နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ် နေရာမှာ ဇီဒန်းနဲ့ အစားထိုးဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ ဒွိုက်ယော့ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရာသီသစ်ကို နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်နဲ့ပဲ ဆက်လက် ဖြတ်သန်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်ရဲ့ ဂန္ထဝင် ဒွိုက်ယော့ခ် ကတော့ လက်ရှိ အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ပြီး သူ့ရဲ့ နေရာမှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းနဲ့ အစားထိုး ခန့်အပ်ဖို့ အတွက် တိုက်တွန်းသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ရာသီ ပရီးမီးယားလိဂ်မှာ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် တန်ဟက်ဂ်ရဲ့ နည်းပြ ထိုင်ခုံလည်း လှုပ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း နယ်သာလန်သားက ယူနိုက်တက် အတွက် ရာသီအကုန်မှာ အက်ဖ်အေဖလား တစ်လုံး ရယူပေးခဲ့ပြီးတော့ အိုးထရက်ဖို့ဒ်မှာ နည်းပြ သက်တမ်းရှည်ခဲ့ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ တန်ဟက်ဂ်ကို စာချုပ်သက်တမ်း တိုးခဲ့သလို အခု နွေရာသီ မှာလည်း ကစားသမားသစ် များစွာ ခေါ်ယူပြီးတော့ အကြီးစား ပြင်ဆင်မှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် ကတော့ အခုရာသီ အစပိုင်းမှာတင်ပဲ ခြေစွမ်းပိုင်း မတည်ငြိမ် ဖြစ်နေပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပွဲစဉ် ၂ မှာတော့ ဘရိုက်တန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပွဲမှာ ဘရိုက်တန်ကို ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကစားသမားသစ် ၅ ဦး အတွက် အသုံးစရိတ် စုစုပေါင်း ယူရို ၂၂၄.၅ သန်း အထိတောင် အသုံးပြုထားပါတယ်။ အကယ်၍သာ ကစားသမားသစ်တွေ ထပ်ခေါ်ဦးမယ် ဆိုရင်တော့ အငှား စာချုပ်နဲ့သာ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဇီယက်ခ်ဇီးကို ယူရို ၄၂.၅ သန်း၊ လီနီ ယိုရိုကို ယူရို ၆၂ သန်း၊ ဒီလစ်ဂျ်ကို ၄၅ သန်း၊ မက်ဇရာရီကို ၁၅ သန်း၊ အူဂါတီကို ယူရို သန်း ၆၀ နဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ယူနိုက်တက် ကတော့ အခုရာသီ အစပိုင်းမှာတင်ပဲ ခြေစွမ်းပိုင်း မတည်ငြိမ် ဖြစ်နေပြီး ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဖူလ်ဟမ်ကို ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပွဲစဉ် ၂ မှာတော့ ဘရိုက်တန်ကို ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဂန္တဝင် ကစားသမား ဒွိုက်ယော့ခ် ကတော့ နယ်သာလန်သားကို ရာထူး ကနေ ထုတ်ပယ်ဖို့ အတွက် တိုက်တွန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒွိုက်ယော့ခ်က “တန်ဟက်ဂ်ဟာ နည်းပြကောင်း တစ်ဦးပါ။ ဒါပေမဲ့ နည်းပြကောင်းနဲ့ ထိပ်တန်း နည်းပြတို့ အကြားမှာ ကွာခြားမှုတွေ ရှိပါတယ်။ ယူနိုက်တက်က ထိပ်တန်း နည်းပြ လိုအပ်နေတာပါ။ ထိပ်တန်း နည်းပြ မရမချင်း ယူနိုက်တက်က ရုန်းကန်နေရဦးမှာပါပဲ။ ယူနိုက်တက်နဲ့ ကိုက်ညီမယ့် နည်းပြ ရှိပါတယ်။ သူက ဇီဒန်း ပါပဲ။ တန်ဟက်ဂ်က ထိပ်တန်း ကစားသမားတွေကို မဆွဲဆောင်နိုင်ပေမယ့် ဇီဒန်း ကတော့ ဆွဲဆောင်နိုင်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒွိုက်ယော့ခ်က ယူနိုက်တက် အသင်း အခုလို ရလဒ်တွေ ဆိုးရွားနေဦးမယ် ဆိုရင်တော့ တန်ဟက်ဂ် အနေနဲ့ ရာထူး ကနေ ထုတ်ပယ်ခံရလိမ့်မယ်လို့လည်း ဟောကိန်းထုတ် ပြောဆိုသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်