နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၁၀ နှစ်လောက် အိုသွားသလို ခံစားရတယ် ဆိုတဲ့ ဂွာဒီယိုလာ၊ ချဲလ်ဆီးနဲ့ ၂ နှစ် သက်တမ်း တိုးလိုက်တဲ့ ဘန် ချေးဝဲလ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

၁၀ နှစ်လောက် အိုသွားသလို ခံစားရတယ် ဆိုတဲ့ ဂွာဒီယိုလာ၊ ချဲလ်ဆီးနဲ့ (၂) နှစ် သက်တမ်းတိုးလိုက်တဲ့ ဘန် ချေးဝဲလ် အစရှိတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၂ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အသက် (၁၀) နှစ်လောက် အိုမင်းသွားသလိုပဲလို့ ဖွင့်ဟခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီး နည်းပြ ပက်ပ်ဂွါဒီယိုလာက ဘေယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်က တောင်းဆိုမှု များပြားလွန်းခဲ့ပြီး အသက် (၁၀) နှစ်လောက် အိုစာသွားသလို ခံစားရကြောင်း ဖွင့်ဟလာပါတယ်။ 

မန်စီးတီး အိမ်ကွင်း အီတီဟတ်မှာ ကစားခဲ့တဲ့ ဒီပွဲက ပွဲကြီး ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်က ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ အာလင်း ဟာလန်း တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီလိုမျိုး ပထမအကျော့ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့်လည်း မန်စီးတီးတို့ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့က တော်တော်လေး ရာခိုင်နှုန်းများသွားခဲ့ပါတယ်။ 

ပွဲအပြီး မှာတော့ ဂွါဒီယိုလာက ဒီပွဲက သက်သောင့်သက်သာ မရှိခဲ့ကြောင်း၊ ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာအရ ပျက်စီးခဲ့ပြီး အသက် (၁၀) နှစ်လောက် အိုမင်းသွားသလို ခံစားရကြောင်း၊ ဒီပွဲက တောင်းဆိုမှု များပြားတဲ့ ပွဲဖြစ်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

စီးရီးအေ
နာပိုလီ
ဟဲလက်စ် ဗာရိုနီကာ
1X2 သရေ @ 3.60
နာပိုလီ အာရှ ဟန်းဒီးကပ် -1.25 @ 2.00
ဂိုးပေါ် 2.50 @ 1.98
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ ချဲလ်ဆီးရဲ့ အဓိက,ကစားသမားတွေ ပြန်ကစားနိုင်ဖို့ ရှိနေ

ချဲလ်ဆီးရဲ့ ကစားသမား နှစ်ယောက် ဖြစ်တဲ့ ကွင်းလယ်လူ မေဆန် မောင့်နဲ့ ဝါရင့် နောက်ခံလူ သီယာဂို ဆေးလ်ဗား တို့ဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဥ်မှာ ပြန်လည် ပါဝင်လာမှာ ဖြစ်ကြောင်း နည်းပြ ဖရန့်ခ် လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

ဒီကစားသမား နှစ်ယောက်ဟာ ဒဏ်ရာ ပြဿနာတွေကြောင့် လာမယ့် ပွဲမှာ ပါဝင်ကစားဖို့ မသေချာခဲ့ကြပေမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမတိုင်ခင် နောက်ဆုံး လေ့ကျင့်ခန်း အစီအစဥ်မှာ ပြန်လည် ပါဝင်နိုင်ခဲ့ကြပါတယ်။ 

ဒါ့အပြင် ဝုဗ်ကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကို လွဲချော်ခဲ့ကြတဲ့ ဆီဇာ အက်ဇ်ပီလီကွီတာ၊ အန်ဂိုလို ကန်တေ တို့လည်း အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့တာကြောင့် ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ 

ချန်ပီယံလိဂ်ပွဲကို လွဲချော်နိုင်မယ့် ကစားသမား နှစ်ယောက် ကတော့ တိုက်စစ်မှူး အာမန်ဒို ဘရိုဟာနဲ့ တတိယဂိုးသမား မားကပ်စ် ဘတ်တီနယ်လီ တို့သာ ရှိပြီး ကစားသမား စာရင်းမှာ မပါဝင်တဲ့ ပီရီ အမ်းမရစ်ခ် အော်ဘာမီယန်း၊ ဖိုဖာနာ တို့ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲကို လုံးဝ လွဲချော်သွားမှာ ဖြစ်ပါတယ်။ 


ချဲလ်ဆီးနဲ့ (၂) နှစ် သက်တမ်းတိုးလိုက်တဲ့ ဘန် ချေးဝဲလ်

အသက် (၂၆) နှစ် အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးက စိတ်ဝင်စားလာတာကြောင့်လည်း ချဲလ်ဆီးတို့ လျင်လျင်မြန်မြန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
မန်စီးတီးရဲ့ ပစ်မှတ် ဘန်ချေးဝဲလ်ကို သက်တမ်းတိုးနိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ အသင်းရဲ့ ဘယ်နောက်ခံလူ ဘန် ချေးဝဲလ်ကို (၂၀၂၇) ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်သစ် တစ်ရပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ 

အဆိုပါ အင်္ဂလန် လက်ရွေးစင် ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ်မှာ လက်စတာစီးတီး ကနေ ချဲလ်ဆီးကို ရောက်ရှိလာခဲ့ပြီး အသင်းနဲ့ အတူ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလား၊ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

အသက် (၂၆) နှစ် အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်ရဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးက စိတ်ဝင်စားလာတာကြောင့်လည်း ချဲလ်ဆီးတို့ လျင်လျင်မြန်မြန်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။ 

ဒီအကြောင်း ကိုလည်း အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက် ကနေ တစ်ဆင့် ကြေညာခဲ့ပြီး ကစားသမား ကိုယ်တိုင်က လည်း အသင်းနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့ အပေါ် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်