နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ်ဗာရက်ဇ်ကို ခေါ်ဖို့ အာဆင်နယ်ကို အကြံပေးလိုက်တဲ့ ဂါးလက်စ် | ပရီးမီးယားလိဂ်

အာဂျင်တီးနား တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ် က‌တော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး ကနေ ဒီနွေရာသီမှာပဲ ထွက်ခွာချင်နေသူ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ် ကိုတော့ ချဲလ်ဆီး၊ ဘာစီလိုနာ၊ အက်တလက်တီကို မက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့လို အသင်းတွေက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အာဆင်နယ် ကစားသမားဟောင်း ဖြစ်တဲ့ ဝီလီယမ် ဂါးလက်စ်က သူ့ရဲ့ ပရီးမီးယားလိဂ် ကလပ်ဟောင်း အနေနဲ့ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူသင့်တယ်လို အကြံပြုသွားခဲ့ပါတယ်။

ဂါးလက်စ်က“ဟူလီယန် အဲလ်ဗာရက်ဇ်က အာဆင်နယ် အတွက် တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာပါလိမ့်မယ်။ သူက ကမ္ဘာ့ချန်ပီယံရော ကိုပါအမေရိက ချန်ပီယံလည်း ဖြစ်ခဲ့တယ်။ ပရီးမီးယားလိဂ် ဖလားလည်း ၂ ကြိမ် ဆက်တိုက် ရထားတယ်။ ချန်ပီယံလိဂ် ဖလားလည်း ရထားတယ်။ သူက အာဂျင်တီးနား အတွက်လည်း ပွဲထွက် ကစားခွင့်ရသလို မန်စီးတီးရဲ့ အရေးကြီးတဲ့ ပွဲတချို့လည်း ပါဝင်ထားခဲ့ရတာမို့လို့ အာဆင်နယ် အတွက် ကိုလည်း နိုင်ပွဲ အတွေ့အကြုံတွေ ပေးနိုင်ပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂါးလက်စ်က“အဲလ်ဗာရက်ဇ် ကိုယ်တိုင်က ပွဲချိန် မိနစ်များများ ကစားပြီး သူရဲ့ အမြင့်ဆုံး အဆင့်ဆီ ရောက်ချင်နေတဲ့ ကစားသမား တစ်ဦးလို ဖြစ်နေတာကြောင့် အာဆင်နယ်ကို ဆွဲတင်ပေးနိုင်မှာပါ။ သူက တစ်ရာသီ အတွင်းမှာ ဂိုး ၂၀ လောက် သွင်းနိုင်ပါ့မလား ဆိုတာ မသေချာပေမယ့် တောင်ပံ နှစ်ဖက်စလုံးမှာရော နောက်ချန် တိုက်စစ် နေရာမှာ တော်တော်လေး လွှမ်းမိုးကစားနိုင်တဲ့သူပါ။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ 

အသက် ၂၄ နှစ် အရွယ် အာဂျင်တီးနား ကစားသမားဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးကို အာလင်း ဟာလန်းနဲ့ အတူ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားက ၂ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၁၀၀ အထိ ကစားခွင့် ရခဲ့ပေမယ့်လည်း တကယ့် ပွဲကြီးတွေ မှာတော့ သူ့ထက် ဟာလန်း ကသာ ပွဲထွက် ကစားခွင့် ပိုမို ရရှိနေတာ ဖြစ်ပါတယ်။ ဒီအချက်က သူ့အတွက် စဉ်းစားစရာ ဖြစ်နေစေတယ်လို အဲလ်ဗာရက်ဇ်က ထုတ်ဖော် ပြောကြားခဲ့ပြီး ဒီလိုပြောဆိုမှုနဲ့ ပတ်သတ်လို့ နည်းပြ ဂွာဒီယိုလာက စဉ်းစားပြီးရင်တော့ အကြောင်းကြားပါလိမ့်မယ်လို့ ပြန်လည် တုံပြန်ထားခဲ့ပါသေးတယ်။ ပပ် ဂွာဒီယိုလာ ကတော့ အဲလ်ဗာရက်ဇ်ရဲ့ ပြောဆိုထားမှု အပေါ် လက်ရှိအချိန်ထိ ဘာမှ မှတ်ချက်ပေးပြောကြားထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အဲလ်ဗာရက်ဇ် အနေနဲ့ အသင်းမှာ နေမပျော်တာမျိုး ဖြစ်နေတယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ဘက်ကနေ ရှင်းထုတ်လိုက်ဖို့ ရှိနေပါတယ်။

အဲလ်ဗာရက်ဇ်ဟာ ထိပ်တန်း အဆင့် ရှိတဲ့ တိုက်စစ်မှူးကောင်း တစ်ဦး ဖြစ်ပြီး မန်စီးတီးမှာ နှစ်ရာသီ အတွင်း ပွဲပေါင်း ၁၀၀ ကျော် ကစားခဲ့ရာမှာ ၃၆ ဂိုး သွင်းကာ ၁၈ ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ အဲလ်ဗာရက်ဇ်ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလား ပြိုင်ပွဲမှာ ပွဲစဉ် တော်တော်များများ ပါဝင် ကစားခွင့်ရရှိခဲ့သလို သွင်းဂိုး ၂ ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲလ်ဗာရက်ဇ်က နိုင်ငံအသင်းနဲ့ အတူ ကိုပါအမေရိကဖလား ၂ ကြိမ်နဲ့ ကမ္ဘာ့ဖလား ၁ ကြိမ် ရရှိထားသလို အဓိက ပြိုင်ပွဲကြီး ၃ ခုဆက် ချန်ပီယံ ဖြစ်ထားသူပါ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်