နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

နေသန်နီရယ် ဘရောင်းကို စိတ်ဝင်စားမှု လျှော့ချလိုက်တဲ့ ချဲလ်ဆီး၊ မန်စီးတီးမှာပဲ ဆက်ရှိနေတော့မယ့် ဂဗာဒီယိုလ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ချဲလ်ဆီးဟာ ဘေယန်မြူးနစ်ကို ပြောင်းဖို့ သေချာသလောက် ရှိနေတဲ့ ဖရန့်ဖတ် နောက်ခံလူ နေသန်နီရယ် ဘရောင်းကို စိတ်ဝင်စားမှု လျှော့ချလိုက်ပြီးနောက် မာ့ခ် ကူကူရယ်လာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နယူးကာဆယ်ရဲ့ ဘယ်နောက်ခံလူ လူးဝစ် ဟောလ်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။ ဒီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ပါ အပြိုင်လုရမယ့် အခြေအနေ ရှိနေတယ်လို့ TEAMtalk က ဖော်ပြထားပါတယ်။

လစ်ဗာပူးလ် ပရိသတ်တွေ အတွက်တော့ တကယ့်ကို စိတ်ဝင်စားစရာ သတင်းအလှည့်အပြောင်းတွေ ရှိနေပါတယ်။ အဲလ်ဟီလာ အသင်းနဲ့ စာချုပ်ဖျက်သိမ်းတော့မယ့် တိုက်စစ်မှူး ဒါဝင် နူညက်ဇ်ဟာ ဒီနွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လစ်ဗာပူးလ် အသင်းဆီ ပြန်လာဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဒါပေမယ့် သူက အခု ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးတဲ့အထိ ဒီအပြောင်းအရွှေ့ကို တရားဝင်မကြေညာဘဲ ဆိုင်းငံ့ထားပေးဖို့ တောင်းဆိုထားတယ်လို့ Carve Deportiva က ဆိုပါတယ်။

တစ်ဖက် မှာလည်း တောင်ပံ ကစားသမား ဖက်ဒရီကို ခီယေဇာ ကတော့ အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒမရှိဘဲ နည်းပြသစ် အန်ဒိုနီ အီရာအိုလာရဲ့ လက်အောက်မှာ သူ့ရဲ့ အရည်အချင်းကို သက်သေပြဖို့ မျှော်လင့်နေတယ်လို့ အီတလီ သတင်းထောက် မီရ်ကို ဒီ နာတာလီက ပြောပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ် ကနေ ထွက်ခွာသွားနိုင်တဲ့ ကစားသမား တစ်ယောက် ရှိနေပြီး သူကတော့ ကွင်းလယ်လူ ကာတစ် ဂျုန်းစ်ပါ။ စီးရီးအေ ကလပ် အင်တာမီလန် အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူ ဒါဗီဒီ ဖရတ်တေဆီကို နော့တင်ဟမ်ဖောရက်စ်ဆီ ရောင်းချပြီး ရလာမယ့် ရန်ပုံငွေတွေနဲ့ ကာတစ် ဂျုန်းစ်ကို ပေါင် ၂၂ သန်း နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ Tuttosport က ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ်ရဲ့ ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ကို မန်စီးတီး အသင်းက ပေါင် ၁၂၁ သန်း နဲ့ ကမ်းလှမ်းလိုက်တဲ့ အတွက် အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ဟာ သူတို့ ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးတွေ အဆမတန် တက်သွားမှာကို စိုးရိမ်နေကြတယ်လို့ The Telegraph က ဆိုပါတယ်။ ဖောရက်စ် အသင်း ကတော့ အန်ဒါဆန် အတွက် ငွေအမြောက်အမြား ရတော့မှာမို့လို့ သူတို့ရဲ့ အဓိက ကစားသမား မော်ဂန် ဂစ်ဘ်စ်-ဝှိုက် ကိုတော့ အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဘာမဆိုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ အသက် ၂၆ နှစ် အရွယ် ဂစ်ဘ်စ်-ဝှိုက် ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ စပါး တို့က မျက်စိကျနေကြတာ ဖြစ်တယ်လို့ CaughtOffside က ဖော်ပြထားပါတယ်။

တခြား တစ်ဖက် မှာတော့ စပါး အသင်းဟာ ရိုးမား တောင်ပံကစားသမား မားတီးယပ်စ် ဆူလေကို ခေါ်ယူဖို့ အတွက် အက်စတွန်ဗီလာနဲ့ အပြိုင်လုဖို့ အဆင်သင့်ဖြစ်နေသလို၊ သူတို့ရဲ့ ညာနောက်ခံလူ ပတ်ဒရို ပေါ်ရို ကလည်း စပါး အသင်း ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဘဲ လွတ်မြောက်သွားခဲ့ပြီးနောက် အက်တလက်တီကိုမက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပြီး နည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့ လက်အောက်မှာပဲ ဆက်ရှိနေချင်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ကြောင်း ဘန် ဂျက်ကော့ဘ်က ဆိုပါတယ်။

ဒါကြောင့် ဂဗာဒီယိုလ်က ပရီးမီးယားလိဂ် ကလပ် မန်စီးတီး မှာပဲ ကာလရှည်ကြာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တဲ့ ဂဗာဒီယိုလ်

မန်စီးတီးရဲ့ နောက်ခံလူ ယော့စကို ဂဗာဒီယိုလ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားမှုကို ငြင်းပယ်လိုက်ပြီး မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီလို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။ ဒါကြောင့် ဂဗာဒီယိုလ်က ပရီးမီးယားလိဂ် ကလပ် မန်စီးတီး မှာပဲ ကာလရှည်ကြာ ဆက်ရှိနေတော့မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ အနာဂတ် ကတော့ တကယ့်ကို စိတ်ဝင်စားစရာပါ။ ဘာစီလိုနာ အသင်းက သူ့ကို အပြီးသတ်ဝယ်ယူမယ့် အခွင့်အရေးကို လက်လွှတ်လိုက်ပြီး ယူနိုက်တက်ဆီ ပြန်ပို့ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ကတော့ နူးကမ့်ပ်ကို အပြီးသတ်ပဲဖြစ်ဖြစ်၊ အငှားနဲ့ပဲ ဖြစ်ဖြစ် ပြန်သွားဖို့ ဆန္ဒရှိနေဆဲ ဖြစ်ပြီး ဘာဆာ နည်းပြ ဟန်ဆီ ဖလစ်ခ် ကလည်း သူ့ကို ဆက်ထိန်းချင်တယ်လို့ MARCA က ဆိုပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ ရက်ရှ်ဖို့ဒ် အနေနဲ့ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ ရာခိုင်နှုန်း ပိုများနေပြီလို့ Football Insider က သတင်းထုတ်ပြန်ထားပါတယ်။

ဘာစီလိုနာ အသင်းဟာ လူငယ်ကြယ်ပွင့် အန်ဆု ဖာတီကို မိုနာကို အသင်းဆီ ယူရို ၁၁ သန်း နဲ့ ရောင်းချဖို့ သဘောတူညီမှု ရထားပြီး ဒီအပြောင်းအရွှေ့မှာ ပြန်လည် ဝယ်ယူခွင့် လည်း ပါဝင်မှာ ဖြစ်တယ်လို့ SPORT က ဖော်ပြပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်ဟာ သူ့ရဲ့ အသင်းဖော်ဟောင်း မာ့ခ် ကူကူရယ်လာရဲ့ လမ်းစဉ် အတိုင်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းဖို့ အာရုံစိုက်နေပါတယ်။ ဒါပေမယ့် ရီးရဲလ် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ်က ဂလက်တီကို စူပါစတား အသစ် တစ်ယောက်ပဲ ခေါ်ချင်တာ ဖြစ်လို့ တခြား အကြီးစား အပြောင်းအရွှေ့တစ်ခုသာ မအောင်မြင်ခဲ့ရင် အန်ဇိုကို ခေါ်ယူဖို့ စဉ်းစားမှာဖြစ်တယ်လို့ Látigo Serrano က ဆိုပါတယ်။ ဒါ့အပြင် ရီးရဲလ်ဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ မာတီးယပ်စ် ဖာနန်ဒက်စ်ကို ယူနိုက်တက်ထက် ဦးအောင် ခေါ်ယူဖို့ အတွက် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ချဉ်းကပ်မှု အသစ် ပြုလုပ်ခဲ့တယ်လို့ TEAMtalk က ဖော်ပြထားပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြသစ် ဖြစ်လာတဲ့ ဟိုဆေး မော်ရင်ညို ကလည်း အသင်းကို စတင်ပြင်ဆင်နေပါပြီ။ သူဟာ ဘင်ဖီကာ နောက်ခံလူ သောမတ်စ် အာရူဟိုကို သူ့ရဲ့ ပစ်မှတ် စာရင်းထဲ ထည့်သွင်းထားသလို၊ အသင်းရဲ့ လူငယ် ဘယ်နောက်ခံလူ အဲလ်ဗာရို ကာရီးရက်စ် ကိုတော့ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တွန်းအားပေးနေပါတယ်။ ဒါဟာ အသင်းရဲ့ နည်းပြဟောင်း အဲလ်ဗာရို အာဘီလိုအာက ဒီလူငယ် ကစားသမားကို အလွန်အကျွံ မယုံကြည်ဖို့ မော်ရင်ဟိုကို သတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့ El Nacional သတင်းအရ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်