နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီရဲ့ ဒဏ်ရာကို အကြောင်းပြချက် ပေးသွားမှာ မဟုတ်ဘူး ဆိုတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ ရိုဒရီ ဒဏ်ရာ ရရှိသွားခြင်းကို အကြောင်းပြချက် တစ်ခု အနေနဲ့ အသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောဆိုလာခဲ့ပါတယ်။ မန်စီးတီးဟာ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်မှာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုဒရီ ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရတော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီအခြေအနေကို ဂွာဒီယိုလာက အကြောင်းပြချက် တစ်ခု အနေနဲ့ အသုံးချသွားမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် ကွင်းလယ် ခံစစ် ကစားသမား ရိုဒရီဟာ ပြီးခဲ့တဲ့ ရက်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အစောပိုင်း ပွဲချိန် အတွင်း ACL ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ အာဆင်နယ် ကွင်းလယ်လူ သောမက်စ် ပါတေးနဲ့ ထိခိုက်မိခဲ့တာ ဖြစ်ပြီး မက်တေယို ကိုဗာချစ်နဲ့ ချက်ချင်းပဲ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

ရိုဒရီ အနေနဲ့ မကြာခင်မှာ ဆေးစစ်မှုတွေ ထပ်မံ လုပ်ဆောင်ရဖို့ ရှိနေသေးပေမယ့် ACL ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာ ဖြစ်ဖို့ အလားအလာ များနေသလို ရာသီကုန်အထိ အနားယူသွားရဖွယ် ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍ ရိုဒရီစာ ACL ဒဏ်ရာ အမှန်တကယ် ရရှိခဲ့မယ် ဆိုရင်တော့ ကစားသမား အတွက်ရော၊ ကလပ် အသင်း၊ နိုင်ငံ အသင်းတွေ အတွက်ပါ နစ်နာစရာတွေ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

မန်စီးတီး ကတော့ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် နယူးကာဆယ်နဲ့ အဝေးကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နေတဲ့ မန်စီးတီး

အဓိက ကတော့ ရိုဒရီဟာ မန်စီးတီးရဲ့ ၅ နှစ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံ အိမ်မက် အတွက် အဓိကကျနေတာလည်း ဖြစ်ပါတယ်။ မန်စီးတီးဟာ ရိုဒရီ မပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ ရမှတ် ဆုံးရှုံးမှု ပိုများတက်တာ ကလည်း မန်စီးတီး အတွက်တော့ အားနည်းချက် ဖြစ်လာဖို့ ရှိနေတာပါ။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာ ကတော့ “ကျွန်တော်တို့ အခုထိတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ရိုဒရီ ကတော့ အချိန် အတော်ကြာ နားရပါလိမ့်မယ်။ ကျွန်တော် မျှော်လင့်ထားတာထက်တော့ လျော့နည်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။”ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ရိုဒရီက“အခုတော့ သူ့ဆီ ကနေရော ဆရာဝန်ဆီ ကနေပါ ဆက်သွယ်လာခြင်း မရှိသေးလို့ အတိအကျ မပြောနိုင်သေးပါဘူး။ ဘယ်လို ခွဲစိတ်မှုမျိုး ခံယူရမလဲ ဆိုတာ ကလည်း မသိ သေးပါဘူး။ ဒီလို ဖြစ်ရပ်မျိုးကို ကျွန်တော်တို့ မလိုချင်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့မှာ ကောင်းမွန်တဲ့ ဘောလုံးရာသီ တစ်ခု ရှိနေဆဲပါပဲ။ ကျွန်တော့် ကစားသမားတွေ ကိုလည်း အများကြီး ယုံကြည်ပါတယ်။ ကျွန်တော့် မှာလည်း ဒါကို အဖြေ ရှာဖို့ တာဝန်ရှိပါတယ်။ ရိုဒရီက အစားထိုးမရတဲ့ ကစားသမား ဖြစ်ပြီးတော့ အသင်း ကလည်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ မပါဝင်ဘဲ အကြာကြီး ကစားနိုင်မှာ မဟုတ်လို့ ဒါက ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ ဘောလုံး မှာတော့ ဒါတွေက ဖြစ်တတ်ပါတယ်။ ရိုဒရီ မပါနိုင်တာက ပြဿနာ ဆိုပေမယ့် ဒါက ဆင်ခြေပေးစရာ မဟုတ်ပါဘူး။ နှစ်အတော်ကြာ အောင် ပြိုင်ဆိုင်ခဲ့သလိုမျိုး ဆက်လက် ပြိုင်ဆိုင်နိုင်ဖို့ပဲ အဖြေရှာသွားရပါမယ်။” လို့ ဂွာဒီယိုလာက ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီး ကတော့ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် နယူးကာဆယ်နဲ့ အဝေးကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်