ချဲလ်ဆီး နည်းပြ လီယမ် ရိုစီနီယာ ကတော့ လာမယ့် ပရီးမီးယားလိဂ် ပွဲကျပ်ကာလ အတွက် အဆင်သင့် ဖြစ်နေပြီး သူတို့ အသင်းဟာ အဆင့် (၄) အတွင်း ဝင်ဖို့ အခွင့်အရေး ရှိနေကြောင်း ယုံကြည်နေပါတယ်။ လက်ရှိ အဆင့် ၅ နေရာမှာ ရှိနေတဲ့ ချဲလ်ဆီးက လာမယ့် တနင်္ဂနွေနေ့မှာ အမှတ်ပေးဇယား ထိပ်ဆုံးက အာဆင်နယ်နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အက်စတွန်ဗီလာ၊ နယူးကာဆယ်၊ အဲဗာတန်တို့ အပြင် နိုင်ငံတကာပွဲစဉ်တွေ အပြီးမှာ မန်ချက်စတာ ကလပ် နှစ်သင်းစလုံးနဲ့လည်း ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ချဲလ်ဆီး အဆင့် (၄) အတွင်း ဝင်နိုင်ခြေမှာ ၂၀ ရာခိုင်နှုန်းသာ ရှိနေပါတယ်။ ဒါပေမယ့်လည်း အဆင့် ၅ နေရာ ကလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ခြေ ရှိတာကြောင့် သူ့တို့ရဲ့ အခွင့်အရေးက ၄၄ ရာခိုင်နှုန်း အထိ မြင့်တက်လာပါတယ်။ နည်းပြ နည်းပြ ရိုစီနီယာ ကတော့ “ဒီကလပ်ဟာ ချန်ပီယံလိဂ်မှာ ရှိသင့်တဲ့ ကလပ်မျိုးပါ။ ကျွန်တော် စတင် တာဝန်ယူတုန်းက အသင်းက အဆင့် (၈) နေရာမှာပါ။ အခုတော့ ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အပြိုင်အဆိုင်ထဲ ရောက်နေပါပြီ။ ကျွန်တော့် ကစားသမားတွေ ရုပ်ပိုင်းရော၊ စိတ်ပိုင်းမှာပါ လန်းဆန်းနေတာကို တွေ့ရလို့ ကျေနပ်မိပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံမှု

ချဲလ်ဆီးဟာ အာဆင်နယ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲတွင် တစ်ပွဲမှ အနိုင်မရထားပါဘူး (၃ ပွဲသရေ၊ ၅ ပွဲရှုံး)။ ဒါ့အပြင် လက်ရှိ အာဆင်နယ်ရဲ့ နွေရာသီ ခေါ်ယူမှုတွေ ဖြစ်ကြတဲ့ အီဘာရီချီ အက်ဇေးနဲ့ ဗစ်တာ ယောကရက်စ် တို့ကလည်း ခြေစွမ်းပြနေကြပါတယ်။ အက်ဇေးဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ၆ သွင်းယူထားပြီး သွင်းဂိုး အားလုံးက လန်ဒန်ဒါဘီ ပွဲစဉ်တွေမှာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဗစ်တာ ယောကရက်စ် ကတော့ ၂၀၂၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ် ကစားသမားတွေထဲမှာ ဂိုးအများဆုံး သွင်းယူထားသူ ဖြစ်ပြီး (၁၅ ဂိုး အနက် ၈ ဂိုးမှာ ယခုနှစ် အတွင်း သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် အခြေအနေ
ယမန်နေ့က ထွက်ပေါ်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုအရ ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေပါတယ်။ ရိုစီနီယာဟာ စထရာဘိုး အသင်းကို ကိုင်တွယ်စဉ်က ပီအက်စ်ဂျီကို အနိုင်ရဖူးတဲ့ အတွေ့အကြုံ ရှိတာကြောင့် ဒီပွဲစဉ် အတွက် စိတ်လှုပ်ရှားနေပါတယ်။ “ပီအက်စ်ဂျီက အံ့သြဖို့ကောင်းတဲ့ အသင်းပါ။ လူးဝစ် အန်နရီကေး ကလည်း ထူးချွန်တဲ့ အလုပ်တွေကို လုပ်ပြထားပါတယ်။ ဒါပေမယ့် အဲဒီပွဲ မတိုင်ခင် ကျွန်တော်တို့ အာရုံစိုက်ရမယ့် တခြားပွဲတွေ ရှိနေပါသေးတယ်။” လို့ ၎င်းက ဆိုပါတယ်။ချဲလ်ဆီးဟာ အာဆင်နယ်၊ အက်စတွန်ဗီလာ၊ နယူးကာဆယ် တို့နဲ့ ဆက်တိုက် ကစားရမှာ ဖြစ်လို့ အမှတ်လျော့နိုင်ခြေ တော်တော်လေး များနေပါတယ်။ အာဆင်နယ်က လက်ရှိ ဇယားထိပ်မှာ ရှိနေသလို၊ ချဲလ်ဆီးက အာဆင်နယ်ကို နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲမရထားတဲ့ မှတ်တမ်းဆိုးကြောင့် ဒီပွဲမှာ အမှတ်ရဖို့ ခက်ခဲနိုင်ပါတယ်။ ဗီလာ ကလည်း ခြေစွမ်းတက်နေတဲ့ အသင်း ဖြစ်လို့ ချဲလ်ဆီး အတွက် ရုန်းကန်ရမှာပါ။ ဒါပေမယ့် နည်းပြ ရိုစီနီယာရဲ့ လက်ထက်မှာ အသင်းက ပုံစံကောင်း စရနေပြီ ဖြစ်လို့ ဒီပွဲတွေမှာ အနည်းဆုံး ၃ မှတ် ကနေ ၄ မှတ်ကြား ရှာဖွေနိုင်ဖို့ ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


