နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း ရှုံးပွဲ ဆက်ခဲ့တဲ့ ကွန်တီရဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး ၀ – ၂ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

တော့တင်ဟမ်ဟော့စပါး ကတော့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်ကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ၂ ဂိုးပြတ် ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ဆောက်သမ်တန်ကို အိမ်ကွင်းမှာပဲ ရှုံးနိမ့်ထားခဲ့တဲ့ စပါးတို့ ၂ ပွဲဆက် အရှုံးနဲ့ အတူ အဆင့် ၈ နေရာ ဆင်းခဲ့ရပြီး နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တဲ့ ဝုဗ် ကတော့ အဆင့် ၇ နေရာကို တက်လှမ်းလာနိုင်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

အခုပွဲမှာ ကွန်တီရဲ့ အသင်းက နောက်ပိုင်း ပွဲတွေမှာ အသုံးများလာတဲ့ ၃-၄-၃ ကစားကွက်နဲ့ အတူ တိုက်စစ်မှာ ကိန်း၊ လူးကပ်စ် မော်ရာ၊ ဆွန်ဟောင်မင်၊ ကွင်းလယ်မှာ ဆက်ဂ်ဆနွန်၊ ဘန်တန်ကာ၊ ဝင့်ခ်၊ ဒိုဟာတီ၊ နောက်တန်းနဲ့ ဂိုးမှာတော့ ဆန်းချက်ဇ်၊ ရိုမဲယို၊ ဘန်ဒေးဗီးစ်၊ ဟူဂို လိုရစ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဘရုနိုလာ့ချ်ရဲ့ အသင်း ကတော့ ဂျင်မီနက်ဇ်နဲ့ ပိုဒန့်စ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဂျာအို မော်တင်ဟို နေရာမှာ ကန်ဒဲလ်ကို ပွဲထွက်စေခဲ့ပြီး ရူဘင်နီးဗက်စ်၊ ဒန်ဒွန်ကာ၊ ဆီမီဒို၊ ကိုဒီ၊ ဆာအိစ်၊ ဂျိုဆေး ဆား တို့လို အဓိက ကစားသမားတွေနဲ့ လူစုံခဲ့ပါတယ်။

လာလီဂါ
အယ်လ်ချီ
ဗယ်လက်ကာနို
1X2 သရေ @ 2.88
ဂိုးအောက် 2.00 @ 2.08
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.42
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်မှာ မထင်မှတ်ပဲ ဆောက်သမ်တန်ကို ရှုံးနိမ့်ထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးတို့ ဒီနေ့ပွဲ မှာလည်း ပွဲအစပိုင်း အထနှေးမှုကြောင့် စောစောစီးစီး ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲချိန် ၆ မိနစ်မှာ ရူဘင်နီးဗက်စ်၊ ဒန်ဒွန်ကာတို့ရဲ့ ကန်ချက်တွေကို လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့ ဘောလုံးကို ရာအူးလ် ဂျင်မီနက်ဇ်က ရင်ဘတ်နဲ့ တစ်ချက်ထိန်းပြီး မြေမကျ အပြင်း ကန်သွင်းသွားခဲ့လို့ ဝုဗ်တို့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ အဲ့နောက် လိုရစ်နဲ့ နောက်ခံလူတွေ လူပေးမှားရာကနေ ပိုဒန့်စ် ပိတ်သွင်းတာကို လိုရစ် ကာကွယ်နိုင်ခဲ့ပေမယ့် ဒန်ဒွန်ကာက ထပ်ဆင့် ပိတ်သွင်းသွားခဲ့ပြန်လို့ ပွဲချိန် မိနစ် ၂၀ အတွင်းမှာပဲ ဝုဗ်တို့ ၂ ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဆွန်ဟောင်မင်နဲ့ ထိုးဖောက်မှုတွေကို ဝုဗ် နောက်တန်းက ကေးလ်မန်း၊ ကိုဒီနဲ့ ဆာအိစ်တို့ အမှားနည်းနည်းနဲ့ တားဆီးနိုင်ခဲ့သလို ဟယ်ရီဝင့်ခ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် စပါးတို့ ချေပဂိုးတွေနဲ့ ဝေးခဲ့ရပါတယ်။ အဲ့နောက် ပွဲပြီးခါနီး ကူလူဆက်ဗ်စကီးရဲ့ ကန်ချက် တိုင်ဘေးနားက ထွက်သွားခဲ့ပြီး ခရစ္စတီယန် ရိုမဲယိုရဲ့ အပိုင် ခေါင်းတိုက်ချက်ကို ဂျိုဆေးဆား ကာကွယ်သွားနိုင်ခဲ့လို့ ၀-၂ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး စပါးတို့ အိမ်ကွင်း ၂ ပွဲဆက် ရှုံးပွဲ တွေ့သွားခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဝုဗ်ကတော့ လန်ဒန် မြို့ခံပြိုင်ဘက် နှစ်သင်းနဲ့ ပွဲဆက် ကစားခဲ့ရပေမယ့် အာဆင်နယ်နဲ့ အရှုံးကို စပါးကွင်းမှာ ပေါက်ကွဲ ပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ကွန်တီ ကတော့ ပြီးခဲ့တဲ့ ပွဲမှာ စပါးကို သူ စတင် ကိုင်တွယ်ချိန်က စပြီး ပထမဦးဆုံး အိမ်ကွင်း ရှုံးပွဲ တွေ့ခဲ့ရသလို အခုပွဲမှာ ထပ်ပြီး ရှုံးနိမ့်ခဲ့တာကြောင့် ပိုပြီး စိတ်ပျက်စရာ ကောင်းခဲ့မှာ အသေအချာပါပဲ။ စပါးဟာ လက်ရှိမှာ အသင်းလိုက် ဟန်ချက် ပျက်နေပုံရပြီး ကွန်တီရဲ့ နည်းစနစ်နဲ့ရော ကိုက်ညီမှု ရှိရဲ့လား ဆိုတာ ပြန်လည် သုံးသပ်ရတော့မယ့် အခြေအနေ ဖြစ်နေပါပြီ။ ဒါ့အပြင် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ဘန်တန်ကာနဲ့ ကူလူဆက်ဗ်စကီး တို့ဟာ Panic Buying ဖြစ်နေပြီလား ဆိုတာ မေးခွန်းထုတ်စရာ ရှိလာခဲ့ပြီး ဒီကစားသမားတွေကို ဘယ်လိုမျိုး အကျိုးရှိအောင် အသုံးပြုမလဲ ဆိုတာ ကတော့ ကွန်တီ အပေါ်မှာပဲ မူတည်နေခဲ့ပါပြီ။ ဝုဗ် ကတော့ အံ့အားသင့်စရာ ခြေစွမ်းနဲ့ စပါးကို အနိုင်ရတယ် ဆိုတာထက် စပါးရဲ့ အားနည်းချက်တွေကို အမိအရ အသုံးချနိုင်ခဲ့လို့ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိသွားတယ် လို့ပဲ မြင်ပါတယ်။

ပွဲအပြီး မှာတော့ စပါးတို့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်မှုနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၈ နေရာ အထိ ဆင်းပေးခဲ့ရပါတယ်။ ဒါပေမယ့် အဆင့် ၄ နေရာက ဝက်စ်ဟမ်းထက် ၃ ပွဲလျော့ ကစားပြီး ၅ မှတ်သာ ကွာဟနေတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ကတော့ အပြည့်အဝ ရှိနေဆဲလို့ ပြောလို့ ရပါတယ်။

ဝုဗ်ကတော့ လန်ဒန် မြို့ခံပြိုင်ဘက် နှစ်သင်းနဲ့ ပွဲဆက် ကစားခဲ့ရပေမယ့် အာဆင်နယ်နဲ့ အရှုံးကို စပါးကွင်းမှာ ပေါက်ကွဲ ပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အဆင့် ၇ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ ဝုဗ်ဟာလည်း စပါး၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက် တို့နည်းတူ ဥရောပဝင်ခွင့် အတွက် ရုန်းနေတဲ့ အသင်း ဖြစ်ပြီး လက်ရှိ အခြေအနေ အရဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်ပါ မျှော်လင့်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ ရပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းလုံး ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲကြပ် ကိုယ်စီ ကစားရဖို့ ရှိနေပြီး တော့တင်ဟမ်ဟော့စပါးက မန်ချက်စတာစီးတီး အိမ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်သလို ဝုဗ် ကတော့ လက်စတာစီးတီး ကတော့ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်