နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစီအစဉ်အတိုင်း လုပ်ဆောင်နေလို့ အသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ ပြောလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီမှာလည်း ရလဒ်တွေ ဆိုးရွားနေပြီးတော့ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ လက်ရှိ အချိန်ထိ အသင်း ရလဒ် ဆိုးရွားနေမှုကို လက်မခံသေးပဲ အကြောင်းပြချက်တွေ ဆက်တိုက်ပေးနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်း အနေနဲ့ အသင်း အတွင်းမှာ ချမှတ်ထားတဲ့ အစီအစဉ်တွေ အတိုင်း လုပ်ဆောင်နေကြလို့ အသင်းက လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီး အောင်မြင်မှုတွေ ရမယ် ဆိုတာ ယုံကြည်မိကြောင်း ထုတ်ဖော် ပြောကြားလာခဲ့ပြန်ပါတယ်။

နယ်သာလန် လူမျိုး နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကတော့ ယူနိုက်တက် နည်းပြဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာ ဖြစ်ပြီး ဒီရာသီထဲ မှာတော့ ရာသီ အစပိုင်း ကတည်းက ရလဒ်တွေ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းက လက်ရှိမှာ ခြေစွမ်းပိုင်းက တော်တော်လေး ဆိုးရွားနေသလို ဒဏ်ရာရ ကစားသမား များပြားနေခြင်း ကလည်း အသင်းကို ရုန်းကန်နေရစေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲ အထိ ရှိထားပြီး အဆင့် ကလည်း ၁၄ နေရာ အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။ 

အခုလို အခြေအနေတွေမှာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေက တန်ဟက်ဂ်ကို နည်းပြ ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် စီစဉ်လျက်ရှိတယ် ဆိုပြီး သတင်းတွေလည်း ထွက်ပေါ်လာနေခဲ့တာ ဖြစ်ပါတယ်။ တချို့သတင်းတွေမှာ ဆိုရင် ယူနိုက်တက်ဟာ တန်ဟက်ဂ် နေရာမှာ အစားထိုးဖို့ နည်းပြ တော်တော်များများကို ပစ်မှတ်ထားလျက် ရှိတယ်လို့ ဖော်ပြလျက် ရှိပြီး ဆောက်ဂိတ်၊ ပေါ်တာ၊ သောမက်စ် ဖရန့်ခ် တို့က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ရှုံးပွဲ ၃ ပွဲ အထိ ရှိထားပြီး အဆင့် ကလည်း ၁၄ နေရာ အထိ ရောက်ရှိနေတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲ နိုင်ပွဲ ပျောက်နေတဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း တန်ဟက်ဂ် ကတော့ သူ့ရဲ့ အနာဂတ် မတည်ငြိမ်တော့သည့် တိုင်အောင် လှပတဲ့ စကားလုံးတွေတော့ ပြောကြားနေဆဲ ဖြစ်ပါတယ်။ တန်ဟက်ဂ်က “ကျွန်တော်တို့တွေက ချမှတ်ထားတဲ့ အစီအစဉ် အတိုင်း လုပ်ဆောင်နေပြီးတော့ အောင်မြင်လိမ့်မယ် လို့လည်း ယုံကြည်ထားတဲ့ အတွက်ကြောင့် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပဲ ရှိနေပါတယ်။ အခု ကျွန်တော်တို့ အသင်း ရပ်တည်နေတဲ့ အဆင့် နေရာနဲ့ ပတ်သက်ပြီး မပျော်ရွှင်ပါဘူး။ အခု ဂိုးတွေ ထပ်သွင်းဖို့ အချိန်တန်ပါပြီ။ ကျွန်တော့် အနေနဲ့ ကတော့ ကလပ် အသင်းမှာ ရှိနေတဲ့သူတွေနဲ့ တစ်သားတည်း ရှိနေတယ် ဆိုတာ သေချာပါတယ်။ ကလပ် အသင်းရဲ့ အတွင်းပိုင်းမှာ ကတော့ အားလုံးက ပုံမှန်ပါပဲ။ လက်ရှိ အသင်းရဲ့ ရလဒ်တွေနဲ့ အဆင့် ရပ်တည်ချက်တွေက ကျွန်တော်တို့ လိုချင်နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။ ခက်ခဲနေတဲ့ အခြေအနေတွေကို ဖြတ်သန်းရပါမယ်။ ကျွန်တော်တို့ အစီအစဉ် အတိုင်း လုပ်ဆောင်ရပါမယ်။ ဆူဆူ ညံ့ညံ့အသံတွေက သတင်း မီဒီယာ တချို့ကနေပဲ ထွက်လာကြတာလေ။ စိတ်ကူးယဉ် ပုံပြင်တွေ ဇာတ်လမ်းတွေကို ဖန်တီးပါတယ်။ အလိမ်အညာတွေကို သယ်ဆောင်လာပါတယ်။” လို့ ဆိုပါတယ်။

အဲဒီနောက် တန်ဟက်ဂ်က“တချို့ သတင်းထောက်တွေက ကျွန်တော် ပြောတာကို မယုံကြည်ကြဘူး။ ဒါကိုလည်း တချို့ သတင်း တင်ပြချက်တွေမှာ တွေ့ထားခဲ့ရတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် ကတော့ ဒီကနေ့ ညမှာပဲ ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် သောမတ်စ် ဖရန့်ခ်ရဲ့ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် တန်ဟက်ဂ်ရဲ့ အနာဂတ်ဟာ ဒီပွဲရဲ့ ရလဒ်ပိုင်းနဲ့လည်း အတိုင်းအတာ တစ်ခု အထိ သက်ဆိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်