ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ကက်စ်မဲရိုး ကတော့ အသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။ ကတ်စ်မဲရိုးဟာ မန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့ နောက်ဆုံး ပွဲစဉ်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေပေမယ့် လာမယ့် နွေရာသီမှာ အသင်း ကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့တော့ အစီအစဉ် မရှိကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ကတ်စ်မဲရိုးဟာ ဒီရာသီမှာ ယူနိုက်တက် အတွက် ခြေစွမ်းပြနေနိုင်တာကြောင့် ရာသီကုန် အသင်း ကနေ ထွက်ခွာမယ် ဆိုတဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည် ရုပ်သိမ်းဖို့ စဉ်းစားနေကြောင်း သတင်းတွေ ထွက်နေတာပါ။ ဒါပေမယ့်လည်း ဘရာဇီးလ်သားက လက်ရှိ မှာတော့ အယူအဆတွေကို ပယ်ချလိုက်ပြီး ရာသီကုန်မှာ အသင်း ကနေ ထွက်ခွာမယ့် အစီအစဉ် အတိုင်း ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်လူဟာ မိုက်ကယ် ကာရစ်ခ် ယာယီ နည်းပြ အဖြစ် ရောက်ရှိလာပြီး နောက်ပိုင်း သူ့ရဲ့ ခြေစွမ်းတွေ ပြန်လည် ကောင်းမွန်လာခဲ့တာပါ။ ဒါပေမယ့် ကက်စ်မဲရိုးက အိုးလ်ထရက်ဖို့ဒ်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဉ် မရှိကြောင်း ဒီနှစ်ဆန်းပိုင်းမှာ ကတည်းက ကြေညာထားခဲ့တာပါ။ ၂၀၂၂-၂၀၂၃ ရာသီ အစမှာ ယူနိုက်တက်ကို ရောက်ရှိလာပြီးကတည်းက သူဟာ ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၅၅ ပွဲ အထိ ပါဝင်ကစားပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ သက်တမ်း တစ်လျှောက် ဝေဖန်မှု တချို့နဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဒီနောက်ဆုံး ရာသီ မှာတော့ တောက်ပတဲ့ ခြေစွမ်းတွေကို ပြသနေတာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်မှာ သူသွင်းယူထားတဲ့ ၇ ဂိုးဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ ကစားခဲ့တဲ့ သူ့ရဲ့ ကစားသမားဘဝ တစ်လျှောက် တစ်ရာသီ အတွင်း အများဆုံး စံချိန်လည်း ဖြစ်ပါတယ်။ အရင်က ၂၀၂၀-၂၀၂၁ ရာသီတုန်းက ရီးရဲလ်မက်ဒရစ်မှာ ၆ ဂိုး သွင်းယူခဲ့တာက သူ့ရဲ့ အကောင်းဆုံးစံချိန် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူသွင်းယူခဲ့တဲ့ ဂိုးတွေထဲက ၆ ဂိုးဟာ ပင်နယ်တီ မဟုတ်တဲ့ တည်ကန်ဘောတွေ ကနေ ရရှိခဲ့တာ ဖြစ်ပြီး၊ ဒါဟာ ၂၀၁၁-၁၂ ရာသီမှာ ဝိန်း ရွန်းနီ ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်ပိုင်း ယူနိုက်တက် ကစားသမား တစ်ဦး အနေနဲ့ တစ်ရာသီအတွင်း တည်ကန်ဘော ကနေ ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်လည်း ဖြစ်ပါတယ်။
တဖက်မှာလည်း ယူနိုက်တက် ဘက်က ကက်စ်မဲရိုးသာ ဆန္ဒရှိရင် တစ်နှစ် သက်တမ်းတိုးနိုင်တဲ့ အခြေအနေမျိုး ရှိနေပါတယ်)။ ဒါပေမယ့် ဘရာဇီးလ် ဝါရင့် ကွင်းလယ်လူ ကတော့ သူ့အနေနဲ့ စိတ်မဝင်စားကြောင်း ပြင်သစ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲအပြီး The Athletic ကို ပြောကြားခဲ့ပါတယ်။“ပရိသတ်တွေ ကျွန်တော့် အပေါ် ထားရှိတဲ့ ချစ်ခြင်း မေတ္တာတွေက တကယ်ကို ကြီးမားပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် ကတော့ ပြတ်သားပြီးသားလို့ တကယ်ပဲ ယုံကြည်ပါတယ်။ မန်ချက်စတာယူနိုက်တက် အတွက် ကစားပေးရမယ့် နောက်ဆုံး ပွဲစဉ်တွေမှာ ခက်ခဲတဲ့ အခိုက်အတန့် တချို့ ရှိလာလိမ့်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။” ကက်စ်မဲရိုးက ဆိုပါတယ်။
လက်ရှိမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဆင့် (၃) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ ကြိုးစားနေပါတယ်။ ဇန်နဝါရီလမှာ ရူဘင် အမော်ရင်ရဲ့ နေရာမှာ မိုက်ကယ် ကာရစ်ခ် တာဝန်ယူပြီး နောက်ပိုင်း ကစားခဲ့တဲ့ ၁၀ ပွဲမှာ ယူနိုက်တက်ဟာ တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ကတ်စ်မဲရိုး ကလည်း ကွင်းလယ်လူဟောင်း ဖြစ်တဲ့ ကာရစ်ခ်ရဲ့ စွမ်းဆောင်ရည် အပေါ် အခုလို ချီးကျူးခဲ့ပါတယ်။
“အားလုံးထက် ထူးခြားတာက မိုက်ကယ်က ကွင်းလယ်မှာ ကျွန်တော် ကစားတဲ့ နေရာ အတွက် အထူးကျွမ်းကျင်သူ တစ်ယောက်ပါ။ သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားဟောင်း တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါကြောင့် အရာရာတိုင်းက ပိုပြီး လွယ်ကူသွားသလို သူက ကျွန်တော် တို့ကို အမြဲတမ်း စကားပြောပြီး လမ်းညွှန်ပေးပါတယ်။ လက်ရှိ မန်ချက်စတာမှာ ကျွန်တော် တို့ရဲ့ ပုံစံကောင်း တစ်ခုကို ရနေပြီလို့ ခံစားရပြီး ကျွန်တော့်ရဲ့ အဓိက ပန်းတိုင် ကတော့ အသင်းကို ချန်ပီယံလိဂ်ဆီ ပြန်ပို့ပေးဖို့ပါပဲ။” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဧပြီလ ၁၃ ရက်နေ့ မှာတော့ လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ပြန်လည် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


