နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပူလီဆစ်ခ်ရဲ့ နောက်ကျဂိုးနဲ့ ၃ မှတ် အပြည့်ရခဲ့တဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁-၀ ဝက်စ်ဟမ်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ ဝက်စ်ဟမ်း တို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ် မှာတော့ သောမက်စ် တူချယ်ရဲ့ အသင်းက ခရစ္စတီယန် ပူလီဆစ်ခ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ချဲလ်ဆီးတို့ ဥရောပပြိုင်ပွဲ ရှိလို့ လူစုံထုတ် မသုံးခဲ့တဲ့ ဝက်စ်ဟမ်းကို ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ပူလီဆစ်ခ်ရဲ့ နောက်ကျဂိုး ကယ်လို့သာ အနိုင် ၃ မှတ် အပြည့်ရခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ချဲလ်ဆီး တို့ ရူဒီဂါ မပါနိုင်တဲ့ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ချာလိုဘာ့၊ အက်ဇ်ပီလီကွယ်တာ တို့နဲ့ ပွဲထွက်ခဲ့ပြီး ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ လော့ဖ်တပ်စ်ချိခ်၊ အလွန်ဆိုနဲ့ တိုက်စစ် မှာတော့ မောင့်၊ ဟာဗက်ဇ်နဲ့ တီမို ဗာနာ တို့ ကစားခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ဒီပွဲ ပြီးရင် ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ ရှိတာကြောင့် အဓိက ကစားသမား အများစုကို အနားပေးထားပြီး ဘန်ရားမား၊ ယာမိုလန်ကို၊ ဖော်နယ်စ်၊ နိုဘယ်၊ ဆိုရှက်ခ်၊ ဆိုဖယ်၊ မာဆူအာကူ၊ ဒေါ်ဆင်၊ ဂျွန်ဆင်၊ ခရက်စ်ဝဲလ်၊ ဖေဘီယန်စကီး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။
ပထမပိုင်း မှာတော့ နှစ်သင်းစလုံး ကစားပုံ တော်တော်လေး အေးစက်နေခဲ့ပြီး မဖြစ်မနေ အမှတ်ရမှ ဖြစ်မယ် ဆိုတာ မရှိခဲ့တာကြောင့်လည်း ပြိုင်ဆိုင်မှု မပြင်းထန်ခဲ့တာလို့ ပြောလို့ ရပါတယ်။ ချဲလ်ဆီးတို့ အနည်းငယ် သာခဲ့တယ် ဆိုပေမယ့် ဝက်စ်ဟမ်း နည်းတူ သိပ်ပြီးတော့ အခွင့်အရေး မရခဲ့ပါဘူး။ ကန်တေရဲ့ ကန်ချက် လမ်းကြောင်းပြောင်း ဂိုးဝင်ဖို့ နီးစပ်ခဲ့ပေမယ့် ဖေဘီယန်စကီး ကာကွယ်နိုင်ခဲ့သလို ချာလိုဘာ့ရဲ့ အဝေးကန်ချက်ကိုလည်း ဖေဘီယန်စကီးပဲ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တီမိုဗာနာရဲ့ အပိုင်ကန်ချက် ဂိုးပေါက်နဲ့ လွဲခဲ့တာကြောင့်လည်း ချဲလ်ဆီးတို့ ဦးဆောင်ဂိုးတွေနဲ့ ဝေးနေခဲ့ရပါတယ်။

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့ပေမယ့် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ယူရိုကွန်ဖရင့်လိဂ် ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေသလို ဆန္ဒရှိရင် ယူရိုပါလိဂ် ဝင်ခွင့်ပါ မျှော်လင့်လို့ ရနေပါသေးတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး အခွင့်အရေး ကိုယ်စီ ရလာခဲ့ကြပြီး ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာခဲ့ပါတယ်။ ချဲလ်ဆီးတို့ ပထမပိုင်းတုန်းက အတိုင်း ပြိုင်ဘက် ခံစစ်ကို နေရာစုံ ကနေ ထိုးဖောက်ခဲ့သလို ဝက်စ်ဟမ်း ကလည်း ယာမိုလန်ကို၊ ဘန်ရားမား၊ ဖော်နယ်စ် တို့ရဲ့ တန်ပြန် တိုက်စစ်တွေက တစ်ဆင့် ဂိုးရဖို့ ကြိုးစားလာခဲ့ပါတယ်။ ထုံးစံ အတိုင်း ချဲလ်ဆီးရဲ့ အပိုင်အခွင့်အရေးတွေ ကိုတော့ တိုက်စစ်က တီမိုဗာနာပဲ ဒိုင်ခံ ဖြုန်းတီးနေခဲ့လို့ တူချယ် အနေနဲ့ လူကာကူ၊ ဇီယက်ချ်၊ ပူလီဆစ်ခ်တို့ ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ရပါတယ်။ ဝက်စ်ဟမ်း ဘက်ကလည်း လန်ဇီနီ၊ ရိုက်စ်နဲ့ ဘိုဝင်တို့ ဝင်လာခဲ့လို့ ပွဲက ပိုပြီး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲချိန် ၈၅ မိနစ် မှာတော့ ဝက်စ်ဟမ်း နောက်တန်းက ဒေါ်ဆင် လူကာကူကို ဆွဲလှဲမိခဲ့လို့ တိုက်ရိုက် အနီကတ်နဲ့ ထွက်ခဲ့ရသလို ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ ပင်နယ်တီ ကိုတော့ ဂျော်ဂျင်ဟိုက ဖေဘီယန်စကီး ဖမ်းရလွယ်ကူအောင် အသာအယာ ကန်ပေးခဲ့လို့ ချဲလ်ဆီးတို့ နစ်နာခဲ့ရပေမယ့် ပွဲချိန် မိနစ် ၉၀ မှာတော့ ချဲလ်ဆီးတို့ လိုအပ်နေတဲ့ အနိုင်ဂိုး ရခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အလွန်ဆိုရဲ့ ဖန်တီးပေးမှု ကတစ်ဆင့် ပူလီဆစ်ခ်က ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ချဲလ်ဆီး
1X2 မန်ချက်စတာ ယူနိုက်တက် @ 3.25
ဂိုးပေါ် 2.75 @ 2.07
ဂိုးပေါင်း 0-1 @ 3.70
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ချဲလ်ဆီးတို့ နိုင်ပွဲ ရခဲ့တယ် ဆိုပေမယ့် ခြေစွမ်း ကတော့ အားရစရာ မရှိခဲ့ပါဘူး။ တစ်ဖက်က ဝက်စ်ဟမ်းတို့ လူမစုံခဲ့ပေမယ့် ချဲလ်ဆီးတို့ တော်တော်လေး ခက်ခက်ခဲခဲ ကစားခဲ့ရပြီးမှ ပူလီဆစ်ခ်ရဲ့ အချိန်ကိုက် သွင်းဂိုးကြောင့်သာ ကံကောင်းခဲ့ရတာပါ။ ဒီနေ့ပွဲမှာ မမြင်ရတာ ကြာပြီဖြစ်တဲ့ တီမိုဗာနာရဲ့ အခွင့်အရေး ဖြန်းတီးတတ်တဲ့ ကစားဟန် တစ်ခုကို ပြန်လည် မြင်တွေ့ခဲ့ရပြီး ဗာနာ အနေနဲ့ အပိုင်အခွင့်အရေး ၃ ကြိမ်လောက်ကို အသာအယာ ဖြုန်းပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားထဲ ဗာနာနဲ့ အနေနီးတဲ့ ဂျော်ဂျင်ဟို ကလည်း ပင်နယ်တီကို လူပေးသလို ကန်ခဲ့လို့ ချဲလ်ဆီးတို့ အနိုင် ၃ မှတ်နဲ့ ဝေးရမလိုတောင် ဖြစ်ခဲ့ရပါသေးတယ်။ ဘာပဲပြောပြော ပရီးမီးယားလိဂ် အိမ်ကွင်း ၂ ပွဲဆက် အရှုံး ကနေ ပြန်လည် ရုန်းထနိုင်ခဲ့တဲ့ ချဲလ်ဆီးတို့ အာဆင်နယ်ကို ၅ မှတ် ဖြတ်ပြီး အဆင့် ၃ နေရာမှာ အခိုင်အမာ ဆက်လက် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ ၁ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့ပေမယ့် အဆင့် ၇ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ယူရိုကွန်ဖရင့်လိဂ် ဝင်ခွင့်ရဖို့ သေချာသလောက် ရှိနေသလို ဆန္ဒရှိရင် ယူရိုပါလိဂ် ဝင်ခွင့်ပါ မျှော်လင့်လို့ ရနေပါသေးတယ်။ လောလောဆယ်တော့ ဒေးဗစ် မွိုက်စ်ရဲ့ အသင်း အနေနဲ့ ချန်ပီယံလိဂ် ကစားခွင့်ရဖို့ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ရေးကိုပဲ ကျိန်းသေပေါက် အာရုံစိုက်တော့မယ့် သဘော ရှိနေပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ လာမယ့် ဧပြီ ၂၈ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) ကစားဖို့ ရှိပြီး ဝက်စ်ဟမ်း ကလည်း ၂၈ ရက်နေ့မှာ ဖရန့်ဖတ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်