နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

အခုတစ်ပတ် စနေနေ့ ပရီးမီးယားလိဂ်ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ လက်ရှိမှာ ခြေစွမ်း မတည်မငြိမ် ဖြစ်နေတဲ့ အသင်း နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်လို့ ဘယ်အသင်းက ရလဒ်ဆိုးတွေ အောက်က ရုန်းထွက်သွားနိုင်မလဲ။ ဒါမှမဟုတ် ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေလိုပဲ သရေ တစ်မှတ်စီနဲ့ပဲ ကျေနပ်ကြရဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြြစ်ပါတယ်။

ချဲလ်ဆီး ကတော့ ရာသီကုန်ခါနီးမှ အဓိက ကစားသမား တချို့ မကြာခဏ ဒဏ်ရာရနေခြင်းနဲ့ အတူ ရလဒ်ပိုင်းကိုပါ ထိခိုက်မှု ရှိနေပြီး လက်ရှိမှာ အဆင့် ၄ နေရာက အာဆင်နယ်ရဲ့ အနီးကပ် ခြိမ်းခြောက်ခြင်းကိုပါ ခံနေရပြီ ဖြစ်ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရခဲ့ခြင်းက အာဆင်နယ်နဲ့ ၃ မှတ်သာ ကွာဟသွားစေခဲ့ပြီး လက်ကျန် ပွဲတွေမှာ သောမက်စ်တူချယ်ရဲ့ အသင်း ခြေထပ်ချော်နေဦးမယ် ဆိုရင်တော့ အခန့်မသင့်ရင် အဆင့် ၄ နေရာနဲ့ ရာသီသိမ်းသွားရနိုင်ပါတယ်။ ဒါကြောင့် ချဲလ်ဆီး တို့ အခုပွဲမှာတော့ မဖြစ်မနေ နိုင်ပွဲ ပြန်ရရေး အတွက် ကျိန်းသေပေါက် အာရုံ ပြန်စိုက်လာမှာ သေချာပါတယ်။ ပြသနာက အဓိက ကွင်းလယ်လူ နှစ်ဦးဖြစ်တဲ့ ကန်တေနဲ့ ဂျော်ဂျင်ဟိုတို့ ဒဏ်ရာကြောင့် အခုလာမယ့်ပွဲကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ခံစစ်မှာ လူပြန်စုံနေသည့်တိုင်အောင် ချဲလ်ဆီးတို့ ကွင်းလယ်ပိုင်းမှာတော့ အားနည်းနေဦးမှာပါ။ ချဲလ်ဆီးရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင်တော့ ၈ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ထားလို့ မဆိုးဘူး ဆိုပေမယ့် ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာတော့ ရှုံးပွဲ ၃ ပွဲ အထိ ရှိထားပြီး ပေးဂိုးလည်း တော်တော်လေး များခဲ့တာ တွေ့ရပါတယ်။

ပရီးမီးယား လိဂ်
လီဗာပူးလ်
တော့တင်ဟမ် ဟော့စပါး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – မန်ဒီ၊ ဆေးလ်ဗား၊ အက်ဇ်ပီလီကွယ်တာ၊ ရူဒီဂါ၊ လော့ဖ်တပ်စ်ချိခ်၊ ကိုဗာချစ်၊ ရိစ်ဂျိမ်းစ်၊ အလွန်ဆို၊ ပူလီဆစ်ခ်၊ မေဆန်မောင့်၊ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီးထက် ဝုဗ်ရဲ့ အခြေအနေက ပိုပြီး ဆိုးနေတယ်လို့ ပြောရပါမယ်။ အစောပိုင်းမှာ ဘရူနိုလာဂါရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် အထိပါ မျှော်လင့်နိုင်ခဲ့ပေမယ့် တဖြည်းဖြည်း ခြေစွမ်း ကျဆင်းသွားမှုနဲ့ အတူ လက်ရှိမှာ ယူရိုပါကွန်ဖရင့်လိဂ် ကစားရဖို့တောင် မသေချာတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ဗီလာ တစ်သင်းတည်းကို အနိုင်ရခဲ့ပြီး ကျန်ပွဲ အားလုံး ရှုံးနိမ့်ခဲ့တဲ့ ဝုဗ်တို့ လက်ရှိ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး အဆင့် ၇ နေရာက ဝက်စ်ဟမ်းနဲ့ ၃ မှတ် ပြတ်နေခဲ့ပါတယ်။ ဒါ့အပြင် လက်ကျန် ပွဲစဉ် ၄ ပွဲမှာ ချဲလ်ဆီး၊ မန်စီးတီး၊ လစ်ဗာပူးလ် တို့နဲ့ ကစားဖို့ ကျန်ရှိနေသေးတာက ဝုဗ်ရဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့် အိမ်မက်ကို ပိုပြီး ဝေဝါးနေစေပါတယ်။ ဝုဗ်ဟာ ဒီရာသီမှာ ထိပ်ဆုံး ၃ သင်း ပြီးရင် ခံစစ် အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ ရပေမယ့် တိုက်စစ် အားနည်းမှုက အသင်းရဲ့ ရလဒ်ပိုင်းကို ထိခိုက်နေစေတယ် ဆိုရင်လည်း မမှားပါဘူး။ ဝုဗ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်ကို ကြည့်ရင်တော့ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၇ ပွဲ ရှုံးထားလို့ အိမ်ကွင်း စွမ်းဆောင်ရည်နဲ့ ယှဉ်ရင် သိပ်တော့ မကွာလှပါဘူး။ ဒါပေမယ့် အိမ်ကွင်း နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲ နိုင်၊ ၂ ပွဲ ရှုံး ဆိုတာက အားရစရာ အခြေအနေ တစ်ခု မဟုတ်ဘူးလို့ ပြောလို့ ရနေပြန်ပါတယ်။ အခုပွဲ ကိုတော့ အဓိက Full Back တစ်ဦး ဖြစ်တဲ့ ဆီမီဒို လွဲချော်မှာ ဖြစ်ပြီး ဆီမီဒို လိုပဲ ရာသီကုန် အထိ နားရမယ့် ကေးလ်မန်းနဲ့ ဆာကစ်လည်း ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ပိုဒန့်စ်ပါ လွဲချော်ဖွယ် ရှိနေတာက ဘရူနိုလာ့ချ် အတွက်တော့ ခေါင်းကိုက်စရာ အခြေအနေ တစ်ခု ဖြစ်နေပါတယ်။

ဝုဗ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ရလဒ်ကို ကြည့်ရင်တော့ ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၇ ပွဲ ရှုံးထားလို့ အိမ်ကွင်း စွမ်းဆောင်ရည်နဲ့ ယှဉ်ရင် သိပ်တော့ မကွာလှပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဆား၊ ဘိုလီ၊ ကိုဒီ၊ ဆာအိစ်၊ မော်တင်ဟို၊ နီးဗက်စ်၊ မာကယ်၊ ဂျွန်နီ၊ ဟွမ်၊ ထရင်ကာအို၊ ဂျင်မီနက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ ချဲလ်ဆီးက ၇ ကြိမ်နိုင်၊ ဝုဗ်က ၃ ကြိမ်နိုင်ပြီး ၃ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ချဲလ်ဆီးတို့ ဝုဗ်ကို ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်မရခဲ့သလို ၂ ပွဲသရေကျပြီး ၁ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံး ၂ ပွဲဆက် ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး လက်ရှိ ခြေစွမ်းအရလည်း ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေ အတိုင်းပဲ ပွဲပြီးသွားဖွယ် ရှိနေပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ချဲလ်ဆီး အတွက် ၁.၃၆ ဆ၊ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် အတွက် ၈.၅၀ ဆ၊ သရေ အတွက် ၄.၆၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ နှစ်သင်းလုံး ရမှတ် လိုအပ်ချက် ရှိနေပေမယ့် လက်ရှိ ခြေစွမ်းပိုင်းကြောင့် ခန့်မှန်းရခက်နေပါတယ်။ အစဉ်အလာအရတော့ နောက်ပိုင်းတွေ့ဆုံမှု အများစုမှာ ချဲလ်ဆီးတို့ ဝုဗ်ကို အကြိတ်အနယ် ကစားခဲ့ရပါတယ်။ ဝုဗ်ရဲ့ ခံစစ် မာကျောမှုကြောင့် ဒီပွဲမှာ ချဲလ်ဆီး နိုင်ရင်လည်း ဂိုးပြတ် ဖို့တော့ မရှိပါဘူး။ အိမ်ရှင်နဲ့ အတူ ဂိုးအနည်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်