နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ဟာ မှန်ကန်တဲ့ ဟန်ချက်ညီမှုမျိုး မရှိဘူးလို့ ဝေဖန်လိုက်တဲ့ ဂယ်ရီ နဗီးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် မန်ချက်စတာယူနိုက်တက်ဟာ မှန်ကန်တဲ့ ဟန်ချက်ညီမျှမှုမျိုး ရှိမနေဘူးလို့ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဂယ်ရီ နဗီးလ်က ဝေဖန် ပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက် အနေနဲ့ လာမယ့် လစ်ဗာပူးလ်နဲ့ စူပါဆန်းဒေး ပွဲစဉ် မတိုင်ခင် ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်သွားဖို့ လိုအပ်ကြောင်းလည်း နဗီးလ်က တိုက်တွန်းသွားခဲ့ပါသေးတယ်။

အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘရိုက်တန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်က ပရီးမီးယားလိဂ် ရာသီသစ်မှာ ပထမဆုံးသော ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရသလို ရမှတ် ၃ မှတ်နဲ့ အဆင့် ၁၁ နေရာ အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြိုင်ဘက် လစ်ဗာပူးလ် ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် နှစ်ပွဲမှာ အစ်ပ်ဆွစ်ချ်နဲ့ ဘရန့်ဖို့ဒ်ကို ၂-၀ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပြီး လက်ရှိ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်နဲ့ ပွဲစဉ်ဟာ ယူနိုက်တက်နဲ့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် အတွက် တကယ့်ကို အရေးပါတဲ့ ပွဲစဉ် ဖြစ်လာဖို့ ရှိပြီး ဒီအခြေအနေမှာ ဂယ်ရီ နဗီးလ်က ပေါ့ကတ်စ် အစီအစဉ် တစ်ခုမှာ သူ့အသင်း ပြင်ဆင်ရမယ့် အပိုင်းတွေနဲ့ ပတ်သတ်လို့ ဝေဖန် အကြံပြုလာခဲ့တာ ဖြစ်ပါတယ်။ 

ဂယ်ရီ နဗီးလ်က “ဘရိုက်တန်နဲ့ ပွဲမှာ ယူနိုက်တက် ကံမကောင်းဘူးလို့ ကျွန်တော် မပြောပါဘူး။ အထောင် တိုက်စစ်မှူး မပါဘဲ ဘောလုံး ကစားရတာ အရမ်းကို ခက်ခဲပါတယ်။ အရင်က false 9 နဲ့ ကစားပေမယ့် အခု နောက်ပိုင်းမှာတော့ အတွင်းရော အပြင်မှာပါ ပြေးထွက် ပြေးဝင်နိုင်တဲ့ တောင်ပံ ကစားသမား နှစ်ယောက် ရှိပါတယ်။ ဒါပေမယ့် မေဆန် မောင့်နဲ့ ဘရူနို ဖာနန်ဒက်စ် တို့ကို အဓိက အားပြု ကစားရတဲ့ အခါမှာ အာမက်ဒ်နဲ့ ရက်ရှ်ဖို့ဒ် တို့က အပြင်ဘက် ထွက်ကစားရပါတယ်။ သူတို့က ဆိုးဆိုးရွားရွား မကစားခဲ့ကြဘူး ဆိုပေမယ့် တကယ့် လက်တွေ့မှာတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီလိုမျိုး ဂိုးတွေ သွင်းဖို့က ခက်ပါတယ်။ အာမက်ဒ်ဟာ အခွင့်အရေးတွေ ရခဲ့ပြီး နောက်တန်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ဗဟိုတိုက်စစ်မှာ ကောင်းကောင်း မကစားနိုင်ရင် ဂိုးတွေ သွင်းဖို့နဲ့ ဘောလုံးကောင်းကောင်း ကစားနိုင်ဖို့က ခက်ခဲပါတယ်။

ဆက်လက်ပြီး ဂယ်ရီ နဗီးလ်က “တန်ဟက်ဂ် အခုသုံးနေတဲ့ ၄-၂-၂-၂ ကစားကွက်က ဟန်ချက် မမှန်ပါဘူး။ ဒါနဲ့ ပတ်သတ်လို့ ကျနော် အာရုံထဲ မရှိပါဘူး။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်နဲ့ အာမက်ဒ် တို့ဟာ ကွင်းလယ် ကနေ တောင်ပံကို ဖြန့်ထွက်သွားတဲ့ တိုက်စစ် ကစားသမားတွေ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် အဲ့လို လုပ်ရင်လည်း တိုက်စစ်မှာက ဘယ်သူမှ မရှိတော့ပါဘူး။” လို့ ဆိုပါတယ်။ယူနိုက်တက်ဟာ အထောင်တိုက်စစ် နေရာ အတွက် အသစ် ခေါ်ယူထားတဲ့ ဂျော်ရွှာ ဇီယက်ခ်ဇီးကို အခုချိန်ထိ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုခြင်း မရှိသလို ဘရူနို ကိုပဲ အထောင် တိုက်စစ်မှူး အဖြစ် ပွဲထုတ်နေတာ ဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က လစ်ဗာပူးလ်နဲ့ ကစားမယ့် ပွဲစဉ်နဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ နဗီးလ်က “လာမယ့်အပတ်မှာ လစ်ဗာပူးလ်နဲ့ ရင်ဆိုင်တဲ့ အခါ နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒါဟာ ဟန်ချက်ညီမှု နဲ့ ဒီကစားသမားတွေကို ဘယ်လို ပုံစံနဲ့ ကစားစေမလဲ ဆိုတဲ့ အပေါ် မူတည်ပါတယ်။” လို့လည်း ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်