နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အခွန်မဆောင်မီ ပေါင် ၁၂၈.၄ သန်း အမြတ်ထွက်ခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

၂၀၂၃-၂၄ ဘောလုံးရာသီ အတွက် ဘဏ္ဍာရေး ရှင်းတမ်းမှာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အနေနဲ့ အခွန်မဆောင်မီ ပေါင် ၁၂၈.၄ သန်း အမြတ် ထွက်ခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အများစုဟာ ဘဏ္ဍာရေး ဟန်ချက်ညီအောင် တတ်နိုင်သမျှ သတိထားနေရချိန်မှာ ချဲလ်ဆီး ကတော့ ဘဏ္ဍာရေး ရှင်းတမ်း အမြတ်ထွက်အောင် အံ့အားသင့်ဖွယ် လုပ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အနေနဲ့ ပိုင်ရှင်သစ် လက်ထက်မှာ ပထမဦးဆုံး အကြိမ် ဘဏ္ဍာရေး ရှင်းတမ်း အမြတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီ အခွန်မဆောင်ခင် ကတော့ ပေါင် ၉၀.၁ သန်း အရှံးပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ စုစုပေါင်း ဝင်ငွေဟာ ၂၀၂၃ ခုနှစ်မှာ ပေါင် ၅၁၂.၅ သန်း ရှိခဲ့ရာမှ ချန်ပီယံလိဂ် ဝင်ခွင့် မရရှိခဲ့တဲ့ ပြီးခဲ့တဲ နှစ်ကတော့ ပေါင် ၄၆၈.၅ သန်း အထိ ကျဆင်းခဲ့ပါတယ်။ ချဲလ်ဆီးဟာ ကွင်းဝင်ကြေး အဖြစ် ၂၀၂၃ ခုနှစ်မှာ ပေါင် ၈၀.၁ သန်း ရရှိခဲ့ပြီး မနှစ် ကတော့ ပေါင် ၇၆.၅ သန်းထက် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ကျွမ်းကျင်သူ တချို့ ကတော့ ချဲလ်ဆီးရဲ့ အခုလို လက်တလုံးခြား လုပ်ဆောင်မှုတွေကြေင့် ပရီးမီးယားလိဂ် အနေနဲ့ ဘဏ္ဍာရေး စည်းမျဉ်းတချို့ကို ပြန်လည် ပြင်ဆင်ရဖွယ် ရှိကြောင်း သုံးသပ်လျက် ရှိနေပါတယ်။
အမျိုးသမီး အသင်းကို ရောင်းချခဲ့တာကြောင့် အမြတ်ထွက်ခဲ့တဲ့ ချဲလ်ဆီး

ထို့ပြင် အမှတ်တရပစ္စည်း ရောင်းချမှု အပါအဝင် စီးပွားရေး လုပ်ငန်းများမှ ဝင်ငွေမှာလည်း ၂၀၂၃ ခုနှစ်တွင် ပေါင် ၂၁၀ ဒသမ ၁ သန်းသာ ရှိခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် ပေါင် ၂၂၅ ဒသမ ၃ သန်းအထိ တိုးလာခဲ့သည်။ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ရာသီ ဘဏ္ဍာရေး ရှင်းတမ်းကို မတ်လ ၃၁ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ချဲလ်ဆီး အနေနဲ့ ၂၀၂၃-၂၀၂၄ ရာသီက ဘဏ္ဍာရေး အမြတ်ထွက်ခြင်းရဲ့ အဓိက အကြောင်းရင်း ကတော့ အမျိုးသမီး အသင်းကို ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။ အကယ်၍သာ အမျိုးသမီး အသင်းကို မရောင်းချခဲ့ရင်တော့ ချဲလ်ဆီးရဲ့ ဘဏ္ဍာရေး လိုငွေပြမှုဟာ ပေါင် သန်း ၇၀ ဝန်းကျင် ရှိနိုင်ကြောင်း သိရပါတယ်။

ချဲလ်ဆီး အမျိုးသမီး အသင်းကို မူလ ပိုင်ဆိုင်တဲ့ Chelsea Fc Holdings Ltd ကနေ Blue Co22 Properties Ltd ဆီကို ပေါင် ၁၉၈.၇ သန်းနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီ နှစ်ခုစလုံးဟာ ချဲလ်ဆီး ပိုင်ရှင်တွေ ဖြစ်တဲ့ တော့ဒ် ဘိုလေနဲ့ Cleaerlake Capital တို့ရဲ့ လက်အောက်မှာ ရှိတဲ့ ကုမ္ပဏီတွေလည်း ဖြစ်ပါတယ်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကလည်း ချဲလ်ဆီးက အလားတူ ပုံစံမျိုး လုပ်ဆောင်ခဲ့ဖူးပါသေးတယ်။ Chelsea Fc Holdings Ltd က ပိုင်ဆိုင်တဲ့ ဟိုတယ် နှစ်လုံးကို Chelsea Fc Holdings Ltd ကနေ Blue Co22 Properties Ltd ကို ပြန်လည် ရောင်းချခြင်းမျိုးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အချိန်တုန်း ကလည်း ဟိုတယ် နှစ်လုံးကို ကုမ္ပဏီ ၂ ခု အကြား ပေါင် ၇၆.၅ သန်းနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ပေါင် ၁၆၆.၄ သန်း ဘတ်ဂျက် လိုငွေပြမယ့် အနေအထား ကနေ ပေါင် ၈၉.၉ သန်းသာ အရှုံးပြခဲ့တာလည်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူ တချို့ ကတော့ ချဲလ်ဆီးရဲ့ အခုလို လက်တလုံးခြား လုပ်ဆောင်မှုတွေကြေင့် ပရီးမီးယားလိဂ် အနေနဲ့ ဘဏ္ဍာရေး စည်းမျဉ်းတချို့ကို ပြန်လည် ပြင်ဆင်ရဖွယ် ရှိကြောင်း သုံးသပ်လျက် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်