နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးမှာ ပျော်ရွှင်နေပေမယ့် အနာဂတ်က မသေချာသေးဘူးလို့ ဆိုလာတဲ့ အီဒါဆင် | ပရီးမီးယားလိဂ်

ဘရာဇီးလ် ဂိုးသမား အီဒါဆင် မိုရေးစ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးမှာ ပျော်ရွှင်နေပေမယ့် သူ့ရဲ့ အနာဂတ် ကတော့ သေချာမှု မရှိသေးကြောင်း ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ် ဂိုးသမားဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းမရသေးသလို ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရသူပါ။ မန်စီးတီး ဘက်ကတော့ အီဒါဆင်ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၅၀ ဝန်းကျင် သတ်မှတ်ထားပေမယ့် နည်းပြ ဖြစ်တဲ့ ဂွာဒီယိုလာ ကတော့ အီဒါဆင်ကို အက်တီဟတ်မှာ ဆက်ရှိနေဖို့ နှလုံးသားထဲက လိုလားကြောင်း ဖွင့်ဟထားခဲ့ပါတယ်။

လက်ရှိမှာ အီဒါဆင်ရဲ့ မန်စီးတီး ကနေ ထွက်ခွာမယ့် ဆိုတဲ့ သတင်းတွေက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပြီးတော့ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ကံယာကံရှင် ကိုယ်တိုင်က အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ အီဒါဆင်က “ကျွန်တော့်ရဲ့ အနာဂတ်က တိကျ သေချာမှု မရှိသေးပါဘူး။ ပပ် ပြောတဲ့ စကားကို ကြားရတာ အရမ်း ဝမ်းသာပါတယ်။ အခုအချိန်ဟာ သူနဲ့ အတူ ကောင်းမွန်တဲ့ အခိုက်အတန့်တွေရော၊ ဆိုးတဲ့ အခိုက်အတန့်တွေ အများကြီးနဲ့ အတူရှိနေခဲ့တဲ့ ကျွန်တော့်ရဲ့ ရှစ်ကြိမ်မြောက် ရာသီ ဖြစ်ပါတယ်။ သူက အလုပ်တွဲလုပ်ရ လွယ်ကူတဲ့သူပါ။ သူက ဘောလုံး ပါရမီရှင် တစ်ယောက် ဖြစ်တယ်ဆိုတာ လူတိုင်း သိပါတယ်။ ဒါကြောင့် သူ့ဆီက ကြားရတာ တကယ် ကောင်းပါတယ်။”

လက်ရှိမှာ အသက် ၃၀ အရွယ် ဂိုးသမားဟာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းမရသေးသလို ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရသူပါ။
အဲလ်နာဆာရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားတဲ့ မန်စီးတီး

အီဒါဆင်ဟာ အမေရိကန်မှာ ကစားခဲ့တဲ့ အေစီမီလန်နဲ့ ခြေစမ်းပွဲမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပြီး ဒီပွဲမှာတော့ မန်စီးတီးက စီးရီးအေ ကလပ်ကို ၃-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ အီဒါဆင်က အခုလိုပဲ ပြောကြားသွားခဲ့ပါသေးတယ်။ အီဒါဆင်က “ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိလို့ ဒီမှာ ရှိနေရတာ ကျွန်တော် ပျော်ရွှင်နေပါတယ်။ ကျွန်တော်ရဲ့ ကြံ့ခိုင်မှု လမ်းကြောင်းပေါ် ပြန်ရောက်လာတာကိုလည်း ပျော်ပါတယ်။ အခု ကျွန်တော် အရမ်း အေးဆေးနေပါတယ်။ ဘာပဲ ဖြစ်လာလာ ဒါက ဘုရားသခင်ရဲ့ အလိုကျပါပဲ။” လို့ ဆိုပါတယ်။

အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၇ ရာသီ အတွင်း ပွဲပေါင်း ၃၃၂ ပွဲ ပါဝင်ကစားထားပါတယ်။ ဒါ့အပြင် အီဒါဆင်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး မှာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့် ၄၃ ပွဲ အထိ ကစားခွင့်ရရှိခဲ့ပါတယ်။ အကယ်၍ မန်စီးတီး အနေနဲ့ အီဒါဆင်ကို လက်လွှတ်ခဲ့မယ် ဆိုရင်တော့ ဒုတိယ ဂိုးသမား အော်တီဂါကို နေရာပေးမလား ထိပ်တန်း အဆင့် ဂိုးသမား တစ်ဦး ထပ်မံ ခေါ်ယူသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ရရှိတဲ့ သတင်းတွေ အရ ဆိုရင် မန်စီးတီးက အီဒါဆင် နေရာမှာ အစားထိုးဖို့ အတွက် ပီအက်စ်ဂျီက ဒွန်နာရမ်းမားကို စောင့်ကြည့်နေသလို အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်