နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲဗာတန် – ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ (ပွဲကြိုသုံးသပ်ချက်)

အဲဗာတန် – ချဲလ်ဆီး

အခုတစ်ပတ် တနင်္ဂနွေနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ရှိပြီး အဲဗာတန်နဲ့ ချဲလ်ဆီး ပွဲကတော့ မြန်မာစံတော်ချိန် ည ၇ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ အဲဗာတန်တို့ ချဲလ်ဆီးနဲ့ ကစားရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခဲဖို့ ရှိနေပေမယ့် ဖရန့်ခ် လမ်းပတ် အနေနဲ့ အသင်းဟောင်းနဲ့ ပြန်လည်တွေ့ဆုံချိန်မှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်တို့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာကို ရောက်ရှိနေပြီး တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်နေရပါတယ်။ ဖရန့်ခ် လမ်းပတ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ၃၂ ပွဲ ကစားပြီးချိန် အထိ ၈ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၁၉ ပွဲ ရှုံး၊ ရမှတ် ၂၉ မှတ်သာ ရှာဖွေထားနိုင်ပြီး တန်းဆင်းဇုန် အထက်က ဘန်လေနဲ့ ၂ မှတ် ကွာဟနေပါတယ်။ ဒါပေမယ့် ပွဲကျန် ၁ ပွဲ ကစားဖို့ ရှိနေတာက အဲဗာတန် အတွက်တော့ မျှော်လင့်ချက် ကောက်ရိုး တစ်မျှင် ဖြစ်ပြီး အခုပွဲ အပါအဝင် နောက်ဆုံး ၆ ပွဲမှာ အဲဗာတန်တို့ ချဲလ်ဆီး၊ ဝက်ဖို့ဒ်၊ လက်စတာစီးတီး၊ ဘရန့်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဗာတန် အတွက် ဝက်ဖို့ဒ်နဲ့ တစ်ပွဲပဲ လွယ်ကူဖို့ ရှိပြီး ကျန်ပွဲစဉ်တွေ မှာတော့ သရေ ၁ မှတ် ရဖို့တောင် မနည်းကစားရမှာ ဖြစ်ပါတယ်။ ဖရန့်ခ် လမ်းပတ်ရဲ့အသင်းဟာ ဒီရာသီမှာ အိမ်ကွင်း၊ အဝေးကွင်း စွမ်းဆောင်ရည် နှစ်ခုစလုံး ညံ့နေပေမယ့် လက်ရှိ အချိန်အထိ ရထားတဲ့ ၂၉ မှတ်မှာ ၂၃ မှတ်က အိမ်ကွင်း ပွဲစဉ်တွေ ကနေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဂေါ့ဖရေး၊ တောင်ဆန်၊ ပတ်တာဆန်၊ ဗန်ဒီဘိခ်၊ အန်ဒရီ ဂိုးမက်စ်၊ တွန်မ်ဒေးဗီးစ်၊ ဆီဂတ်ဆန် တို့ အားလုံး လွဲချော်ဖို့ ရှိပြီး မီနာနဲ့ ကလဲဗက်လီဝင်း တို့ကတော့ လူစာရင်းမှာ ပြန်လည် ပါဝင်လာနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိရာသီ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အဲဗာတန်တို့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာကို ရောက်ရှိနေပြီး တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်နေရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ပစ်ခ်ဖို့ဒ်၊ ဟိုးလ်ဂိတ်၊ ကိန်း၊ မိုင်ကိုလန်ကို၊ ကိုးလ်မန်း၊ အီဝိုဘီ၊ အဲလန်၊ ဒူကိုရေး၊ ဂေါ်ဒွန်၊ ရစ်ချာလီဆင်၊ ဂရေး

ချဲလ်ဆီးတို့ လက်ရှိ အဆင့် ၄ နေရာက အာဆင်နယ်ကို ၆ မှတ် ဖြတ်ထားနိုင်လို့ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းနိုင်ဖို့ အခြေအနေ ကောင်းနေခဲ့ပါတယ်။ အက်ဖ်အေဖလား မှာလည်း ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်ထားခဲ့လို့ ဆုဖလား တစ်လုံး မျှော်လင့်ချက်လည်း ရှိနေဆဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ မှာတော့ အာဆင်နယ်ကို ရှုံးပြီး၊ ယူနိုက်တက်နဲ့ သရေကျခဲ့တာက လွဲရင် ကျန် ၃ ပွဲ ကိုတော့ အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူနိုက်တက်နဲ့ ပွဲမှာ ချဲလ်ဆီးတို့ အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေနဲ့ ပြိုင်ဘက် ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေကြောင့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းထက် အဝေးကွင်း စွမ်းဆောင်ရည် ပိုကောင်းနေတယ်လို့ ပြောလို့ ရပြီး ရှုံးပွဲ ၂ ပွဲသာ ရှိထားသလို ၁၁ ပွဲ နိုင်ပြီး ၄ ပွဲ သရေကျထားပါတယ်။ အခု ပွဲကိုလည်း ချေးလ်ဝဲလ်၊ အိုဒွိုင်း၊ ရော့စ် ဘာကလီနဲ့ ကိုဗာချစ်တို့ ဒဏ်ရာကြောင့် လွဲချော်ဦးမယ်လို့ သိရပါတယ်။

စီးရီးအေ
အေစီမီလန်
ဖီအိုရင်တီးနား
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – မန်ဒီ၊ ဆေးလ်ဗား၊ အက်ဇ်ပီလီကွယ်တာ၊ ရူဒီဂါ၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ ရိစ်ဂျိမ်းစ်၊ အလွန်ဆို၊ မောင့်၊ ဗာနာ၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၂၈ ကြိမ်မှာ အဲဗာတန်က ၉ ကြိမ်နိုင်၊ ချဲလ်ဆီးက ၁၃ ကြိမ်နိုင်ပြီး ၆ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ တစ်သင်းကို ၂ ကြိမ်စီ အနိုင်ရပြီး ၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဂွတ်ဒီဆင်ပါ့ခ်မှာ နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲဆက် အဲဗာတန်တို့ ရှုံးပွဲ မရှိခဲ့သလို ၃ ပွဲနိုင်ပြီး ၁ ပွဲ သရေကျထားပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲမှာလည်း ၁-၁ ရလဒ်နဲ့ ပြီးဆုံးထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အဲဗာတန် အတွက် ၄.၇၀ ဆ၊ ချဲလ်ဆီး အတွက် ၁.၇၅ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အဲဗာတန်တို့ ပရီးမီးယားလိဂ် ကနေ တန်းမဆင်းရဖို့ လက်ကျန်ပွဲတိုင်းကို အမှားမခံစတမ်း ကစားနေပေမယ့် တကယ်တမ်း အသင်းကြီးတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ အဆိပ်မရှိတဲ့မြွေ ဖြစ်နေဆဲပါ။ အဲဗာတန်ဟာ ဂွတ်ဒီဆင်ပါ့ခ်မှာ ချဲလ်ဆီးကို နောက်ဆုံး ၄ ပွဲဆက် မရှုံးထားခဲ့သလို လောလောဆယ် အိမ်ကွင်း ၃ ပွဲဆက် မရှုံးအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ နောက်ပြီး တန်းဆင်းဇုန် ရုန်းအားနဲ့ ဖောင်ဖျက် ကစားလာနိုင်တဲ့ အတွက် ချဲလ်ဆီးတို့ လွယ်ကူဖို့တော့ မရှိပါဘူး။ ဂိုးအနည်းနဲ့ ချဲလ်ဆီး ကပဲ စိတ်အချရဆုံး ရွေးချယ်မှု ဖြစ်လာနိုင်ပါတယ်။

ခန့်မှန်းရလဒ် (၀-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်