နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၅ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခံခဲ့ရတဲ့ ဒါဝင် နူညက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူညက်ဇ် ကတော့ ၅ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ကြေး ပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ ကိုလံဘီယာကို ၀-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အပြီးမှာ ပွဲကြည့်စင်ပေါ် တက်ပြီး ကိုလံဘီယာ ပရိသတ်တွေနဲ့ ခိုက်ရန် ဖြစ်ပွားခဲ့တာကြောင့် ၅ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က ကစားခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ဥရုဂွေး ၀-၁ ကိုလံဘီယာပွဲ အပြီးမှာ အကျဉ်းတန် ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့သလို ဒါဝင် နူညက်ဇ်နဲ့ သူ့ရဲ့ ဥရုဂွေး အသင်းဖော်တွေက ပွဲကြည့်စင်ပေါ် တက်ပြီး ကိုလံဘီယာ ပရိသတ်တွေနဲ့ ခိုက်ရန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ ကိုလံဘီယာ ပရိသတ်တွေဟာ ဒါဝင် နူညက်ဇ်ရဲ့ မိသားစုဝင်တွေ ရှိတဲ့ နေရာမှာ ရန်ပွဲတွေ ဖြစ်ခဲ့တာကြောင့် ဝင်ရောက် တားဆီး ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က များပြားလှတဲ့ ကိုလံဘီယာ ပရိသတ်တွေဟာ ဥရုဂွေး လက်ရွေးစင် ကစားသမားတွေရဲ့ မိသားစုတွေကို ရန်လိုခဲ့တဲ့ အတွက် ကစားသမားများ အနေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကာကွယ်ရန် အလို့ငှာ ပွဲကြည့်စင်ပေါ်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဥရုဂွေး တိုက်စစ်မှူး ဒါဝင်နူညက်ဇ်ဟာ ပွဲကြည့်စင်ပေါ်သို့ မတက်မီ ကိုလံဘီယာ ပရိသတ်တွေကို ကွင်းအတွင်း ကနေ ခုံဖြင့် လှမ်းပေါက်ရန် ကြိုးစားခဲ့ပြီး လုံခြုံရေးများက တားဆီးခဲ့ရပါသေးတယ်။

နူညက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၁၈ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးထားခဲ့ပါတယ်။
လစ်ဗာပူးလ် ကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ခဲ့သေးတဲ့ နူညက်ဇ်

အဲဒီနောက် ဒါဝင်နူညက်ဇ်က ဥရုဂွေး အသင်းဖော်တွေနဲ့ အတူ ပွဲကြည့်စင်ပေါ်ကို တက်ရောက်ခဲ့ပြီး ကိုလံဘီယာ ပရိသတ်တွေနဲ့ ခိုက်ရန် ဖြစ်ပွားခဲ့ကာ လက်သီးနဲ့ ထိုးကြိတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အမှန်တကယ် အထိုးခံခဲ့ရသူ ကတော့ သူကိုယ်တိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လက်ရှိမှာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)က အဲဒီ ဖြစ်ရပ်မှာ ပါဝင်ခဲ့ကြတဲ့ ဒါဝင် နူညက်ဇ်နဲ့ ဥရုဂွေး ကစားသမားတွေကို ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေတွေ အသီးသီး ချမှတ်ခဲ့ပါတယ်။ CONMEBOL က အဲဒီ ဖြစ်ရပ် အတွက် လစ်ဗာပူးလ် တိုက်စစ်မှူး ဒါဝင်နူညက်ဇ်ကို နိုင်ငံတကာ ၅ ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေ ယူရို ၂၀၀၀၀ ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် အဆိုပါ ဖြစ်ရပ်မှာ ပါဝင်ခဲ့သည့် ဥရုဂွေး ကစားသမား ၁၁ ဦးမှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခံခဲ့ရပြီး ဒါဝင် နူညက်ဇ် ကတော့ အများဆုံး ဖြစ်ပါတယ်။ ဘန်တန်ကာက ၄ ပွဲပယ် ပြစ်ဒဏ်၊ အိုလီဗီယာ၊ အာရူဟိုနှင့် ဟီမင်နက်ဇ် တို့ကတော့ ၃ ပွဲပယ် ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး တခြားသော ဥရုဂွေး ကစားသမား ၆ ဦး ကတော့ ဒဏ်ငွေတွေ ချမှတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒါဝင် နူညက်ဇ်ဟာ ပရီးမီးယားလိဂ် ရာသီသစ်မှာ လစ်ဗာပူးလ် အတွက် ၁၈ မိနစ်သာ ဝင်ရောက် ကစားထားခဲ့ရသေးပြီး ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ဖြစ်ပါတယ်။ နူညက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅၄ ပွဲမှာ ၁၈ ဂိုး သွင်းပြီး ၁၃ ဂိုး ဖန်တီးထားခဲ့ပါတယ်။ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်တွေဟာ နိုင်ငံလက်ရွေးစင် အသင်း အတွက်သာ အကျုံးဝင်တာကြောင့် ဒါဝင် နူညက်ဇ်နဲ့ အတူ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကစားသမားတွေ အနေနဲ့ ကလပ် အသင်းတွေ အတွက် ကစားနိုင်မှာ ဖြစ်ပါတယ်။ ဒါဝင် နူညက်ဇ် အနေနဲ့ အခု ပြစ်ဒဏ်ကြောင့် ပါရာဂွေး၊ ဗင်နီဇွဲလား၊ ပီရူး၊ အီကွေဒေါ၊ ကိုလံဘီယာ တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကို လွဲချော်မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်