နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာဗက်ဇ်ရဲ့ နောက်ကျဂိုးနဲ့ ငှက်ကြားတွေကို အနိုင်ရခဲ့ပြန်တဲ့ ချဲလ်ဆီး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၁-၀ နယူးကာဆယ်

ကွင်းပြင်ပ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကွင်းတွင်း ရလဒ်တွေ တောက်လျောက် ကောင်းနေ‌တဲ့ ချဲလ်ဆီးတို့ မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာတော့ ခြေစွာနေတဲ့ နယူးကာဆယ်ကို ထပ်မံ အနိုင်ရသွားခဲ့ပြန်ပါတယ်။ ခြေစွမ်းပိုင်းအရတော့ နယူးကာဆယ် အပေါ် အပြတ်အသတ် အသာရခဲ့ခြင်း မရှိခဲ့ပေမယ့် ကိုင်ဟာဗက်ဇ် ဦးဆောင်တဲ့ တိုက်စစ်က အနိုင်ဂိုး ဘယ်လို ရှာဖွေရမယ် ဆိုတာ သိနေခဲ့လို့ ချဲလ်ဆီးတို့ ရလဒ်ကောင်းတွေကို ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ချဲလ်ဆီးတို့ ဒီနေ့ပွဲမှာ နောက်တန်း ၄ ယောက် အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး ချာလိုဘာ့၊ ခရစ္စတန်ဆန်၊ မာလန်းဆား၊ ရူဒီဂါ တို့ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာ ကန်တေ၊ ဂျော်ဂျင်ဟို၊ မေဆန်မောင့်၊ တိုက်စစ် မှာတော့ တီမိုဗာနာ၊ ဇီယက်ချ်နဲ့ ဟာဗက်ဇ် တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ နယူးကာဆယ် ကလည်း အထိုင်ကျပြီးသား ၄-၃-၃ အစား ၅-၄-၁ နဲ့ အပြောင်းအလဲ လုပ်လာခဲ့ပြီး နောက်တန်းမှာ ၅ ယောက်အထိ ထားကာ ကျစ်လျစ်တဲ့ ခံစစ်နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ တားဂတ်၊ ဘန်း၊ ရှား၊ လက်ဆဲလက်စ်၊ မန်ကီလိုနဲ့ ကွင်းလယ်မှာ မာဖီ၊ လောင်းစတပ်ဖ်၊ ဘရူနို ဂီမာရေးစ်၊ အယ်မီရွန်တို့ ပါဝင်ခဲ့ပြီး တိုက်စစ် မှာတော့ ခရစ္စဝုဒ် တစ်ဦးတည်းကို အထောင်ထားခဲ့ပါတယ်။

လာလီဂါ
အိုဆာစူနာ
လီဗန်တေး
1X2 သရေ @ 3.35
လီဗန်တေး အာရှ ဟန်းဒီးကပ် +0.25 @ 2.25
ဂိုး‌အောက် 2.00 @ 2.35
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစကတည်းက ချဲလ်ဆီးတို့ ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ခြေစွမ်းပိုင်းလည်း ပိုသာခဲ့ပေမယ့် နယူးကာဆယ်ရဲ့ အမှားနည်းပြီး ကျစ်လျစ်တဲ့ ခံစစ် ကစားပုံကြောင့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ နယူးကာဆယ် တို့လည်း အခွင့်အရေး တချို့ ပြန်ရခဲ့ပြီး ဂိုးတိုင်ဘေး ကပ်ထွက်ခဲ့တာ၊ အယ်မီရွန်ရဲ့ အမှတ်မထင် ကန်ချက်ကို မန်ဒီရဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။

ပထမပိုင်း မှာ‌တော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ သောမက်စ်တူချယ် အနေနဲ့ လူကာကူ၊ ကိုဗာချစ်၊ ပူလီဆစ်တို့ ထည့်ပြီး တိုက်စစ် မြှင်ခဲ့ပေမယ့် နယူးကာဆယ်ရဲ့ ခံစစ်ကြောင်းကို မကျော်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးမြူးနေခဲ့တဲ့ ကိုင်ဟာဗက်ဇ်က ပွဲချိန် ၈၉ မိနစ်မှာ ချဲလ်ဆီးတို့ လိုအပ်နေတဲ့ အနိုင်ဂိုး သွင်းယူခဲ့လို့ ဧည့်သည် နယူးကာဆယ်တို့ အသဲကွဲခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ နယူးကာဆယ်

ချဲလ်ဆီးရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်လို့ သိပ်ပြီး ပြောစရာ မရှိပေမယ့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကတော့ မဖြစ်မနေ ထပ်ပြီး ချီးကျူးရဦးမှာ ဖြစ်ပါတယ်။ အသင်း ကူကယ်ရာမဲ့နေချိန်မှာ နည်းပြ တူချယ်ရဲ့ ခေါင်းဆောင်မှုနဲ့ အတူ ခြေစွမ်းကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ နယူးကာဆယ် ကလည်း ပုံစံကောင်း ရနေတဲ့ အသင်းပီပီ ချဲလ်ဆီးကို ခြေရည်တူ နီးပါး ယှဉ်ကစားသွားခဲ့ပေမယ့် အဆုံးသတ် အားနည်းချက်တွေကြောင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ကိုင်ဟာဗက်ဇ် ကတော့ နောက်ဆုံး ၇ ပွဲမှာ ၆ ဂိုး အထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးတို့ အခုပွဲ အပြီးမှာ ရမှတ် ၅၉ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။ နယူးကာဆယ် ကတော့ ပရီးမီးယားလိဂ် ၉ ပွဲဆက် ရှုံးပွဲ မရှိမှု ရပ်တန့်ခဲ့ရပေမယ့် အဆင့် ၁၈ နေရာက ဝက်ဖို့ဒ်ကို ၉ မှတ် ဖြတ်ထားနိုင်လို့ တန်းဆင်းဇုန် ဖိအားတော့ ကင်းနေဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ မတ်လ ၁၇ ရက်နေ့မှာ လိုင်လီနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ် ကစားဖို့ ရှိနေပြီး နယူးကာဆယ် ကတော့ ၁၈ ရက်နေ့မှာ အဲဗာတန်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်