နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီတီဟတ်မှာဝက်စ်ဟမ်းကို ရှုံးကြွေး ပြန်ဆပ်မယ့် မန်စီတီး| မန်ချက်စတာစီးတီး – ဝက်စ်ဟမ်းယူနိုက်တက် (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာစီးတီး – ဝက်စ်ဟမ်းယူနိုက်တက်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နေတဲ့ မန်ချက်စတာစီးတီးနဲ့ ဝက်စ်ဟမ်းယူနိုက်တက် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကလည်း ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ်တွေ ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း ပိုပြီး တည်ငြိမ်လာတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကို ခြေစွာနေတဲ့ ဝက်စ်ဟမ်းတို့ လိဂ်ဖလား ပွဲစဉ်တုန်းက လိုမျိုး ခက်ခဲစေနိုင်ဦးမလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

မန်စီးတီးတို့ ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ် မှာပါ ပွဲကြပ်တွေ တောက်လျောက် ကစားခဲ့ရပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ အတူ ရလဒ်ကောင်းတွေ ရှာဖွေထားနိုင်ဆဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန် အထိ စပါးနဲ့ ခရစ္စတယ်ပဲလေ့စ်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာ ကလွဲရင် ကျန် ၁၀ ပွဲမှာ ၈ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ် ရရှိအောင် စွမ်းဆောင် ထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့တုန်းက အဓိက တိုက်စစ်မှူး မခေါ်ယူနိုင်ခဲ့တဲ့ အားနည်းချက်ကို အသင်းမှာ ရှိတဲ့ ရာဟင်းမ် စတာလင်၊ ဂါဘရီရယ် ဂျီဆုစ်၊ ဆေးလ်ဗား၊ ဖိုဒန်၊ မာရက်ဇ်၊ ဂွန်ဒိုအန် တို့လို ကစားသမားတွေ နဲ့ပဲ အကောင်းဆုံး ဖြေရှင်းထားနိုင်ဆဲ ဖြစ်ပါတယ်။ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ရဂိုး ၂၅ ဂိုး၊ ပေးဂိုး ၆ ဂိုး၊ ချန်ပီယံလိဂ်မှာ ရဂိုး ၁၇ ဂိုး၊ ပေးဂိုး ၈ ဂိုး ဆိုတဲ့ အချက်အလက်တွေက မန်စီးတီးဟာ လက်ရှိ ဥရောပရဲ့ တိုက်စစ် အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ကြောင်း သက်သေပြနေပါတယ်။ ဒီတစ်ပတ်မှာ အမှတ်ပေးဇယား ထိပ်ဆုံးက ချဲလ်ဆီးတို့ ယူနိုက်တက်နဲ့ ပွဲကြပ် ကစားဖို့ ရှိနေတာကို မန်စီးတီး အနေနဲ့ အခွင့်ကောင်းယူရမှာ ဖြစ်လို့ အမှားခံ မှာတော့ မဟုတ်ပါဘူး။ ပပ်ဂွာဒီယိုလာရဲ့ အသင်းမှာခြေဖဝါး ဒဏ်ရာရှိနေတဲ့ ဖရန်းတောရက်စ်၊ ကိုဗစ် ၁၉ ကူးစက်ခံထားရတဲ့ ဒီဘရိုင်းနား တို့က လွဲလို့ လူစုံပါဝင်လာမယ့် အခြေအနေ ရှိနေပြီးဂရီးလစ်ရှ်လည်း ပြန်ကစားနိုင်ချေ ရှိနေတယ်လို့ သိရပါတယ်။

ဝက်စ်ဟမ်းကတော့ပရီးမီးယားလိဂ်နိုင်ပွဲတွေဆက်နေခဲ့ပေမယ့်ပြီးခဲ့တဲ့ပွဲမှာတော့ဝုဗ်ကိုမထင်မှတ်ပဲရှုံးနိမ့်ခဲ့လို့အမှတ်ပေးဇယားအဆင့်၄နေရာပြန်ဆင်းထားရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် နိုင်ပွဲတွေ ဆက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာတော့ ဝုဗ်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့လို့ အမှတ်ပေးဇယား အဆင့် ၄ နေရာ ပြန်ဆင်းထားရပါတယ်။ စပါး၊ ဗီလာနဲ့ လစ်ဗာပူးလ် တို့ကို အကောင်းဆုံး ခြေစွမ်းနဲ့ ချိုးဖျက်ပြခဲ့ပြီးမှ စိတ်ပျက်စရာ ခြေစွမ်းနဲ့ဝုဗ်ကို ရှုံးနိမ့်ခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒေးဗစ်မွိုက်စ်ရဲ့ အသင်းက ပွဲပန်းနေတယ် ဆိုတာ သိသာပါတယ်။ ဒါပေမယ့် သောကြာနေ့က ကစားခဲ့တဲ့ ယူရိုပါလိဂ် အဝေးကွင်း ပွဲစဉ် မှာတော့ ရက်ပစ် ဝီရင်ကို ၂-၀နဲ့ အနိုင်ယူပြီး ပုံစံကောင်း တစ်ခု ပြန်ရခဲ့သလို အခုပွဲ အတွက်လည်း စိတ်ဓာတ် ခွန်အား အပြည့် ရထားပါတယ်။ ဒါ့အပြင် အော့ဂ်ဘွန်နာ ကလွဲပြီး ကျန်အဓိက ကစားသမား အားလုံး ပြန်ကစားနိုင်ဖို့ ရှိတာကလည်း ဝက်စ်ဟမ်း အတွက် အားတက်စရာပဲ ဖြစ်ပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

သမိုင်းတစ်လျှောက် အကြိမ် ၄၀ ထိ ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ကြပြီး မန်ချက်စတာစီးတီးက ၂၄ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ၉ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပြီး အီတီဟတ်ကွင်းက ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာလည်း မန်စီးတီးက ၁-၀၊ ၂-၀၊ ၂-၁ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားတာ တွေ့ရပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
မန်ချက်စတာစီးတီး – ဝက်စ်ဟမ်းယူနိုက်တက်အချိန်ပြည့် ဂိုးပေါ် ၃.၀၀ @ ၁.၈၂ ဆ
နိုဝင်ဘာလ ၂၈ ရက်၊ ည ၈:၃၀ နာရီ ( GMT+ ၆:၃၀)

1X2ရဲ့ ပေါက်ကြေး အရ မန်စီးတီး အတွက် ၁.၂၈ ဆ၊ သရေ အတွက် ၅.၆၀ ဆ၊ ဝက်စ်ဟမ်း အတွက် ၈.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ ခြေစွမ်း ထက်မြတ်နေတဲ့ အသင်း ၂ သင်း ကစားမယ့် ပွဲဖြစ်နေလို့ ရလဒ်ပိုင်း အရ ခန့်မှန်းရတာ အန္တရာယ် များပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအရ ဆိုရင် မန်စီးတီးတို့ အပြတ်အသတ် အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ ဝေခွဲရခက်တာတွေ အများကြီး ရှိလာနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ အနိုင်/အရှုံးထက် နှစ်သင်းလုံးက တိုက်စစ် အားသန်တဲ့ အသင်းတွေ ဖြစ်လို့ ဂိုးပေါင်းကို ပိုပြီး စိတ်ဝင်စားသင့်တယ်လို့ ထင်ပါတယ်။ အပြန်အလှန် ဂိုးတွေ သွင်းမယ်လို့ မျှော်လင့်ရပြီး ၁.၈၂ ဆ ရမယ့် ဂိုးပေါင်း ၃ ဂိုးနဲ့ အထက် ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်