ချဲလ်ဆီး ကတော့ အခုတစ်ပတ် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန်ဒါဘီ ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို အနောက် ကနေ လိုက်ကစားပြီး အဝေးကွင်းမှာ ၂-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးက အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က လစ်ဗာပူးလ်ကို တစ်ပွဲလျော့ ၄ မှတ် အကွာနဲ့ ဆက်လက် ဖိအားပေးထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ သူတို့ရဲ့ အသင်း အနေနဲ့ အမှတ်ပေးဇယားထိပ်က လစ်ဗာပူးလ်ကို အနီးကပ် ဖိအားပေးနေနိုင်ပေမယ့်လည်း ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆင်သင့် မဖြစ်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။
အန်ဇို မာရက်စ်ကာက “အာဆင်နယ်၊ မန်စီးတီးနဲ့ လစ်ဗာပူးလ် တို့က ဒီပွဲ မှာ ကူကူရယ်လာ ခြေချော်သလိုမျိုး မဖြစ်နိုင်ကြပါဘူး။ အလေးအနက်ထားပြီး ပြောရမယ် ဆိုရင်တော့ ကျွန်တော် တို့က ဒီဆုဖလားကြီး အတွက် အဆင်သင့် ဖြစ်မနေသေးပါဘူး။ ကျွန်တော် တို့က ဒီအသင်းတွေနဲ့လည်း အလှမ်း ဝေးနေပါသေးတယ်။ နေ့စဉ်နဲ့ အမျှ အာရုံစိုက်ပြီး အသင်း တိုးတက်လာအောင် ကြိုးစားနေပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးက အခုရာသီ အစမှာပဲ အာဂျင်တီးနား လူမျိုး နည်းပြ မော်ရူစီယို ပိုချက်တီနိုနဲ့ လက်တွဲဖြုတ်ခဲ့ပြီးတော့ လက်စတာစီးတီးကို ချန်ပီယံရှစ် ကနေ ပရီးမီးယားလိဂ်ဆီ ပြန်လည် ပိုဆောင်ပေးခဲ့တဲ့ နည်းပြ အန်ဇို မာရက်စ်ကာကို ပြောင်းလဲ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ မာရက်စ်ကာက မန်စီးတီးမှာ နည်းပြ ပပ် ဂွါဒီယိုလာရဲ့ လက်ထောက် အဖြစ် ဆောင်ရွှက်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ချဲလ်ဆီးက အန်ဇို မာရက်စ်ကာ လက်ထက်မှာ ကစားသမား အပြောင်းအရွှေ့ အများအပြား ဖြစ်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိ ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားပြီးချိန်မှာ ၉ ပွဲ နိုင်၊ ၄ ပွဲ သရေ၊ ၂ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေပြီးတော့ လစ်ဗာပူးလ်ကို အကောင်းဆုံး ဖိအားပေးနေပြီ ဖြစ်ပါတယ်။
အန်ဇို မာရက်စ်ကာက ယခင် ကလည်း သူ့ အနေနဲ့ ချန်ပီယံဆု မပြောနဲ့ ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး အတွက်တောင် အသင်း တာဝန်ရှိသူတွေက ဖိအားပေးထားခြင်း မရှိကြောင်း ပြောဆိုခဲ့ဖူးပြီး လက်ရှိမှာလည်း ကိုယ့်ကိုယ်ကို ထပ်မံ နှိမ့်ချ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ မှာလည်း အသင်းက ပုံစံကောင်းတွေ ရနေချိန် ပရိသတ်တွေက ချဲလ်ဆီးဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဓိက စိန်ခေါ်နိုင်သူတွေ ဖြစ်လာပြီလို့ ယူဆနေကြပေမယ့် မာရက်စ် ကတော့ သူတို့ အသင်းက ဒီ ရာသီမှာ အမှတ်ပေး ဆုဖလားအတွက် အဆင်သင့် ဖြစ်မနေသေးဘူး လို့ပဲ ပြတ်ပြတ်သားသား ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.