နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်ကို မပြောင်းချင်တဲ့ ယိုကီးရက်စ် | ပရီးမီးယားလိဂ်

ပို့တင်းလစ္စဘွန်း အသင်းရဲ့ ဆွီဒင် တိုက်စစ်မှူး ဗစ်တာ ယိုကီးရက်စ် ကတော့ ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာရဲ့ စိတ်ဝင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ ယိုကီးရက်စ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ စပို့တင်းလစ္စဘွန်း ကနေ ထွက်ခွာဖို့ သေချာသလောက် ရှိနေတယ်လို့ သိရပါတယ်။

ယိုကီးရက်စ် အနေနဲ့ သူပြောင်းရွှေ့လိုတဲ့ ပရီးမီးယားလိဂ် ကလပ် ၃ သင်း ရှိနေတယ်လို့ သိရပြီး အဲဒီအထဲ မှာတော့ သူ့ကို ခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုက်တက် မပါဝင်ဘူးလို့ သိရပါတယ်။ နည်းပြ ရူဘင် အမော်ရင် ကတော့ စပို့တင်းလစ္စဘွန်းမှာ သူ အရောင်တင်ပေးခဲ့တဲ့ ယိုကီးရက်စ်ကို မန်ချက်စတာယူနိုက်တက်ဆီ ခေါ်ယူချင်နေပြီး အသင်း တာဝန်ရှိသူတွေကိုပါ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယိုကီးရက်စ်က ချန်ပီယံလိဂ် ကစားခွင့်ရတဲ့ အသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတာကြောင့် ယူနိုက်တက်တို့ ခက်ခဲနေရတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေတာကြောင့် လိဂ် အဆင့်ရပ်တည်မှု အရ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေပါ။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ ယူရိုပါလိဂ်မှာ ဗိုလ်စွဲခဲ့ရင်တော့ ချန်ပီယံလိဂ် တိုက်ရိုက် ဝင်ခွင့်ရနိုင်မယ့် အခွင့်အလမ်း တစ်ခုတော့ ပိုင်ဆိုင်ထားပါသေးတယ်။

ယိုကီးရက်စ် အနေနဲ့ သူပြောင်းရွှေ့လိုတဲ့ ပရီးမီးယားလိဂ် ကလပ် ၃ သင်း ရှိနေတယ်လို့ သိရပြီး အဲဒီအထဲ မှာတော့ သူ့ကို ခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုက်တက် မပါဝင်ဘူးလို့ သိရပါတယ်။
နှစ်ရာသီ ဆက်တိုက် ဂိုးတွေ သွင်းပြီး ခြေစွမ်းပြနေတဲ့ ယိုကီးရက်စ်

အသက် ၂၆ နှစ် အရွယ် ဆွီဒင် လက်ရွေးစင် တိုက်စစ်မှူး ယိုကီးရက်စ် ကတော့ ဘရိုက်တန်၊ ဆွမ်ဆီး၊ ကိုဗင်ထရီ တို့မှာ ကစားခဲ့ဖူးပြီးတော့ လက်ရှိ မှာတော့ အင်္ဂလန်ကို ပြန်လာဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ စပို့တင်းလစ္စဘွန်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးတော့ အသင်း အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၉၀ မှာ ၈၂ ဂိုး အထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတာ ဖြစ်ပါတယ်။ ယိုကီးရက်စ်ဟာ ဂိုးပဲ သွင်းနိုင်တဲ့ တိုက်စစ်မှူး မဟုတ်ပဲ ဂိုးဖန်တီးမှုတွေပါ ပြုလုပ်နိုင်သူ ဖြစ်တာကြောင့် သူ့ကို ဥရောပထိပ်တန်း ကလပ်များစွာက ခေါ်ယူချင်နေခဲ့တာ ဖြစ်ပါတယ်။ ဆွီဒင်သားက ပြီးခဲ့တဲ့ ရာသီမှာ စပို့တင်း အတွက် ပွဲပေါင်း ၅၀ ကစားပြီး ၄၃ ဂိုး သွင်းကာ ၁၄ ဂိုး ဖန်တီးပေးခဲ့သလို ဒီရာသီ မှာတော့ ပွဲ ၄၀ ကစားပြီး ၃၉ ဂိုး သွင်းကာ ၈ ဂိုး ဖန်တီးပေးထားပါတယ်။

ဒါပေမယ့်လည်း ယိုကီးရက်စ် ရရှိခဲ့တဲ့ သွင်းဂိုး အများစု ကတော့ လက်ရှိ မန်ချက်စတာယူနိုက်တက် နည်းပြ ရူဘင် အမော်ရင် စပို့တင်းကို ကိုင်တွယ်ခဲ့စဉ်က ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် နည်းပြ အမော်ရင်က ယိုကီးရက်စ်နဲ့ အိုးထရက်ဖို့ဒ်မှာ ပြန်လည် စုံစည်းဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမား ကတော့ ယူနိုက်တက်ဆီ လုံးဝ ပြောင်းရွှေ့လိုခြင်း မရှိကြောင်း သိရပါတယ်။ 

ပေါ်တူဂီ သတင်းစာ A Bola ရဲ့ ဖော်ပြချက်အရတော့ ယိုကီးရက်စ် အနေနဲ့ လစ်ဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ် တို့ထဲက တစ်သင်းသင်းဆီသာ ပြောင်းရွှေ့လိုနေကြောင်း ဖော်ပြထားပါတယ်။ စပို့တင်းလစ္စဘွန်း ကတော့ ယိုကီးရက်စ်ကို လာမယ့် နွေရာသီမှာ ယူရို သန်း ၇၀ နဲ့ ရောင်းချဖွယ်ရှိနေကြောင်းလည်း သိရပါတယ်။ တကယ်တော့ ယူရို သန်း ၇၀ ဆိုတဲ့ ပမာဏဟာ အပေါ်က ၃ သင်း အတွက် မများတဲ့ ပမာဏ ဖြစ်တာကြောင့် ကစားသမားရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကကျဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်