်ပိုပြီးထိုက်တန်တယ်လို့ကျွန်တော်ထင်ပါတယ်။”လို့မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာလက်စတာစီးတီးကိုအနိုင်ရခဲ့ပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၃နေရာကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာလာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်နော့တင်ဟမ်ဖောရက်စ်ကိုအဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.