ချဲလ်ဆီး ကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေပြီးတော့ ရလဒ်တွေလည်း ကောင်းမွန်နေကာ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာပါ ရပ်တည်နေပါတယ်။ ဒီအချိန်မှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာက သူ့ရဲ့ အသင်းက ဒီရာသီ အမှတ်ပေး ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးက လာမယ့် ၅ နှစ် ကနေ ၁၀ နှစ် အတွင်းမှာ အင်္ဂလိပ် ဘောလုံးလောကို လွှမ်းမိုးနိုင်တဲ့ အသင်း တစ်သင်း ဖြစ်လာနိုင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
အန်ဇို မာရက်စ်ကာက“ကျွန်တော်တို့ အသင်းက ချန်ပီယံလုပွဲထဲမှာ ရှိမနေပါဘူး။ ကျွန်တော့် အမြင်ကို ပြောရမယ် ဆိုရင်တော့ ကျွန်တော် တို့က ချန်ပီယံပြေးလမ်းထဲမှာ ရှိမနေဘူး။ ဒီ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးတွေရယ် အသက်အရွယ်တွေကြောင့်ရယ် ချဲလ်ဆီးက လာမယ့် ၅ နှစ် ကနေ ၁၀ နှစ် အတွင်း အင်္ဂလိပ် ဘောလုံးလောကထဲ လွှမ်းမိုးနိုင်မယ့် အသင်းတွေထဲက တစ်သင်း ဖြစ်လာလိမ့်မယ် ဆိုတာ အသင်းပိုင်ရှင်တွေ အသင်းဒါရိုက်တာတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန်မှာပဲ ကျွန်တော်တို့ ပြောဖြစ်ခဲ့ကြတယ်။ ဘယ်နည်းပြပဲ ကိုင်ကိုင်ပါ ဒီအသင်းက ဒီပုံစံနဲ့သာ ဆိုရင် နောက်နှစ် အနည်းငယ် အတွင်း မှာပဲ ပရီးမီးယားလိဂ် ကို လွှမ်းမိုးလာနိုင်ပါတယ်။ အသင်း တာဝန်ရှိသူတွေ ကတော့ အသင်းနဲ့ ပတ်သက်ပြီး ဘာရည်ရွယ်ချက်မှ ကျွန်တော့်ကို မတောင်းဆိုခဲ့ဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာက “လာမယ့် နှစ်တွေမှာ အရေးကြီးတဲ့ အရာ တစ်ခုကို တည်ဆောက်ဖို ကြိုးပမ်းဖို့ပဲ ရှိပါတယ်။ အခုကလည်း ကျွန်တော် တို့က လမ်းကြောင်းမှန်ပေါ်ကို ဦးတည်နေတယ် လို့လည်း ထင်ပါတယ်။ ကိုယ်ပိုင် ရည်မှန်းချက် တစ်ခု အနေနဲ့တော့ ကျွန်တော်က ရာသီကုန် နောက်ရာသီကို အာရုံစိုက်မနေဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒါက ပစ္စုပ္ပန် မဟုတ်လို့ပါ။” လို့ ဆိုခဲ့ပါသေးတယ်။
ချဲလ်ဆီး ကတော့ ပြီးခဲ့တဲ့ နှစ်နှစ်တွေ အတွင်း ပရီးမီးယားလိဂ်မှာ ထိပ်ဆုံး ၄ သင်း နေရာနဲ့ လွဲချော်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ပါ ၂ နှစ် ဆက်တိုက် လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာတော့ နည်းပြ မာရက်စ်ကာ လက်ထက် ချဲလ်ဆီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီးတော့ ဇယားထိပ်က လစ်ဗာပူးလ်နဲ့ ၉ မှတ် ပြတ်နေပေမယ့် အဆင့် ၂ နေရာက အာဆင်နယ်နဲ့ အမှတ်တူ ရပ်တည်နေပါတယ်။ ချဲလ်ဆီးက ဒီရာသီ မှာလည်း မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ် တို့ကို ရှုးနိမ့်ထားခဲ့ပေမယ့် အာဆင်နယ်နဲ့ ယူနိုက်တက်ကို သရေ ကစားထားနိုင်သလို အက်စတွန်ဗီလာ ကိုလည်း ၃ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးက ယူရိုပါကွန့်ဖရင့်လိဂ် မှာလည်း ၄ ပွဲ ကစား၊ ၄ ပွဲစလုံး အနိုင်ရထားပြီး လိဂ် အဆင့် ဇယား ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.