တော့တင်ဟမ်ဟော့စပါး နည်းပြသစ် ဖြစ်လာတဲ့ ရော်ဘတ်တို ဒီဇာဘီ ကတော့ အသင်း အနေနဲ့ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရရင်တောင် နောက်ရာသီမှာ နည်းပြ အဖြစ် ဆက်ရှိနေမယ်လို့ ကတိပြုလိုက်ပါတယ်။ ရော်ဘတ်တို ဒီဇာဘီ အနေနဲ့ စပါးကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေအောင် ကယ်တင်ဖို့ ပွဲစဉ် ၇ ပွဲသာ ကျန်ရှိနေတော့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အကယ်၍သာ ချန်ပီယံရှစ်ဆီ ဆင်းသွားရရင်တောင် အသင်းကို ဆက်လက် တာဝန်ယူ ကိုင်တွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
စပါးရဲ့ လက်ရှိ အခြေအနေ
စပါးဟာ နည်းပြ အီဂေါ တူဒေါ လက်ထက်မှာ ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး တန်းဆင်းဇုန်နဲ့ တော်တော်လေး နီးကပ်သွားခဲ့တာကြောင့် ဒီဇာဘီကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၃ ပွဲဆက် နိုင်ပွဲ မရသေးဘဲ (၅ ပွဲ သရေ၊ ၈ ပွဲ ရှုံး) အသင်း သမိုင်းတစ်လျှောက် ဒုတိယမြောက် အဆိုးရွားဆုံး မှတ်တမ်းနဲ့ တူညီနေခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးက ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ တစ်ပွဲမှ မရသေးပါဘူး။ လက်ရှိ ၃၁ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၀ သာ ရရှိထားတာဟာ ၁၉၁၄-၁၉၁၅ ဘောလုံး ရာသီက မှတ်တမ်းဆိုးနဲ့ အတူ အသင်းသမိုင်းမှာ အနိမ့်ဆုံး ရမှတ် စံချိန်လည်း ဖြစ်နေပါတယ်။
ရော်ဘတ်တို ဒီဇာဘီရဲ့ ယုံကြည်ချက်

အသက် ၄၆ နှစ် အရွယ် အီတလီ လူမျိုး နည်းပြ ဒီဇာဘီဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ ရေရှည်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ Opta ရဲ့ တွက်ချက်မှုအရ စပါးက တန်းဆင်း ရနိုင်ခြေ ၂၇.၅ ရာခိုင်နှုန်း အထိ အခွင့်အရေး ရှိနေပေမယ့် ဒီဇာဘီ ကတော့ စိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်လို့ ရော်ဘတ်တို ဒီဇာဘီက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော် စပါး အသင်းရဲ့ ပွဲစဉ်တွေကို အများကြီး ကြည့်ခဲ့ပါတယ်။ ကစားသမားတွေ ကိုလည်း ကောင်းကောင်း သိပါတယ်။ အခုက လူတိုင်း အတွက် ခက်ခဲတဲ့ အချိန်ဖြစ်ပေမယ့် ဒီအခြေအနေ ကနေ ရုန်းထွက်နိုင်မယ့် အရည်အချင်းတွေ ကျွန်တော်တို့ ဆီမှာ ရှိနေပါတယ်။ ကစားသမားတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည် တည်ဆောက်ပေးရမှာပါ။” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဒီဇာဘီက “ကျွန်တော် ၅ နှစ် စာချုပ် ချုပ်ခဲ့တာက ဒါဟာ စိန်ခေါ်မှုကြီး တစ်ခုမို့လို့ပါ။ ဘာပဲဖြစ်ဖြစ် နောက်ရာသီမှာ ကျွန်တော်ဟာ စပါး အသင်းရဲ့ နည်းပြ အဖြစ် ဆက်ရှိနေမှာပါ။” လို့ အတည်ပြုခဲ့ပါတယ်။
ရှေ့ဆက်ရမယ့် အခြေအနေ
ဒီဇာဘီဟာ ဘရိုက်တန်ကို ၂ ရာသီနီးပါး ကိုင်တွယ်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ နည်းပြ တစ်ဦး ဖြစ်ပါတယ်။ သူဟာ စပါး နည်းပြ အဖြစ် ပထမဆုံး ပွဲစဉ်ကို လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ ဆန်းဒါးလန်းနဲ့ အဝေးကွင်းမှာ စတင် ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဒီဇာဘီက အသင်းရဲ့ ကစားကွက်ပုံစံနဲ့ သမိုင်းကြောင်းကို အခြေခံပြီး ကောင်းမွန်တဲ့ အနာဂတ် တစ်ခုကို ပြန်လည် တည်ဆောက်သွားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
တဖက်မှာလည်း စပါးရဲ့ အဓိက ကစားသမား တချို့ ဒဏ်ရာပြဿနာ ကနေ ပြန်လည် သက်သာလာခြင်းနဲ့ အတူ လူစာရင်းက အနည်းငယ် ပြန်လည် တောင့်တင်းလာနေပါတယ်။ ဒါပေမယ့်လည်း ရှုံးပွဲတွေ ဆက်နေတာကြောင့် စိတ်ဓာတ်ပိုင်း ကျိုးကြေနေတဲ့ စပါးတို့ အရည်အသွေးရှိတဲ့ နည်းပြသစ်နဲ့ အတူ သူတို့ရဲ့ အိမ်မက်ဆိုးနဲ့ လမိုက်ညတွေ အောက်ကနေ အလျင်မြန်ဆုံး ပြန်လည် ရုန်းထနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


