နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်နဲ့ အနာဂတ်ကို အလျင်စလို ဆုံးဖြတ်မှာ မဟုတ်ဘူး ဆိုတဲ့ အဲရစ်ခ်ဆင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆင် ကတော့ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အနာဂတ်ကို အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ဒိန်းမတ် ကွင်းလယ်လူဟာ ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ကို ရောက်ရှိ နေပြီ ဖြစ်ပေမယ့်လည်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ စိုးရိမ်နေခြင်း မရှိကြောင်း ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အဲရစ်ခ်ဆင်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဒိန်းမတ်သားက သူ့ရဲ့ ပထမရာသီမှာပဲ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၄၄ ပွဲ ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၃ ဇန်နဝါရီလမှာ ဒဏ်ရာရရှိသွားခဲ့ခြင်းနဲ့ အတူ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ပရီးမိးယားလိဂ် ၂၈ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ရာသီကုန်ခါနီးမှာ လူငယ် ကွင်းလယ် ကြယ်ပွင့် ကိုဘီ မိန်းနူး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အဲရစ်ခ်ဆင် တစ်ယောက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့သလို ပုံမှန် ခြေစွမ်းအောက်မှာပဲ ရှိနေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက် အတွက် ၂၈ ပွဲသာ ကစားပေးနိုင်ခဲ့တဲ့ အဲရစ်ခ်ဆင်

သတင်းဖော်ပြချက် တချို့မှာတော့ အဲရစ်ခ်ဆင် အနေနဲ့ သူ့ရဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်မှာ အသင်းဟောင်း အေဂျက်စ်ကို အငှားနဲ့ သွားရောက်ဖို့ ရှိနေကြောင်း ဖော်ပြထားပေမယ့် ကစားသမား ကတော့ မန်ချက်စတာမှာပဲ ဆက်ရှိနေချင်ကြောင်း ပြောကြားထားပါတယ်။

အသင်းပြောင်းရွှေ့ဖို့ ရှိမရှိနဲ့ ပတ်သတ်လို့ အဲရစ်ခ်ဆင်ကို မေးမြန်းရာမှာတော့ “ကျွန်တော် ယူနိုက်တက်မှာ တကယ် ပျော်ရွှင်နေပါတယ်။ ကျွန်တော် ဒီမှာ အရမ်းကောင်းတဲ့ နှစ်ရာသီကို ဖြတ်သန်းထားပြီးတော့ အခုဆိုရင်တော့ တတိယမြောက် ရာသီကို ဖြတ်သန်းတော့မှာပါ။ “ဒီကလပ်က ထူးခြား ပြီးတော့ ထူးခြားတဲ့ နေရာ တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော့် မိသားစုက မန်ချက်စတာမှာ အခြေကျနေတဲ့ ကျွန်တော် အလျင်စလို လုပ်မှာ မဟုတ်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး အဲရစ်ခ်ဆင်က“သေချာပါတယ်။ ကျွန်တော် အတတ်နိုင်ဆုံး ကစားပြီး လုပ်နိုင်သမျှ လုပ်ချင်ပါတယ်။ ဒါပေမယ့် ဒါက ကလပ်နဲ့ မသက်ဆိုင်ပါဘူး။ ခင်ဗျား တို့နဲ့ မန်နေဂျာ အပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ခံစားချက်အရတော့ ကျွန်တော့် အနေနဲ့ ယူနိုက်တက်မှာ နေရတာ အရမ်းကောင်းတယ်လို့ ခံစားရပါတယ်။”လို့ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အဲရစ်ခ်ဆင်က အသက်အရွယ် အားဖြင့် ၃၂ နှစ် ရှိနေပြီ ဖြစ်တာကြောင့် ယူနိုက်တက် ကတော့ ကက်စ်မဲရိုးနဲ့ အတူ သူ့ကိုပါ ရောင်းထုတ်သွားချင်နေကြောင်း အစောပိုင်း မှာကတည်းက သတင်းတွေ ထွက်နေပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူဖို့ ကြိုးပမ်းနေတာကြောင့် အကယ်၍ ဥရုဂွေးသားသာ ရောက်ရှိလာခဲ့ရင် အဲရစ်ခ်ဆင်ရော၊ ကက်စ်မဲရိုး ကိုပါ ထွက်ခွာခွင့်ပေးသွားဖွယ် ရှိပါတယ်။ ယူနိုက်တက် အနေနဲ့ ရာသီသစ်မှာ လူငယ် ကြယ်ပွင့်လေး ကိုဘီ မိန်းနူးကို အဓိက ပွဲထွက်ကစားသမား အဖြစ် နေရာပေးသွားဖို့ များနေပြီး ဘယ်ကစားသမားနဲ့ တွဲဖက်ပေးမလဲ ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်