နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အမှတ်ပေးချန်ပီယံ ပြေးလမ်းမှာ ဆက်ရှိနေဖို့ လစ်ဗာပူးလ်ကို အနိုင်ရဖို့ လိုအပ်ကြောင်း ပြောလာတဲ့ ဂွန်ဒိုအန် | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့ပြီးတော့ အခု တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ မှာလည်း လစ်ဗာပူးလ်ကို အန်ဖီးလ်ကို သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသင်းရဲ့ ဝါရင့် ဂျာမနီ ကွင်းလယ်လူ အိုင်ခေး ဂွန်ဒိုအန်က သူတို့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံ ပြေးလမ်းမှာ ဆက်ရှိနေဖို့ အတွက်ဆိုရင် လစ်ဗာပူးလ်ကို မဖြစ်မနေ အနိုင်ယူသွားရမယ်လို့ ဝန်ခံ ပြောကြားလာခဲ့ပါတယ်။

အဆိုပါ ပွဲနဲ့ ပတ်သက်ပြီးတော့ ဂွန်ဒိုအန် က “ချန်ပီယံ ပြေးလမ်းပေါ်မှာ ဆက်ပြီး ရှိနေဖို့ အတွက် ဒီပွဲကို မဖြစ်မနေ အနိုင်ယူရပါလိမ့်မယ်။ အကယ်၍ ၁၁ မှတ် ကွာဟသွားမယ် ဆိုရင်တော့ ဒါက ကွာဟချက် ကြီးမားသွားစေပါလိမ့်မယ်။ ဘောလုံး ရာသီက အစပိုင်းပဲ ရှိနေပါသေးတယ်။ ကစားရမယ့် ပွဲတွေ ကလည်း အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့ အသင်း ဘက်တင် မဟုတ်ဘဲ တခြား အသင်းတိုင်း မှာလည်း အများကြီး ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် တို့က ကိုယ့်အသင်း ကိုပဲ ကြည့်ပြီးတော့ တက်နိုင်သမျှ မြန်နိုင်သမျှ ပိုကောင်းအောင် ကြိုးစားရမယ် ဆိုတာ ထင်ရှားပါတယ်။ ခက်ခဲမယ့် ပွဲတစ်ပွဲ အတွက် တက်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်သွားရပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

မန်စီးတီးဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ မှာပဲ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး ဒီပွဲက မန်စီးတီးရဲ့ ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ ဖြစ်ထားတဲ့ ဂွန်ဒိုအန်

ပပ် ဂွါဒီယိုလာရဲ့ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးဟာ အမှတ်ပေးပြိုင်ပွဲ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ပြီး ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၈ မှတ် အထိ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ ပွဲ ဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး နိုဝင်ဘာ တစ်လလုံး လုံးဝ နိုင်ပွဲ မရှိခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ မှာပဲ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပြီး ဒီပွဲက မန်စီးတီးရဲ့ ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် အဆုံးအဖြတ် ဖြစ်လာနိုင်တဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။ 

လစ်ဗာပူးလ် ကတော့ နည်းပြသစ် အာနေး ဆလော့တ် လက်ထက်မှာ အကောင်းဆုံး ပုံစံ တစ်ခုကို ပိုင်ဆိုင်ထားပြီးတော့ ဒီရာသီမှာလည်း ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ လစ်ဗာပူးလ်ဟာ နော့တင်ဟမ်ဖောရက်စ် တစ်သင်းထဲကိုသာ ရှုံးနိမ့်ထားခဲ့ပြီးတော့ ကျန် ပွဲစဉ် အားလုံးမှာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗာပူးလ်က ချန်ပီယံလိဂ် မှာလည်း လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူထားခဲ့ပြီး အကောင်းဆုံး ပုံစံကို ပြသနေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ အခုရာသီ ချန်ပီယံလိဂ်ရဲ့ တစ်သင်း တည်းသော ရာနှုန်းပြည့် နိုင်ပွဲ ရထားတဲ့ အသင်း အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်