နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေ့စဉ် လုပ်ကိုင်နေရတဲ့ မန်နေဂျာ အလုပ်ကို ချစ်မြတ်နိုးဆဲ ဖြစ်ကြောင်း ပြောလာတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ နေ့စဉ် လုပ်ကိုင်နေရတဲ့ မန်နေဂျာ အလုပ်ကို ချစ်မြတ်နိုးနေဆဲ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဂွာဒီယိုလာက အဲဒီ ခံစားချက် မရှိတော့ရင်တော့ ဘောလုံးလောက ကနေ အနားယူမှာ ဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ပပ် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကတော့ နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီးတော့ ၂၀၂၅ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် အသင်းရဲ့ နည်းပြဟောင်း ယာဂန် ကလော့ပ် ကတော့ ရက်ဘူးလ် အုပ်စုရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအရာရှိ အဖြစ် ခန့်အပ်ခံခဲ့ရတာကြောင့် ဂွါဒီယိုလာ ကိုလည်း ကလော့ပ်လို ပြောင်းလဲ ဆောင်ရွက်ဖွယ် ရှိမရှိကို မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ကျွန်တော်က မြက်ခင်းစိမ်းတွေကို သဘောကျပါတယ်။ လည်စည်းတပ်ပြီး နေရတဲ့သူမျိုး ဖြစ်ရတာကို မကြိုက်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်တော့် မန်နေဂျာ အလုပ်ကို တော်တော်လေး ဝေဖန်ဖြစ်မှာပါ။ ကျွန်တော် မလုပ်နိုင်ပါဘူး။ ကျွန်တော့် အလုပ်ကို သဘောကျတယ်လို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆုဖလားတွေ အကြောင်း ပြောရရင် ဒီကို ရောက်လာချိန်မှာ အခုလို ဖြစ်မယ်လို့ လုံးဝ မမျှော်လင့်ထားပါဘူး။ တီကီ (ဘောလုံးဒါရိုက်တာ ဘီဂီရီစတိန်း) ကိုယ်စား ပြောတာ မဟုတ်ပေမယ့် ကျွန်တော်နဲ့ တီကီက ဒီကို ရောက်လာတဲ့ အချိန်မှာ အခုလိုမျိုး လုံးဝ မမျှော်လင့်ထားပါဘူး။ မနက်လင်းရင် အလုပ်လာရတာကို ကျွန်တော် သဘောကျနေတုန်းပဲ။ လေ့ကျင့် ပြင်ဆင်မှု လုပ်ရမှာတွေ၊ ကျွန်တော် မြင်ရတဲ့ ဓာတ်ပုံတွေ အကြောင်း ကစားသမားတွေကို ပြောရမှာတွေ တွေးနေတယ်။ အဲဒါကို သဘောကျနေတုန်းပါပဲ။ ဒါက ကျွန်တော် မန်နေဂျာ တစ်ယောက် ဖြစ်ရတဲ့ အဓိက အကြောင်းရင်းပါ။ အဲဒီလို မခံစားရတော့ဘူး ဆိုရင် မန်စီးတီးမှ မဟုတ်ဘဲ မန်နေဂျာ တစ်ယောက် ဖြစ်နေတော့မှာ မဟုတ်ဘူး။ လေ့ကျင့်မှုလည်း လုပ်ဖြစ်မှာ မဟုတ်ဘူး။ အဲဒါ သေချာပါတယ်။”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ပပ် ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကတော့ နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေပြီးတော့ ၂၀၂၅ ခုနှစ် နွေရာသီမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ပျော်ရွှင်နေတဲ့ မန်နေဂျာ အလုပ်ကို ဆက်လုပ်သွားဦးမယ့် ဂွာဒီယိုလာ

ဒါ့အပြင် ပရီးမီးယားလိဂ် ချန်ပီယံဆု ၁၃ ကြိမ် ရရှိထားတဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ မှတ်တမ်းနဲ့ ပတ်သက်ပြီးတော့လည်း ဂွာဒီယိုလာက “ကမ္ဘာတစ်ဝန်းလုံးနဲ့ ဒီနိုင်ငံမှာ ဆာ အဲလက်စ် ဖာဂူဆန် က အတော်ဆုံးပါ။ သမိုင်း တစ်လျှောက် အရေးပါဆုံး မန်နေဂျာ တစ်ယောက်ရဲ့ မှတ်တမ်းအနီးမှာ ရှိနေဖို့ ဆိုတာ လုံလောက်တာထက် ပိုပါတယ်။ အဲဒါက ကျွန်တော့် အတွက်၊ ဝန်ထမ်းတွေ အားလုံး အတွက်၊ လက်ထောက်တွေ အားလုံးနဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေ အားလုံး အတွက် မယုံနိုင်လောက်တဲ့ ဂုဏ်ယူစရာပါပဲ။ ကျွန်တော့်မှာ ရှိတဲ့ ကစားသမားတွေ၊ လက်ထောက် မန်နေဂျာတွေ၊ လက်ထောက် နည်းပြတွေကြောင့် ကျွန်တော်က အကောင်းဆုံး မန်နေဂျာ တစ်ယောက် ဖြစ်တာလို့ ပြောလာတဲ့ အချိန်မှာ ကျွန်တော်တို့မှာ ရှိနေတာတွေက အများကြီးပါပဲ။ သူတို့ အားလုံးက ငါတို့ တော်တယ်၊ ကောင်းတယ် ဆိုတဲ့ ခံစားချက်ကို ဖန်တီးထားတာပါ။ အဲဒါက လုံလောက်ပါတယ်။” လို့ ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်