နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အပြန်အလှန်သွင်းဂိုးတွေရှိလာနိုင်ပြီးဂိုးအများနဲ့ချဲလ်ဆီးကိုပဲရွေးချယ်စေချင်ပါတယ်| လက်စတာစီးတီး – ချဲလ်ဆီး (ပရီးမီးယားလိဂ်ပွဲကြိုသုံးသပ်ချက်)

လက်စတာစီးတီး – ချဲလ်ဆီး

အခုတစ်ပတ် စနေနေ့ညရဲ့ အစောဆုံး ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံဖို့ရှိနေပြီး ပရိတ်သတ် အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာသေချာပါတယ်။ နှစ်သင်းလုံးအတွက်အရေးပါဆုံးအခြေအနေပါ။အိမ်ရှင်လက်စတာအတွက်ကတော့အမှတ်ပေးဇယားထိပ်ပိုင်းကိုပြန်ရောက်ဖို့အတွက်အိမ်ကွင်းမှာနိုင်ပွဲရဖို့လိုအပ်နေပါတယ်။ချဲလ်ဆီးကလည်းအဆင့်၁နေရာမှာဆက်ပြီးရပ်တည်နိုင်ဖို့အတွက်အမှားခံလို့မရပါဘူး။ပြိုင်ဘက်အသင်းတွေပွဲကြပ်နေမှုကိုအခွင့်ကောင်းယူဖို့အတွက်နှစ်သင်းလုံးမှာအခွင့်အရေးကိုယ်စီရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လာလီဂါ

ဆီဗီလာ FC

အလာဗတ်ဇ်

နောက်ဆုံးကြေးများအား ကြည့်ရှုရန်

 

ပရီးမီးယားလိဂ်ပွဲစဉ်၁၁အပြီးရှုံးပွဲ၄ပွဲအထိရှိထားတဲ့လက်စတာရဲ့အခြေအနေကသိပ်အကောင်းကြီးမဟုတ်သေးပါဘူး။အထူးသဖြင့်တိုက်စစ်ပိုင်းကလိုအပ်ချက်မှီတယ်ဆိုပေမယ့်ခံစစ်ကပေးဂိုးများနေခဲ့တာကအဓိကပြဿနာပါ။ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာလည်းရလဒ်ကောင်းရဖို့ရုန်းကန်နေရဆဲပါပဲ။၁ပွဲနိုင်၊၁ပွဲရှုံး၊၃ပွဲသရေရလဒ်ရရှိထားသလိုခံစစ်ပိုင်းက၇ဂိုးပေးထားရပြီးတိုက်စစ်က၆ဂိုးပဲရရှိထားကိုကြည့်ရင်သိနိုင်ပါတယ်။အဓိကအချက်ကတော့ဒဏ်ရာရကစားသမားများပြားခြင်းနဲ့အတူတိုက်စစ်မှူးဗာဒီအပေါ်မှီခိုလွန်းနေတာပါပဲ။လာမယ့်ပွဲစဉ်မှာလည်းဒဏ်ရာရကစားသမားများနေတဲ့အတွက်အိမ်ရှင်တို့အခက်အခဲတွေရှိလာနိုင်ပါတယ်။အဓိကကွင်းလယ်ကစားသမားတီလယ်မန်းစ်၊ဂျက်စတင်တို့အပြင်ဘာထရန်၊အယ်လ်ဘရိုက်တန်တို့ဒဏ်ရာပြဿနာရှိနေခဲ့တာပါ။ဒါပေမယ့် ဂိုးသွင်းခြေရနေတဲ့တောင်ပံကစားသမားဘာနက်စ်နဲ့လွတ်ခ်မန်းတို့ကြံ့ခိုင်မှုအပြည့်ရှိနေတာကတော့အားသာချက်ဖြစ်လာနိုင်ပါတယ်။ဂျေမီဗာဒီကပဲအသင်းကိုဦးဆောင်လာနိုင်တဲ့အခြေအနေမှာမက်ဒီဆင်၊အန်ဒီဒီ၊ဆိုရန်ချူး၊ပီရီယာ၊အီဗန်စ်တို့ကိုပွဲထွက်လူစာရင်းမှာမြင်တွေ့ရဖို့ရှိနေပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်၁၁အပြီးရှုံးပွဲ၄ပွဲအထိရှိထားတဲ့လက်စတာရဲ့အခြေအနေကသိပ်အကောင်းကြီးမဟုတ်သေးပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ချဲလ်ဆီးကတော့နေရာမှန်ကိုရောက်ရှိနေတယ်လို့ပဲဆိုရမှာပါ။အဓိကတိုက်စစ်မှူးတွေဒဏ်ရာရနေပေမယ့်အသင်းရဲ့သွင်းဂိုးအရေအတွက်ကကျဆင်းမသွားပါဘူး။အထူးသဖြင့်နေရာစုံကနေဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားခြင်းနဲ့အတူအဆင့်၁နေရာကိုသိမ်းပိုက်ထားတာပါ။ပြိုင်ပွဲစုံနောက်ဆုံး၅ပွဲမှာ၃ပွဲနိုင်၊၂ပွဲသရေရလဒ်နဲ့အတူပွဲတိုင်းဂိုးသွင်းထားနိုင်ခဲ့ပါတယ်။တိုက်စစ်က၁၃ဂိုးသွင်းပြီး၂ဂိုးပဲပြန်ပေးထားရတဲ့အခြေအနေကထိပ်တန်းအသင်းတစ်သင်းပီသလွန်းနေပါတယ်။ခံစစ်၊တိုက်စစ်အမျှတဆုံးရှိနေသလိုကစားသမားနဲ့နည်းပြအကြားဆက်ဆံမှုကောင်းကအသင်းကိုလမ်းကြောင်းမှန်ပေါ်ဆက်ရှိနေစေတာပါ။အဓိကအချက်ကတော့ဒဏ်ရာရကစားသမားတွေနေရာမှာအစားထိုးဖို့အရံကစားသမားအသင့်ရှိနေတာကချဲလ်ဆီးရဲ့အားသာချက်ဖြစ်နေတာပါ။ဒဏ်ရာရနေတဲ့အလွန်ဆိုရဲ့နေရာမှာချာလိုဘတ်၊ဘန်ချီးဝဲလ်ရှိနေသလိုလူကာကူ၊တီမိုဗာနာတို့ရဲ့နေရာမှာကစားဖို့အော့ဒွိုင်း၊ဇိုင်းယက်စ်၊ကိုင်ဟားဗက်စ်တို့ရှိနေသလိုပါ။လာမယ့်ပွဲမှာလည်းဟာဗက်စ်၊အော့ဒွိုင်းအတွဲကိုထပ်ပြီးမြင်တွေ့ရဖို့ရှိနေပါတယ်။အဆင့်၁နေရာအတွက်အမှားမခံလို့အဝေးကွင်းဖြစ်ပေမယ့်သေချာပေါက်ပရီးမီးယားလိဂ် အနိုင် ၃ မှတ်ယူဖို့ချဲလ်ဆီးတို့ပြင်ဆင်လာမှာပါ။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အစဉ်အလာထိပ်တိုက်တွေ့မှု၉၂ကြိမ်မှာလက်စတာက၂၁ကြိမ်နိုင်၊ချဲလ်ဆီးက၄၄ကြိမ်နိုင်ထားပြီး၂၇ကြိမ်သရေကျထားခဲ့ပါတယ်။တွေ့ဆုံတိုင်းအသာရထားတဲ့ချဲလ်ဆီးအနေနဲ့ပြီးခဲ့တဲ့ရာသီလက်စတာအသင်းရဲ့အိမ်ကွင်းမှာတော့၂-၀ဂိုးနဲ့အရေးနိမ့်ထားခဲ့တာကိုတော့သတိထားရမှာပါ။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
လက်စတာစီးတီး – ချဲလ်ဆီး အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၇၇ ဆ
နိုဝင်ဘာလ၂၀ရက် , ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၄၀ဆ၊ သရေအတွက် ၃.၆၀ဆ၊ ဧည်သည့်အသင်းအတွက် ၁.၇၇ဆ ကြေးဖွင့်ထားပါတယ်။ အမှတ်ပေးဇယားထိပ်ပိုင်းအသင်းတွေအတွက် ပွဲကြပ်ကာလဖြစ်လို့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးပွဲစဉ်အဖြစ်မြင်တွေ့ရဖို့ရှိနေပါတယ်။ ရလဒ်ပိုင်းကောင်းဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် ကစားပုံ တည်ငြိမ်တဲ့ လက်စတာရဲ့အိမ်ကွင်းမှာ ချဲလ်ဆီးတို့ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ အထူးသဖြင့် တိုက်စစ်မှူးစစ်စစ်မပါတဲ့ ချဲလ်ဆီးတို့ လိုအပ်တဲ့သွင်းဂိုးတွေရယူနိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်ရဖို့ရှိနေပါတယ်။ ပွဲအဖြေပြောင်းလဲနိုင်တဲ့ကစားသမားအပိုင်းမှာတော့ နှစ်သင်းလုံးမကွာလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ခြေရှိနေပါတယ်။ ဂိုးသမား၊ ကွင်းလယ်၊ ခံစစ်၊ တိုက်စစ်ကွာဟမှုမရှိပေမယ့်နေရာစုံကနေဂိုးသွင်းနိုင်တဲ့အပိုင်းမှာတော့ ချဲလ်ဆီးကအသာရနေပါတယ်။ ဒီရာသီ ချဲလ်ဆီးနောက်တန်းကစားသမားတွေရဲ့ဂိုးတွေကလည်း မယုံနိုင်လောက်အောင်ပါပဲ။ သေချာတာတစ်ခုကတော့ အပြန်အလှန်သွင်းဂိုးတွေရှိလာနိုင်လို့နှစ်သင်းပေါင်းဂိုးအများဘက်ကိုပိုပြီးဦးတည်နိုင်တယ်။ ဂိုးအများနဲ့ချဲလ်ဆီးကို ရွေးချယ်တာအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။
ခန့်မှန်းရလဒ်(၁-၃)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်