နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကြိတ်အနယ် ကစားပြီး တစ်မှတ်စီ ခွဲယူခဲ့တဲ့ ပဲလေ့စ်နဲ့ ဘန်လေ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ခရစ္စတယ်ပဲလေ့စ် ၁-၁ ဘန်လေ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘန်လေတို့ ဆဲလ်ဟတ်ပါ့ခ်မှာ အကြိတ်အနယ် ကစားပြီး တစ်ဖက် တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ပဲလေ့စ်တို့ ဘန်လေကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း စောစောစီးစီး သွင်းနိုင်ခဲ့ပေမယ့် ဒုတိယပိုင်း မီလီဗိုဂျီဗစ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် အိမ်ကွင်းမှာ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်တယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ခရစ္စတယ်ပဲလေ့စ်တို့ ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဇာဟာ၊ အိုလစ်ဆီ၊ ရှလက်ပ်၊ ကွင်းလယ်မှာ ဂယ်လက်ဂါ၊ မက်အာသာ၊ မီလီဗိုဂျီဗစ်၊ ခံစစ်နဲ့ ဂိုး မှာတာ့ ဂီဟီ၊ အန်ဒါဆင်၊ မစ်ချယ်၊ ကလိုင်းနဲ့ ဘတ်လန်းတို့ ပါဝင်လာခဲ့ပါတယ်။ ဘန်လေ ကတော့ နောက်ပိုင်း ပွဲတွေမှာ အထိုင်ကျလာတဲ့ ၄-၄-၂ ကစားကွက်နဲ့ ပြန်လည် ရင်ဆိုင်ခဲ့ပြီး ဝတ်ဝက်ဂ်ဟော့စ်၊ ဂျေးရိုဒရီဂတ်ဇ် တိုက်စစ် အတွဲအဖက်နဲ့ အတူ လန်နွန်၊ မက်နေးလ်၊ ဘရောင်းဟေးလ်၊ ကော့ခ်၊ ပိုင်တားစ်၊ ဘန်မီး၊ တာကောစကီး၊ ရောဘတ်စ်၊ နစ်ခ် ပုပ်တို့ပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံး မြင့်တက်နေတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ ၃ မှတ် အပြည့် ရရေး အားစိုက် ကစားခဲ့ကြပြီး ခြေစွမ်းပိုင်း မှာတော့ အိမ်ရှင် ပဲလေ့စ်တို့ အသာရခဲ့ပါတယ်။ ပွဲစကတည်းက ဗီအဲရာရဲ့ အသင်းက အချိတ်အဆက် မိမိနဲ့ တိုက်စစ် ပုံဖော်နိုင်ခဲ့ပြီး ဘန်လေ ကတော့ ထုံးစံ အတိုင်း ခံစစ် အားပြုပြီး တန်ပြန် တိုက်စစ်နဲ့ပဲ ကစားခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ် မှာတော့ ခရစ္စတယ်ပဲလေ့စ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး မိုက်ကယ် အိုလစ်ဆီရဲ့ တောင်ပံ ကနေ ဖြတ်တင် ပေးပို့မှုကို ဂိုးရှေ့မှာ အသင့် ရှိနေတဲ့ ဂျက်ဖရေး ရှလက်ပ်က ပြေးဝင် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် တောင်ပံ နှစ်ဖက်က ဇာဟာနဲ့ အိုလစ်ဆီရဲ့ အတိုးအလှုပ်တွေကို ဘန်လေ နောက်ခံလူတွေ သတိထား ထိန်းချုပ်နေခဲ့ရပြီး အိုလစ်ဆီရဲ့ ပထမအကြိမ် ကန်ချက် ဂိုးဘားတန်းပေါ်က အနည်းငယ် ကျော်သွားခဲ့သလို နောက်ထပ် တစ်ကြိမ် ကန်ချက် ကိုလည်း ဂိုးသမား နစ်ခ်ပုပ် ကာကွယ်နိုင်ခဲ့ပါတယ်။

ပဲလေ့စ်တို့ ဒီပွဲနိုင်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရလို့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ခရစ္စတယ်ပဲလေ့စ်

ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ ဘန်လေတို့ မထင်မှတ်ပဲ ချေပဂိုး ရသွားခဲ့ပါတယ်။ တောင်ပံက အာရွန် လန်နွန် ပြန်ချိုးပေးတဲ့ ဘောလုံးကို ပဲလေ့စ် အသင်းခေါင်းဆောင် လူကာ မီလီဗိုဂျီဗစ် တားဆီးရာ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲချိန်တွေမှာ နှစ်သင်းလုံး အနိုင်ဂိုး ရဖို့ ပိုပြီး အားစိုက်လာခဲ့လို့ ပွဲက တော်တော်လေး ကြည့်ကောင်းခဲ့ပေမယ့် သွင်းဂိုးတွေတော့ ထပ်မရခဲ့ကြပါဘူး။ ဝက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချက် ကောင်းပေမယ့် ဂိုးလွန်ဘောသာ ဖြစ်ခဲ့ရသလို ဇာဟာရဲ့ ကန်ချက် နှစ်ကြိမ်မှာ တစ်ကြိမ်ကို နစ်ခ်ပုပ် ကာကွယ်နိုင်ခဲ့ပြီး နောက်တစ်ကြိမ် ကတော့ တိုင်ထိ ထွက်ခဲ့လို့ ၁-၁ ရလဒ် နဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာလည်း ပဲလေ့စ်ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို ထပ်မံ မြင်တွေ့ခဲ့ရပြီး တိုက်စစ်က ဇာဟာ၊ အိုလစ်ဆီနဲ့ ရှလက်ပ် တို့လည်း ပြိုင်ဘက် နောက်တန်းကို တော်တော်လေး အလုပ် ရှုပ်စေနိုင်ခဲ့ပါတယ်။ ဘန်လေ နောက်တန်းနဲ့ နစ်ခ်ပုပ်ရဲ့ ကာကွယ်မှုတွေနဲ့ ကံမကောင်းခဲ့လို့သာ ပဲလေ့စ်တို့ လိုချင်တဲ့ ၃ မှတ် အပြည့်မရခဲ့တာ ဖြစ်ပါတယ်။ ခံစစ်ပဲ အားပြု ကစားခဲ့ရပေမယ့် အခွင့်အရေး ရရင် ရသလို အသုံးချနိုင်တဲ့ ရှောင်ဒိုက်ချ်ရဲ့ အသင်း ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ်။

ပဲလေ့စ်တို့ ဒီပွဲနိုင်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာ တက်လှမ်းနိုင်မှာ ဖြစ်ပေမယ့် သရေ ၁ မှတ်နဲ့ပဲ ကျေနပ်ခဲ့ရလို့ အဆင့် ၁၁ နေရာမှာ ဆက်လက် ရပ်တည်ခဲ့ရပါတယ်။ ရရင် ရသလောက် အမှတ်ယူနေတဲ့ ဘန်လေ အတွက် ကတော့ အဖိုးတန် ၁ မှတ် ရခဲ့ခြင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် တန်းဆင်းဇုန် ထဲမှာ ဆက်လက် ရပ်တည်နေပေမယ့် အဆင့် ၁၅ နေရာက ဘရန့်ဖို့ဒ်ထက် ၃ပွဲလျော့ ကစားပြီး ၃ မှတ်သာ ကွာဟတာကြောင့် အခြေအနေ ပြန်ကောင်းလာခဲ့ပြီလို့ ပြောလို့ ရပါတယ်။


လာမယ့်ပွဲစဉ်များ

ရစ္စတယ်ပဲလေ့စ်တို့ လာမယ့် မတ်လ ၂ ရက်နေ့မှာ စတုတ်ခ်စီးတီးနဲ့ အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ် ကစားရဖို့ ရှိပြီး ဘန်လေ ကတော့ လက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ် ပွဲကျန် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်