နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်စီးတီးရဲ့ အရင်လို အဆင့်အတန်းမျိုး ပြန်မရသေးကြောင်း ဖွင့်ဟလာတဲ့ ဂွါဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး ကတော့ ဒီတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၁၉ မှာလည်း လက်စတာစီးတီးကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးတော့ နှစ်ပွဲဆက် နိုင်ပွဲနဲ့ အတူ ရလဒ် ဆိုးတွေ အောက်ကနေ ရုန်းထွက်ထားနိုင်တာ ဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ ပပ် ဂွါဒီယိုလာ ကတော့ ဝက်စ်ဟမ်းကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရတဲ့ ပွဲအပြီးမှာ အရင်လို မန်စီးတီး အသင်းမျိုး ပြန်မရသေးကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော် တို့ရဲ့ အဆင့်ကို နှစ်ပေါင်းများစွာ တွေ့မြင်ခဲ့ကြပြီးပြီ။ အခု ကျွန်တော် တို့ရဲ့ အဆင့်ကို ပြန်မရောက်သေးပါဘူး။ ကျွန်တော်တို့ အနိုင်ရခဲ့တယ်။ ဒါကြောင့်လည်း အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ဒါက ကျွန်တော် တို့ကို အကူအညီ ဖြစ်စေမှာပါ။ ဒါပေမယ့် ပရိသတ်တွေ ကတော့ ကျွန်တော် တို့ကို ရလဒ်တွေနဲ့ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်တွေက မကောင်းပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ချိန်မှာ ကစားတာ ကောင်းတယ် ဆိုတာ သိပါတယ်။ အရင်က မန်စီးတီး ပြန်လာပြီလား လိုတော့ ကျွန်တော့်ကို မမေးကြပါနဲ့။ ပွဲကို ကြည့်ဖြစ်ရင် ကျွန်တော်တို့ ပြန်မလာသေးဘူး ဆိုတာ သိသာပါတယ်။ ဒီလို ပြိုင်ဘက်တွေနဲ့ ပွဲတွေမှာ နှစ်ပေါင်း များစွာ ကျွန်တော်တို့ ဘာတွေ လုပ်ပြခဲ့နိုင်သလဲ ဆိုတာ အကြိမ်ကြိမ် တွေ့မြင်ခဲ့ရပါလိမ့်မယ်။ ကျွန်တော်တို့ အဲဒီ အဆင့်ကို မရောက်သေးပါဘူး။ အဲဗာတန်နဲ့ သရေကျတဲ့ ပွဲက ကျွန်တော်တို့ အခုပွဲ ကစားတာထက် ပိုကောင်းခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။  

အခုလို နိုင်ပွဲတွေ ပြန်လည် ရရှိခဲ့တဲ့ မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့တော့ ၂ မှတ်သာ ကွာဟနေပါတယ်။
အမှတ်ပေးဇယား အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၂ မှတ်သာ ကွာဟနေတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးဟာ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေခဲ့ပြီးတော့ အခက်အခဲဆုံး ကာလကို ကျော်ဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးက ပရီးမီးယားလိဂ် ၂ ပွဲဆက် ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ပြန်လာပြီ ဖြစ်ကြောင်း အများစုက သုံးသပ်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဂွါဒီယိုလာ ကတော့ သူ့အသင်းရဲ့ လက်ရှိ ခြေစွမ်းကို အားမရသေးပဲ အသင်းရဲ့ မူလ အဆင့်အတန်းကို ပြန်လည် ရောက်ရှိဖို့ ခရီးရှည်ကြီး ဖြတ်သန်းရဦးမယ်လို့လည်း မှတ်ချက်ပြုခဲ့ပါသေးတယ်။ 

မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား ဆိုဖယ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူတဲ့ ဂိုး အပါအဝင် ဟာလန်း (၂ ဂိုး)၊ ဖိုဒန် တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးရဲ့ နိုင်ပွဲတွေ အတွက် အဓိကကျခဲ့တဲ့ နောက်ထပ် ကစားသမား တစ်ဦး ကတော့ တောင်ပံ ကစားသမားလေး ဆာဗင်ဟို ဖြစ်ပြီး ဒီဘရာဇီးလ်သားက နောက်ဆုံး ၂ ပွဲမှာ ၁ ဂိုးသွင်းကာ ၃ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ အခုလို နိုင်ပွဲတွေ ပြန်လည် ရရှိခဲ့တဲ့ မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့တော့ ၂ မှတ်သာ ကွာဟနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်