နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟယ်ရီကိန်းနဲ့ သတင်းတွေ ထွက်လာတဲ့ ယူနိုက်တက်၊ PSV တောင်ပံ ကစားသမားကို ထပ်မံ ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဟယ်ရီကိန်းနဲ့ သတင်းတွေ ထွက်လာတဲ့ ယူနိုက်တက်၊ PSV တောင်ပံ ကစားသမားကို ထပ်မံ ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး စတဲ့ သတင်းတွေ အပါအဝင် ဇန်နဝါရီ ၂၁ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်းနဲ့ သတင်းတွေ ထွက်လာတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ စပါးနဲ့ အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ မဖြစ်နိုင်တော့တာကို သိထားတဲ့ ဟယ်ရီကိန်း ကလည်း အသင်း ပြောင်းရွှေ့ဖို့ကို စိတ်ဝင်စားနေပြီး ယူနိုက်တက်က ကမ်းလှမ်းလာမှာကို မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး 2.13
တော့တင်ဟမ် ဟော့စပါး အာရှ ဟန်းဒီးကပ် -0.25 @ 1.88
ဂိုးပေါ် 2.75 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပါး ကတော့ သူတို့ တိုက်စစ်မှူးကို ရောင်းချချင်မှာ မဟုတ်ပေမယ့် ကစားသမား ဘက်က ဆန္ဒပြင်းပြနေရင်တော့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။ ကိန်း အတွက် ပေါင် သန်း ၁၀၀ အထိ ရရှိမယ် ဆိုရင် စပါး ဥက္ကဌ ဒန်နီ လီဗိုင်းက လက်လွှတ်ခံနိုင်တယ်လို့ အင်္ဂလန် မီဒီယာတွေက ဖော်ပြနေကြပြီး နွေရာသီမှာ ယူနိုက်တက်က ကမ်းလှမ်းနိုင်တယ် လို့လည်း ခန့်မှန်းနေကြပါတယ်။

ကိန်းက လာမယ့် ရာသီ ဆိုရင် အသက် ၃၀ ပြည့်တော့မှာ ဆိုပေမယ့် ဒါက ပြဿနာ တစ်ခုတော့ မဟုတ်သေးပါဘူး။ သူ့ရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှု၊ ခန္ဓာကိုယ် တည်ဆောက်မှုအပိုင်းက အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ တစ်ရာသီကို လိဂ်ဂိုး ၂၀လောက် အထိ သွင်းယူနိုင်မယ့် တိုက်စစ်မှူးမျိုး ဖြစ်ပြီး ယူနိုက်တက် အတွက် အမှန်တကယ် လိုအပ်နေတာမျိုး ဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရပါတော့မယ်။


PSV တောင်ပံကစားသမားကို ထပ်မံ ခေါ်ယူနိုင်ခဲ့တဲ့ ချဲလ်ဆီး

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား သစ်တွေ ဆက်တိုက် ခေါ်ယူနေတဲ့ ချဲလ်ဆီး ကတော့ လက်ရှိ မှာလည်း နယ်သာလန် ကလပ် ပီအက်စ်ဗွီရဲ့ တောင်ပံ ကစားသမား နိုနီ မာဒူကီကို ထပ်မံ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ မာဒူကီဟာ ကွင်းလယ် တိုက်စစ်နေရာ မှာလည်း ကစားနိုင်ပြီး သူ့ကို ၇ နှစ်ခွဲ စာချုပ်ချုပ်ဆိုခဲ့တာပါ။

ချဲလ်ဆီးက သူ့အတွက် ပေါင် ၂၆ သန်း အထိ အသုံးပြုခဲ့ရပြီး မာဒူကီဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ အကယ်ဒမီတွေမှာ ဘောလုံး ပညာသင်ယူခဲ့ဖူးသူ ဖြစ်ပါတယ်။ “ အင်္ဂလန်ကို ပြန်လာရပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့က ကျနော့် အိပ်မက်ပါ၊ အသင်းနဲ့ အတူ စတင်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး၊ အနာဂတ် အတွက် ကျနော် စိတ်လှုပ်ရှားနေပါပြီ” လို့ မာဒူကီက ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးဟာ ရှက်တာဒိုးနတ် လူငယ် ကြယ်ပွင့် မီခိုင်လို မူဒရစ် ကိုလည်း ယူရိုသန်း ၁၀၀ ပေးကာ ခေါ်ယူထားခဲ့ပြီး မိုနာကို နောက်ခံလူ ဘာဒီယာရှီလေ၊ မိုလ်ဒီ တိုက်စစ်မှူး ဖိုဖန်နာ၊ အက်တလက်တီကို တိုက်စစ်မှူး ယာအို ဖိလစ်နဲ့ ဗက်စကို ဒဂါးမားက အန်ဒရေ ဆန်းတို့စ် ကိုလည်း ခေါ်ယူထားကာ အပြောင်းအရွှေ့ စျေးကွက်မှာ ပွဲကြမ်းနေတာလည်း ဖြစ်ပါတယ်။


အီလန်ဂါကို ခေါ်ယူနိုင်ဖွယ် မရှိတဲ့ ဒေါ့မွန်

မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံ တိုက်စစ် ကစားသမား အန်တိုနီ အီလန်ဂါကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်လီဂါ ကလပ် ဒေါ့မန်က စိတ်ဝင်စားနေပေမယ့်လည်း ခေါ်ယူနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။ အီလန်ဂါကို အငှားနဲ့ ခေါ်ယူဖို့ ဒေါ့မန်က စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ယူနိုက်တက် လူငယ် အကယ်ဒမီက ထွက်ပေါ်လာတဲ့ ကစားသမား ကလည်း ပုံမှန် ကစားခွင့်ရဖို့ အလိုရှိနေတာပါ။

အီလန်ဂါက ယူနိုက်တက်မှာ လူစားဝင် ကစားသမား အဖြစ်နဲ့သာ ရှိနေပြီး ပွဲချိန် များများစားစား ကစားခွင့်ရမယ့် အသင်း တစ်သင်းကို ပြောင်းရွှေ့ချင်နေတယ် လို့လည်း ဆိုပါတယ်။ ဒါပေမယ့် တန်ဟက်ဂ် ကတော့ သူ့ရဲ့ ကစားသမားကို အငှားနဲ့ပြောင်းရွှေ့ခွင့် ပေးမှာ မဟုတ်ဘဲ အသင်းမှာသာ ဆက်လက် ရှိနေစေချင်တယ်လို့ သိရပါတယ်။

အီလန်ဂါက သူ့လက်အောက်မှာ တိုးတက်လာမယ့်သူ တစ်ဦးလို့ တန်ဟက်ဂ်က ရှုမြင်ထားတာ ဖြစ်ပါတယ်။ ဒီကစားသမားကို ပုံမှန် ကစားခွင့် သူ မပေးနိုင်ပေမယ့်လည်း လိုအပ်လာတဲ့ အချိန်မှာ အားကိုးရမယ့်သူ အဖြစ်နဲ့လည်း သတ်မှတ်ထားပြီး ပွဲထွက်ခွင့် ရလာတဲ့ အထိ ခြေစွမ်းပြနိုင်ဖို့ကို ကူညီပေးချင်နေတယ် လို့လည်း သိရပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်