နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အန်ဇို အတွက် ပေါင် သန်း ၁၂၀ အထိ တောင်းဆိုသွားမယ့် ချဲလ်ဆီး၊ မာတီးယက်စ် ဖာနန်ဒက်စ်နဲ့ စတင် ဆွေးနွေးနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ် အတွက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၂၀ အထိ တောင်းဆိုဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဘက်ကတော့ သူ့ကို ရောင်းချဖို့ တက်တက်ကြွကြွ ကြိုးပမ်းနေတာမျိုး မရှိဘဲ အာဂျင်တီးနား ကွင်းလယ်လူကို ဆက်ထိန်းထားရုံနဲ့တင် ကျေနပ်နေတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘာစီလိုနာ အသင်းက ဝေခွဲမရ ဖြစ်နေချိန်မှာ ဘေယန်မြူးနစ် အသင်း ကတော့ ယူနိုက်တက် တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ အသင့်ရှိကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်ပါတယ်။ ဒါပေမယ့် ရက်ရှ်ဖို့ဒ်ရဲ့ များပြားလှတဲ့ လုပ်ခ လစာက ဘေယန် အတွက် ပြဿနာအကြီးအကျယ် ဖြစ်နေပါတယ်။ ဒါကြောင့် ဘွန်ဒက်စ်လီဂါ ချန်ပီယံတို့ အတွက် ဂါဘရီယယ် မာတင်နယ်လီကို ခေါ်ယူဖို့က ပိုပြီး လက်တွေ့ကျတဲ့ ရွေးချယ်မှု ဖြစ်နေပါတယ်။

မိုဟာမက် ဆာလာဟာ ဒီနွေရာသီမှာ လစ်ဗာပူးလ် အသင်း ကနေ ထွက်ခွာပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဒါပေမယ့် ဆော်ဒီက ရရှိမယ့် လုပ်ခလစာဟာ သူ အန်ဖီးလ်မှာ ရရှိခဲ့တဲ့ လစာထက် ပိုနည်းလိမ့်မယ်လို့ သိရပါတယ်။

ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ပရီးမီးယားလိဂ် ကလပ်ဟာ လိုက်ပ်ဇစ် အသင်းရဲ့ တိုက်စစ် ကစားသမား ယန် ဒီယိုမန်ဒီ အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြင်ဆင်နေပါတယ်။ ကစားသမား ကိုယ်တိုင် ကလည်း ပီအက်စ်ဂျီထက် အန်ဖီးလ်ကို ပြောင်းရွှေ့ဖို့ ပိုမိုဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရတဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်းဘက်က တောင်းဆိုထားတဲ့ ပေါင် သန်း ၈၀ ပြောင်းရွှေ့ကြေးကို ပေးချေဖို့တော့ စိတ်ဝင်စားခြင်း မရှိပါဘူး။

နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန် အတွက် မန်ချက်စတာစီးတီးရဲ့ ပထမဆုံး ကမ်းလှမ်းမှုဟာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၈၀ သန်း ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖောရက်စ် အသင်း ဘက်ကတော့ ပေါင် ၁၀၅ သန်း အထိ လိုချင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရတဲ့ ဝက်စ်ဟမ်း အသင်းရဲ့ ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။
ကွင်းလယ်ပိုင်း အတွက် မာတီးယက်စ် ဖာနန်ဒက်စ်နဲ့ ထပ်မံ အားဖြည့်ဦးမယ့် ယူနိုက်တက်

ချဲလ်ဆီး၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ အဒမ် ဝှာတန်ကို ရောင်းချဖို့ အတွက် ခရစ္စတယ်ပဲလေ့စ် အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ အထိ လိုချင်နေပါတယ်။

ဗဟိုနောက်ခံလူအသစ် ရှာဖွေနေတဲ့ လစ်ဗာပူးလ် အသင်းဟာ စပို့တင်း စီပီအသင်းရဲ့ နောက်ခံလူ ဂွန်ဆာလို အီနာစီယိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အက်စတွန်ဗီလာဟာ ကိုမို အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား မာတင် ဘာတူရီနာ အတွက် ယူရို ၅၅ သန်း (ပေါင် ၄၇.၅ သန်း) ဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဒီကမ်းလှမ်းမှုကို ကိုမို ဘက်က ပယ်ချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်းဟာ မန်စီးတီး တောင်ပံကစားသမား ဆာဗင်ညိုကို ခေါ်ယူဖို့ နီးစပ်မှုတွေ ရှိနေပါတယ်။ ဆာဗင်ညိုရဲ့ တန်ကြေး ကတော့ ပေါင် ၆၀ သန်း ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ စပါးအသင်း မျက်စိကျနေတဲ့ နောက်ထပ် တောင်ပံကစားသမား တစ်ဦး ကတော့ ဖရန့်ဖတ် အသင်းရဲ့ ဂျင်း-မက်တီယို ဘာဟိုယာပဲ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ စပါး အသင်း တို့ဟာ အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နွန်ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေကြပါတယ်။ မိုက်နွန်ဟာ အေစီမီလန် အသင်း ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ရတာကြောင့် စိတ်ပျက်နေပြီး အသင်း ကနေ ထွက်ခွာခွင့်တောင်းဖို့ ရှိနေပါတယ်။

နယူးကာဆယ် အသင်းဟာ ဂိုးသမားအသစ် အနည်းဆုံး နှစ်ဦးခန့် ရှာဖွေနေတာကြောင့် လက်ရှိ ဂိုးသမား နစ်ခ် ပုပ် အနေနဲ့ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေပါတယ်။ ရိမ်းစ် အသင်းရဲ့ လူငယ် ဂိုးသမား အီဝမ် ဂျာအူအန်ဟာ နယူးကာဆယ်ရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လာဖို့ ရှိနေပြီး၊ ဘရိုက်တန်ရဲ့ ဘာတ် ဗာဘရက်ဂျ်နဲ့ မန်စီးတီးရဲ့ ဂျိမ်းစ် ထရက်ဖို့ဒ် တို့လို နာမည်ကြီး ဂိုးသမားတွေ ကိုလည်း နယူးကာဆယ်က စိတ်ဝင်စားနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်