နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သူဟာ ယူနိုက်တက် အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ဆိုလိုက်တဲ့ မက်ဂွိုင်းယား | ပရီးမီးယားလိဂ်

အင်္ဂလန် နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကတော့ အခုနွေရာသီမှာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မက်ဂွိုင်းယားက သူ့ဟာ မန်ချက်စတာယူနိုက်တက် အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ ဗဟိုခံစစ်မှူးက Sky Sports သတင်းဌာနနဲ့ အင်တာဗျူးမှာ “ကျွန်တော် ကလပ် အတွက် ဘာတွေ လုပ်ပြနိုင်သလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်ဟာ အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ဒီကလပ်နဲ့ အတူ အောင်မြင်မှုတွေ ထပ်ပြီး ရယူဖို့နဲ့ စိန်ခေါ်ဖို့ အချိန်ကျပါပြီ။ ဒါက ကလပ်ရဲ့ လိုချင်တဲ့ အရာတွေပါ။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆိုလိုတာ ကတောာ့ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက သူ့ဟာ မန်ချက်စတာယူနိုက်တက်အသင်း အနာဂတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသင်း အတွက် အောင်မြင်မှုတွေ ပိုမိုရရှိလာအောင် ကူညီပေးလိုကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလား ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာ အဆင့် ၈ နေရာသာ ရရှိခဲ့ပါတယ်။ ကလပ် အသင်း သမိုင်းတလျှောက် အဆိုးရွားဆုံး စံချိန်မှတ်တမ်းတွေ ပိုင်ဆိုင်ခဲ့ရပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုလည်း ထုတ်ပယ်ဖို့ အထိ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ယူနိုက်တက်က တန်ဟက်ဂ်ကို စာချုပ်ချုပ်ကာ ဆက်ထိန်းထားခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မှာလည်း စနစ်တကျ ကစားသမား ခေါ်ယူ အားဖြည့်မှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပွဲသာ ကစားခဲ့ရတဲ့ မက်ဂွိုင်းယား ကလည်း အသင်း ကနေ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကောလာဟလတွေကို အင်္ဂလန် နောက်ခံလူက အဆုံးသတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မက်ဂွိုင်းယားဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ ယူရို ၂၀၂၄ အပါအဝင် ရာသီ နောက်ဆုံး ပွဲစဉ် တော်တော်များများကို ဒဏ်ရာကြောင့် လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ရာသီကြို ခြေစမ်းပွဲတွေ ကစားဖို့ အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ်မှာ ရောက်ရှိနေပြီး အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မက်ဂွိုင်းယားက အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယားရဲ့ ပြောကြားချက်အရ သူ့အနေနဲ့ လွန်ခဲ့တဲ့ လအနည်းငယ်က စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားခဲ့ရပြီး သူ့ရဲ့ ကစားသမားဘဝ အခက်ခဲဆုံး အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။

မက်ဂွိုင်းယားက “ကျွန်တော်ဟာ တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ အခက်ခဲဆုံး အခိုက်အတန့်တွေလည်း ဖြစ်နိုင်ပါတယ်။”

“ကျွန်တော်ဟာ အမြင့်ဆုံးအဆင့်မှာ ဖျော်ဖြေဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေပြီလို့ ခံစားရပါတယ်။ နောက်ပြီး ဒဏ်ရာနဲ့ ကြုံခဲ့ရတဲ့ ဆုတ်ယုတ်မှုတွေ အပြီးမှာ ပြန်လည် ရင်ဆိုင်ရပါတော့မယ်။ ဒါဟာ ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့်တွေ ဖြစ်ခဲ့တာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ ၂၀၁၉ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် လက်စတာစီးတီး ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ပွဲပေါင်း ၂၀၀ ကျော် ကစားထားသူ ဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ နောက်ပိုင်း နှစ်တွေမှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဘက်ဘက်မှာ ကျဆင်းခဲ့တာကြောင့် လှောင်ပြောင် ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်