နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပေါ်ကပဲ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ် | လိဒ်စ်ယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

လိဒ်စ်ယူနိုက်တက် – တော့တင်ဟမ်ဟော့စပါး

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ရှုံးပွဲ ကိုယ်စီ ကြုံထားတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး လိဒ်စ်ယူနိုက်တက်တို့ တော့တင်ဟမ်ဟော့စပါးကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပြန်ရောက်လာပြီး ဒုတိယရာသီ မှာတင် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရတဲ့ လိဒ်စ်ယူနိုက်တက်တို့ အခုဆိုရင် တန်းဆင်းဇုန် ဖိအားပါ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဘီရဲယ်ဆာရဲ့ နည်းဗျူဟာပိုင်းက မနှစ်က အလုပ်ဖြစ်သလောက် ဒီနှစ် မှာတော့ ပွဲတိုင်းလိုလို နလန်မထူနိုင် ဖြစ်နေပြီး ပွဲစဉ် ၂၅ ပြီးတဲ့ အချိန်အထိ နိုင်ပွဲ ၅ ပွဲသာ ရှာဖွေထားနိုင်ပါသေးတယ်။ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပြီး ရှုံးပွဲ ကလည်း ၄ ပွဲအထိ ရှိထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲမှာ ဆိုရင် အဲဗာတန်ကို ၃-၀၊ မန်ချက်စတာယူနိုက်တက်ကို ၂-၄၊ အဆိုးဆုံး ကတော့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ ၆-၀ ရလဒ်နဲ့ ရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ပွဲထွက်ကစားသမားတွေ မကြာခဏ ဒဏ်ရာ ရနေခြင်းက အသင်း အတွက် အဓိက အားနည်းချက် တစ်ခု ဖြစ်နေပေမယ့် နည်းပြကြီး မာဆယ်လို ဘီရဲယ်ဆာရဲ့ ဗျူဟာပိုင်း ကလည်း တာဝန် မကင်းတာ တွေ့ရပါတယ်။ လက်တလော တန်းဆင်းဇုန်ထဲက ဘန်လေနဲ့ ၃ မှတ်သာ ကွာဟတော့တဲ့ အခြေအနေကြောင့် လိဒ်စ်ယူနိုက်တက်တို့ မဖြစ်မနေ အားစိုက် ရုန်းဖို့ လိုအပ်နေပြီး အခုပွဲမှာ ဘီရဲယ်ဆာရဲ့ အသင်းက ရလဒ်ကောင်းဖို့ ဘယ်လိုပုံစံနဲ့ ကြိုးစားမလဲ ဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။ လက်ရှိ အချိန်ထိ ကယ်ဗင်ဖီးလစ်၊ ပက်ထရစ် ဘမ်းဖို့ဒ်၊ လီယမ် ကူပါးတို့ ဒဏ်ရာက မသက်သာသေးသလို ရော်ဘင် ကော့ချ်နဲ့ ဒီယေဂို ယော်ယန်းတေး တို့လည်း ထပ်နာသွားခဲ့လို့ အခုပွဲကို လွဲချော်ဦးမှာ ဖြစ်ပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ ရောဘတ်စ်၊ ဂျက်ဟာရစ်ဆင်၊ ရိုဒရီဂို၊ ရာဖင်ညာ၊ ဖော်ရှော၊ ရှက်ကယ်လီတန်၊ ဖီယာပို၊ စတျောက်ခ်၊ အေးလင်း၊ ဒါးလက်စ်၊ မက်စ်လေယာ တို့ပါဝင်လာဖွယ် ရှိနေပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ရက်ဂီလောင်း၊ ဟွိုက်ဘယက်ဂျ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ စပါးတို့ အနိုင်ရထားခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

စပါး ကလည်း ကွန်တီ လက်အောက်မှာ တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေတယ်လို့ ပြောရလောက်အောင် ခြေစွမ်းပိုင်းရော၊ ရလဒ်ပိုင်းပါ အတက်အကျ မမှန်ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် ဇယား ထိပ်က မန်စီးတီးလို အသင်းကို အီတီဟတ်မှာ အံ့အားသင့်စရာ ခြေစွမ်းနဲ့ အနိုင်ယူပြခဲ့ပေမယ့် နောက်ပွဲမှာ တန်းဆင်းဇုန်ထဲက ဘန်လေကို ရှုံးနိမ့်ခဲ့တာ ကတော့ စိတ်ပျက်စရာပါပဲ။ ကွန်တီ ကိုယ်တိုင် အသင်းကို စွန့်ခွာချင်နေကြောင့် ဝန်ခံထားရတဲ့ အထိ စပါးတို့ရဲ့ အခြေအနေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ဖိအားတွေ ရှိလာတာကြောင့် ကွန်တီ အတွက် အသက်ရှုချောင်စေနိုင်တဲ့ ပွဲ ဖြစ်နိုင်သလို အခန့်မသင့်ရင် ကွန်တီရဲ့ နောက်ဆုံး ပွဲလည်း ဖြစ်သွားနိုင်ပါတယ်။ ရက်ဂီလောင်း ဒဏ်ရာက သက်သာလာလို့ ဘယ်တောင်ပံမှာ ပြန်လည် မြင်တွေ့ရဖို့ ရှိပြီး ပွဲထွက် ကစားသမားတွေ အနေနဲ့ ကတော့ ကိန်း၊ ဆွန်၊ မော်ရာ၊ ကူလူဆက်ဗ်စကီး၊ ဝင့်ခ်၊ ဟွိုက်ဘယက်ဂျ်၊ ဒေးဗီးစ်၊ ဒိုင်ယာ၊ လိုရစ် တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

စီးရီးအေ
လာဇီယို
နာပိုလီ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၄ ပွဲမှာ တစ်သင်းကို ၂ ပွဲစီ အနိုင်ရထားကြပါတယ်။ နှစ်သင်းလုံး ကိုယ့်အိမ်ကွင်း ပွဲစဉ်တွေမှာ ကိုယ်စီ အနိုင်ရထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရာသီပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ဆုံမှု မှာတော့ ရက်ဂီလောင်း၊ ဟွိုက်ဘယက်ဂျ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၂-၁ ရလဒ်နဲ့ စပါးတို့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2  ရဲ့ ကြေးဖွင့်မှု အရ လိဒ်စ်ယူနိုက်တက် အတွက် ၃.၇၅ ဆ၊ သရေ အတွက် ၃.၆၀ ဆ၊ စပါး အတွက် ၁.၉၁ ဆ ဖွင့်လှစ်ပေးထားပါတယ်။ ခြေစွမ်း မမှန်တဲ့ နှစ်သင်း ကစားမယ့် ပွဲဖြစ်လို့ ဘယ်လို ရလဒ် မဆို ထွက်ပေါ်လာနိုင်ပါတယ်။ စပါးကို အဲလန်ရုတ်ဒ်မှာ ဧည့်ခံကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် မရှုံးထားတဲ့ လိဒ်စ်ယူနိုက်တက်ကို ပိုပြီး အကြိုက်တွေ့နေမိပေမယ့် မစွန့်စားရဲတာကြောင့် ဂိုးပေါင်း ဘက်ကိုပဲ လှည့်ချင်ပါတယ်။ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်း အပြန်အလှန် ဂိုးတွေ သွင်းလေ့ ရှိတာကြောင့် ဒီပွဲကိုတော့ ဂိုးပေါ်ပဲ ရွေးချယ်ချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်