နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တက်ဖ်မောမှာ ခက်ခက်ခဲခဲ ကစားရဦးမယ့် ချဲလ်ဆီး | ဘန်လေ – ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဘန်လေ – ချဲလ်ဆီး

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာတော့ ချဲလ်ဆီးတို့ ဘန်လေရဲ့ အိမ်ကွင်း တက်ဖ်မော ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အားရစရာ မရှိပေမယ့်လည်း ရလဒ်ကောင်းတွေတော့ ရှာဖွေနိုင်တဲ့ ချဲလ်ဆီးတို့ အိမ်ကွင်း မာကျောတဲ့ ဘန်လေကို အစဉ်အလာ အတိုင်း အသာရသွားဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘန်လေ တို့ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့သမျှ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၇ မှာတော့ လက်စတာစီးတီးကို ၀-၂ ရလဒ်နဲ့ ပြန်လည် ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒီရလဒ်ကြောင့်ပဲ တန်းဆင်းဇုန် အထက်က အဲဗာတန်နဲ့ ၁ မှတ် အကွာ အဆင့် ၁၈ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ ဘန်လေဟာ တန်းမဆင်းရရေး ဦးစားပေးနေရတဲ့ အသင်း ဖြစ်ပေမယ့် အိမ်ကွင်း ကစားပုံ မာကျောတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပြီး ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း ၁၂ ပွဲမှာ သရေ ပွဲ ၆ ပွဲ ရှိထားပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ လစ်ဗာပူးလ်နဲ့ လက်စတာစီးတီး တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘရိုက်တန်နဲ့ စပါးကို နိုင်ပြီး ခရစ္စတယ်ပဲလေ့စ်ကို သရေ ကစားနိုင်တဲ့ ခြေစွမ်းက အဆိုးကြီးတော့ မဟုတ်ပါဘူး။ နောက်ဆုံး သတင်းတွေအရ ဆိုရင် နောက်ခံလူ ဘန်မီး ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသေးသလို စတီဖင်၊ ပိုင်တားစ်၊ ဂတ်မန်ဆန် ဗီဒရာ တို့ကတော့ ကျိန်းသေပေါက် လွဲချော်မယ်လို့ သိရပါတယ်။ ထုံးစံအတိုင်း ၄-၄-၂ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာနိုင်ပြီး ဝတ်ဝက်ဂ်ဟော့စ်၊ ကောနတ် တိုက်စစ် အတွဲအဖက်နဲ့ အတူ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်၊ မက်နေးလ်၊ လန်နွန်၊ တေလာ၊ တာကောစကီး၊ ဘန်မီး၊ ရောဘတ်စ်၊ နစ်ခ် ပုပ်တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ လစ်ဗာပူးလ်နဲ့ လက်စတာစီးတီး တို့ကို ရှုံးနိမ့်ခဲ့ပေမယ့် ဘရိုက်တန်နဲ့ စပါးကို နိုင်ပြီး ခရစ္စတယ်ပဲလေ့စ်ကို သရေ ကစားနိုင်တဲ့ ခြေစွမ်းက အဆိုးကြီးတော့ မဟုတ်ပါဘူး။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ ဘန်လေ

ချဲလ်ဆီး ကတော့ အသင်းကြီး အားလုံးထဲမှာ တိုက်စစ် အားနည်းတဲ့ အသင်းလို့ ပြောလို့ ရပြီး ခြေစွမ်းပိုင်းလည်း အားရစရာ မရှိပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေရော၊ နိုင်ပွဲတွေပါ ရှာဖွေထားနိုင်ဆဲ ဖြစ်ပါတယ်။ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ လစ်ဗာပူးလ်ကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲက လွဲရင် ပြီးခဲ့တဲ့ ဇန်နဝါရီ လကုန်ပိုင်းလောက်က စပြီး ချဲလ်ဆီးတို့ နိုင်ပွဲ ဆက်နေခဲ့တာ တော်တော်ကြာပြီလို့ ပြောလို့ ရပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး လစ်ဗာပူးလ်နဲ့ မန်စီးတီး တို့နဲ့ အမှတ် တော်တော်လေး ပြတ်နေလို့ ချန်ပီယံဆု မျှော်လင့်ချက်တော့ မရှိတော့ပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် သေချာဖို့ အတွက်တော့ လက်ကျန် ပွဲစဉ် အားလုံးကို အားစိုက်ဖို့ လိုအပ်နေပြီး သောမက်တူချယ် အနေနဲ့ အခုပွဲမှာလည်း အစဉ်အလာ အတိုင်း အမှားအယွင်း မရှိ ၃ မှတ် အပြည့် ယူနိုင်ဖို့ မျှော်လင့်လာပါလိမ့်မယ်။ အခုလာမယ့် ပွဲကိုတော့ ဘန်ချေးလ်ဝဲလ်နဲ့ အက်ဇ်ပီလီကျူအာတာ တို့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ လူကာကူ၊ မေဆန်မောင့်၊ ကိုင်ဟာဗက်ဇ်၊ ကိုဗာချစ်၊ ကန်တေ၊ အလွန်ဆို၊ ရီဆီ ဂျိမ်းစ်၊ ဆေးလ်ဗား၊ ချာလိုဘာ့၊ ရူဒီဂါ၊ မန်ဒီတို့ ပါဝင်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၁၃ ကြိမ်မှာ ချဲလ်ဆီးတို့ ၈ ကြိမ် အထိ အနိုင်ရခဲ့ပြီး ဘန်လေ ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာလည်း ချဲလ်ဆီးတို့ ၁ ပွဲသာ သရေကျခဲ့ပြီး ကျန် ၄ ပွဲမှာတော့ အနိမ့်ဆုံး ၂ ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ စတန်းဖို့ဒ်ဘရစ်ချ်က ပွဲစဉ် မှာတော့ ဘန်လေတို့ ချဲလ်ဆီး ဆီကနေ သရေ ၁ မှတ် ခွဲယူထားနိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ ဘန်လေ အတွက် ၆.၅၀ ဆ၊ သရေ အတွက် ၄.၃၃ ဆ၊ ချဲလ်ဆီး အတွက် ၁.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘန်လေဟာ အိမ်ကွင်းမှာ ဆိုရင် အသင်းတိုင်းကို ခက်ခဲစေတတ်တဲ့ အသင်း ဆိုတာ အားလုံးလည်း သိပြီးသားပါ။ ချဲလ်ဆီး ကလည်း လက်တလော တိုက်စစ် အားနည်းနေတယ် ဆိုပေမယ့် နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေကို အနိုင်ရနေဆဲ ဖြစ်ပါတယ်။ သွင်းဂိုး အနည်းကို ဦးတည်နိုင်ပြီး ချဲလ်ဆီးတို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဦးမယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်