နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက် အတွက် ညှစ်ကန်ရမယ့် အာဆင်နယ်ကို မျှော်လင့်ထားချင်တယ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ အာဆင်နယ်

ပရီးမီးယားလိဂ် ကတော့ ဇယား ထိပ်ပိုင်းမှာ အကြိတ်အနယ် ဖြစ်နေသလို ဇယား အလယ် မှာလည်း ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် အသင်းတွေ အများကြီး ပြိုင်ဆိုင်နေရပါတယ်။ ထူးထူးခြားခြား ဆိုရလောက်အောင်ကို အသင်းငယ်လေးတွေ ဒီရာသီမှာ တိုးတက်လာပြီး ချဲလ်ဆီး၊ လစ်ဗာပူးလ် တို့နဲ့ အပြိုင် ဥရောပ ဝင်ခွင့် ရဖို့ ကြိုးစားနေကြတာပါပဲ။ ဒီတစ်ပတ် ပရီးမီးယားလိဂ် မှာတော့ အက်စတွန်ဗီလာ-အာဆင်နယ် ပွဲနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ပွဲကြိုအချက်အလက်တွေ၊ နှစ်ဖက် အသင်း သတင်းတွေနဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးချင်ပါတယ်။

အာဆင်နယ် ကတော့ မန်စီးတီးကို အိမ်ကွင်း မှာပဲ ရှုံးသွားလို့ ရမှတ်တူ အနေအထား ဖြစ်သွားပါပြီ။ ပရီးမီးယားလိဂ် ဇယား ဒုတိယ နေရာကို ဆင်းပေးလိုက်ရတာက သူတို့ကို ဖိအားတွေ ဝင်လာစေပြီး ရှေ့ဆက်ရမယ့် ပွဲတွေ အတွက် တကယ်ကို အားလျော့စေပါတယ်။ ရာသီစကတည်းက အမှတ်ပေးဇယားကို ဆက်တိုက် ဦးဆောင်လာပြီး အခုတော့ အဆင့် ၂ နေရာကို ရောက်သွားလို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း သေချာပေါက် ရှိလာမှာပါ။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ ဗီလာက ၂ ပွဲနိုင်ပြီး အာဆင်နယ်က ၃ ပွဲ နိုင်ခဲ့ပါတယ်။
ရမှတ်လိုအပ်ချက် အတွက် အားစိုက် ကစားရဖို့ ရှိနေတဲ့ အာဆင်နယ်

ဗီလာ နည်းပြ အူနိုင်း အမ်မရီက သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရမှာပါ။ အဆင့် ၁၁ ရောက်နေတဲ့ ဗီလာ အတွက်တော့ တန်းဆင်းဇုန်နဲ့ ဝေးသထက် ဝေးအောင် သွားထားဖို့ကို အားထုတ်နေပြီး အမ်မရီက သူ့အသင်းကို ကျစ်ကျစ်လစ်လစ် ဖြစ်အောင်တော့ တည်ဆောက်ပေးထားပါတယ်။ သူတို့မှာ ဘာဖိအားမှ မရှိတာ ကလည်း အားသာချက် တစ်ခုပါပဲ။

မန်စီးတီးနဲ့ ပွဲမှာ လွဲချော်ခဲ့တဲ့ သောမတ်စ် ပါတေး အာဆင်နယ် အတွက် ကစားပေးနိုင်မလား စောင့်ကြည့်ရပါမယ်။ သူမပါရင် အာဆင်နယ် ကွင်းလယ်မှာ ယိုပေါက်ကြီး ဖြစ်နေပြီး ဂျော်ဂျင်ဟိုလည်း ဖြည့်မပေးနိုင်ပါဘူး။ အယ်လ်နန်နီ၊ ဂါဘရီရယ် ဂျီးဆပ်တို့ အနားယူနေရဆဲ ဖြစ်ပြီး စမစ်ရိုးလည်း ဒီပွဲကို လွဲချော်မှာပါ။ ဗီလာမှာ ဒီယေဂို ကားလို့စ်၊ ဂျက်စတီယာတို့ ပြန်ကစားနိုင်ပြီ ဖြစ်ပြီး ချန်ဘာစ် ကတော့ မန်စီးတီးနဲ့ ပွဲက အမှားကြောင့် ချန်လှပ်ခံရနိုင်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အက်စတွန်ဗီလာ မာတီနက်ဇ်၊ အက်ရှ်လေယန်း၊ ကွန်ဆာ၊ တိုင်ရွန်မင်းစ်၊ မော်ရီနို၊ ကာမာရာ၊ ဒေါက်ဂလပ်စ်လုဇ်၊ ရမ်ဆေး၊ ဘွန်ဒီယာ၊ ဝက်ကင်စ်၊ ဘိုင်လီ

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဘန်၀ှိုက်၊ ဆာလီဘာ၊ ဂါဘရီရယ်လ်၊ ဇင်ချန်ကို၊ ရှာကာ၊ ဂျော်ဂျင်ဟို၊ ဆာကာ၊ အိုဒီဂတ်၊ ထရိုဆာ့ဒ်၊ အန်ကတ်တီယာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံခဲ့မှုမှာ ဗီလာက ၂ ပွဲနိုင်ပြီး အာဆင်နယ်က ၃ ပွဲ နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲ ဆက်တိုက် အာဆင်နယ် အနိုင်ရခဲ့တာ ဖြစ်ပြီး ဂိုးပေါ် ၃ ပွဲ အထိ ပါဝင်ခဲ့ပါတယ်။ ဗီလာက လိဂ် နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲ နိုင်၊ ၂ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျကာ ဂိုးပေါ် ၃ ပွဲ ပါခဲ့ပါတယ်။ အာဆင်နယ် ကလည်း အလားတူပါပဲ။ အာဆင်နယ် က နောက်ဆုံး ၃ ပွဲ ဆက်တိုက် နိုင်ပွဲ ပျောက်နေပြီး ၄ ပွဲ ဆက်တိုက် ဂိုးပေးထားရပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ ဗီလာ နိုင်ရင် ၅ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၆၅ ဆပါ။ Handicap မှာ အာဆင်နယ်က သရေ ဆိုရင် အပြည့် နီးပါး ရှုံးမယ့် ကြေးဖွင့်ထားပြီး ပွဲချိန်နီးရင် ကြေး အပြောင်းအလဲ ကိုတော့ တစ်ချက် သတိထားရပါမယ်။ ဂိုးပေါင်း ကတော့ ၂ လုံး အရှုံး ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ထားတဲ့ ၆ ကြိမ်မှာ အရှုံး အနိုင် အဖြေပေါ်ခဲ့ပြီး ဒီနှစ်သင်း တွေ့တိုင်းမှာ ဂိုးတွေ သွင်းယူနိုင်လေ့ ရှိပါတယ်။ ဒါပေမယ့် ဗီလာကွင်းမှာ ၃ ပွဲ ဆက်တိုက် ၁-၀၊ ၀-၁ ဆိုတဲ့ ရလဒ်တွေ ထွက်ထားတာပါ။ အာဆင်နယ်တို့ ညှစ်ကစားရတော့မယ့် အချိန် ဖြစ်ပြီး နိုင်ပွဲ အသည်းအသန် လိုအပ်နေလို့ အာဆင်နယ် ကိုပဲ ရွေးချယ်ရမှာပါ။ ဂိုးပေါင်းအောက်နဲ့ တွဲဆော့စေချင်ပါတယ်။

ခန့်မှန်းချက်

အက်စတွန်ဗီလာ ၀-၁ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်