နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်တို့ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ အသာရသွားနိုင်မလား | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ဘရန့်ဖို့ဒ်

အခုတစ်ပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၈)ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီးတော့ ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေတဲ့ ယူနိုက်တက် အတွက် ဖိအားပေါင်း များစွာနဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ အသင်းမှာ ဒဏ်ရာရကစားသမား များပြားနေခြင်းနဲ့ အတူ ခြေစွမ်းပိုင်း ကလည်း အားရစရာ မရှိတဲ့ ယူနိုက်တက်တို့ ဘရန့်ဖို့ဒ်လို ကစားရခက်တဲ့ အသင်း တစ်သင်းကို ရင်ဆိုင်ရခက်ခဲဦးမှာ သေချာပါတယ်။ လက်ရှိ အသင်းမှာ အဓိက ကစားသမား ၈ ဦးလောက် ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေတဲ့ အချိန်မှာ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့လည်း ဘယ်ကစားသမားတွေကို အသုံးပြုမလဲ ဆိုတာတော့ စဉ်းစားစရာ ဖြစ်ပါတယ်။ လက်ရှိ ရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးထားတဲ့ ယူနိုက်တက်တို့ အဆင့် ကလည်း ၁၄ နေရာ အထိ ရောက်ရှိနေပါတယ်။ နိုင်ပွဲ ပျောက်ဆုံးနေတာ ကြာနေတဲ့ တန်ဟက်ဂ် ဦးဆောင်တဲ့ ယူနိုက်တက်တို့ နိုင်ပွဲ ပြန်လည် ရှာတွေ့သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် မှာ နိုင်ပွဲ ၃ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၃ ပွဲ ရှိထားတဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက မန်စီးတီး၊ လစ်ဗာပူးလ်၊ စပါး တို့လို တောင့်တင်းတဲ့ အသင်းတွေကို ရှုံးနိမ့်ထားပေမယ့် အားနည်းချက် များတဲ့ အသင်းတွေ ဆိုရင်တော့ သိသိသာသာ အသာစီးနဲ့ ကစားနိုင်လေ့ ရှိတာ တွေ့ရပါတယ်။ ဘရန့်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်း ဒုက္ခပေးနိုင်လေ့ ရှိပေမယ့် အိုးထရက်ဖို့ဒ် မှာ ဆိုရင်တော့ ယူနိုက်တက်ကို အသာမရတာ များပါတယ်။ 

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ယူနိုက်တက် ဘက်က ဂါနာချို၊ မောင့်၊ ရှော တို့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးပဲ မက်ဂွိုင်းယား၊ ယိုရို၊ မလာစီယာ၊ မိန်းနူး၊ အူဂါတီ တို့ကတော့ ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် မှာ နိုင်ပွဲ ၃ ပွဲ၊ သရေ ၁ ပွဲ၊ ရှုံးပွဲ ၃ ပွဲ ရှိထားတဲ့ ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းက မှန်းဆရခက်ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဘရန့်ဖို့ဒ်

ဘရန့်ဖို့ဒ် ဘက်မှာလည်း ဝစ်ဆာ ကတော့ ပါဝင်ကစားဖို့ မသေချာသေးသလို ဟင်နရီ၊ ဟစ်ကီ၊ ယန်ဆန်၊ ဂိုးမက်စ်၊ ဒါဆေးလ်ဗား၊ ရိုဒရီဂွက်ဇ် တို့ကတော့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ဒါးလော့တ်၊ ဒီလစ်ဂျ်၊ မာတီနက်ဇ်၊ အီဗန့်စ်၊ အဲရစ်ခ်ဆင်၊ ကက်စ်မဲရိုး၊ ဂါနာချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဇီယက်ခ်ဇီး

ဘရန့်ဖို့ဒ် – ဖလက်ကန်၊ ဗန်ဒန်ဘက်ဂျ်၊ ကောလင်းန်၊ ပင်နော့ခ်၊ အယား၊ ဒမ်းစ်ဂတ်၊ နော့ဂတ်၊ ဂျနဲလ်တ်၊ လီဝစ် ပေါ်တာ၊ ချိတ်ဒ်၊ အမ်ဘူအမ်မို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၇ ကြိမ် တွေ့ဆုံခဲ့ရာမှာတော့ ယူနိုက်တက်က ၄ ကြိမ်နိုင်၊ ၂ ပွဲ သရေ၊ ၁ ကြိမ် ကတော့ ဘရန့်ဖို့ဒ်က အနိုင်ရထားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့တဲ့ ၄ ပွဲစလုံး ရှုံးနိမ့်ထားခြင်း မရှိပါဘူး။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီးတော့ ဘရန့်ဖို့ဒ် ကတော့ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၇၀ ဆ နီးပါး ရမှာ ဖြစ်ပြီး ဘရန့်ဖို့ဒ် နိုင်ရင်တော့ ၃.၉၈ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၈၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက်က သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး အနည်းဆုံး သွင်းမှ ဂိုးပေါ်သမားတွေ ပျော်ရမယ့်ကြေးမျိုး ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ နှစ်သင်းစလုံးက မှန်းဆရ ခက်ပါတယ်။ ယူနိုက်တက်ဟာ ခြေစွမ်း ဘယ်လောက်ပဲ နိမ့်နေပါစေ ဘရန့်ဖို့ဒ် ကိုတော့ အိုးထရက်ဖို့ဒ်မှာ လုံးဝ မရှုံးဖူးသေးပါဘူး။ ဒါကြောင့် ယူနိုက်တက်နဲ့ အပြန်အလှန် သွင်းဂိုးတွေကို မျှော်လင့်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်