နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ အကြိတ်အနယ် ရင်ဆိုင်ကြရမယ့် ချဲလ်ဆီးနဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

ချဲလ်ဆီး – မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ကြားရက်မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ပွဲကြီးပွဲကောင်း တစ်ပွဲ အဖြစ် ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲဆက် အသာမရခဲ့တဲ့ ယူနိုက်တက်တို့ ဒီတစ်ကြိမ်မှာရော ဘယ်လို ရလဒ်မျိုးထွက်အောင် စွမ်းဆောင်နိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဇယား အောက်နားက ဘန်လေကို အသည်းအသန် ကစားပြီးမှ သရေ တစ်မှတ် ရခဲ့ပါတယ်။ ကံကောင်းလို့သာ မရှုံးခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လက်တလော အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရောက်ရှိနေပြီး ဥရောပ ဝင်ခွင့် တစ်နေရာရဖို့တောင် မသေချာ ဖြစ်နေတဲ့ အသင်းပါ။ ချဲလ်ဆီးက ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်က သိပ်တော့ အားရစရာ မရှိပါဘူး။ ရှုံးပွဲလည်း ၄ ပွဲ ရှိထားပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ပွဲမှာ ဆိုးရွားလွန်းတဲ့ ခြေစွမ်းနဲ့ ဘရန့်ဖို့ဒ် ကိုတောင် သရေကျအောင် မနည်းကစားခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဒီရာသီ အဝေးကွင်း ရှုံးပွဲ ၆ ပွဲ အထိ ရှိထားပြီး ခြေစွမ်းပိုင်း အားရစရာ မရှိပါဘူး။ ဒါ့အပြင် ယူနိုက်တက်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ နောက်ပိုင်း ပွဲစဉ်တွေမှာ ရုန်းကန်ရတတ်တာကြောင့် ဒီပွဲလည်း ရလဒ်ကောင်းဖို့ မလွယ်ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

ချဲလ်ဆီးမှာ ဖိုဖာနာ၊ လာဗီယာ၊ ဂျိမ်းစ်၊ ဂူစတို၊ ကိုးဝဲလ်၊ အူဂိုချူကဝူ၊ အန်ကွန်ကူ၊ ချူကွယ်မီကာတို့ အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ယူနိုက်တက် ဘက်မှာတော့ လင်ဒီလော့ဖ်၊ မလာစီယာ၊ လုခ်ရှော၊ အီဗန့်စ်၊ မာစီရယ်၊ ဘာရင်ဒီယာ တို့ အပြင် ဗာရန်း ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။


ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၇ ပွဲဆက် မရှုံးခဲ့တဲ့ ယူနိုက်တက်

ချဲလ်ဆီး – ပီထရိုဗစ်၊ ဘာဒီယာရှီးလ်၊ ဒီယာဆီ၊ ဂူစတို၊ ကူကာရယ်လာ၊ အန်ဇို၊ ကိုင်စီဒို၊ ဂယ်လာဟာ၊ ပါးလ်မား၊ မူဒရစ်ခ်၊ ဂျက်ဆန်

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ မက်ဂွိုင်းယား၊ ဗာရန်း၊ ဒါးလော့တ်၊ ဘစ်ဆာခါ၊ မိန်းနူး၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်၊ ဟွိုက်ဂျ်လန်း


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၈ ကြိမ် တွေ့ဆုံခဲ့ရာမှာ ချဲလ်ဆီးက ၁၁ ကြိမ်နိုင်၊ ယူနိုက်တက်က ၁၄ ကြိမ် နိုင်ပြီး ၁၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၂ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ချဲလ်ဆီးက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပြီး ယူနိုက်တက် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1×2 မှာ ချဲလ်ဆီး နိုင်ရင် ၂.၀၇ ဆ၊ ယူနိုက်တက် နိုင်ရင်တော့ ၂.၉၃ ဆ၊ သရေ ဆိုရင်တော့ ၃.၆၀ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာလည်း သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး ကြေးတွေ ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ အနည်းဆုံး ၃ လုံးက စဖွင့်ပါတယ်။ နှစ်သင်းစလုံးက တစ်နေ့ရွှေ၊ တစ်နေ့ငွေ ခြေစွမ်းနဲ့ တိုင်ပတ်နေကြတာပါ။ ခြေစွမ်းကလည်း ယုံကြည်ရခက်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေ အရ ဆိုရင် ဒီပွဲက သရေနဲ့ပဲ ပြီးဆုံးသွားမယ် ထင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့လည်း ရှိနိုင်ပါတယ်။

ခန့်မှန်းရလဒ် ချဲလ်ဆီး ၂-၂ မန်ချက်စတာယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်