နယူးကာဆယ် – မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက် ကတော့ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ကာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို ပိုမိုခိုင်မာအောင် ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၆ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ထားတဲ့ ဆိုးရွားတဲ့ ရလဒ်တွေ အောက်ကနေ ရုန်းထွက်နိုင်ဖို့ အတွက် ဒီပွဲက အရေးကြီးနေပါတယ်။
မန်ချက်စတာယူနိုက်တက်
ဇန်နဝါရီ ၁၇ ရက်က စလို့ ဖြစ်နိုင်ခြေ ရှိတဲ့ ရမှတ် ၂၁ မှတ်မှာ ၁၉ မှတ် အထိ ရယူပေးနိုင်ခဲ့တဲ့ နည်းပြ မိုက်ကယ် ကာရစ်ခ်ဟာ ယူနိုက်တက်ရဲ့ အမြဲတမ်း နည်းပြ ဖြစ်လာဖို့ အခွင့်အရေးတွေကို ဆက်လက် တိုးမြှင့်နေပါတယ်။ သူ ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တွေမှာ ရရှိခဲ့တဲ့ နိုင်ပွဲ ၆ ပွဲထဲက ၄ ပွဲဟာ တစ်ဂိုး အသာနဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပေမယ့်၊ သူ့ရဲ့ ကစားသမားတွေဟာ ရင့်ကျက်မှု ရှိရှိနဲ့ စည်းလုံးမှုကို ပြသပြီး ခက်ခဲတဲ့ ပွဲစဉ်တွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာ ကတော့ အပြုသဘောဆောင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ၂-၁ နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီရာသီမှာ ဘရူနို ဖာနန်ဒက်စ်က ပရီးမီးယားလိဂ် ၇ ဂိုးသွင်း၊ ၁၃ ဂိုး ဖန်တီးပေးထားသလို၊ တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကို ကလည်း နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၇ ဂိုး အထိ သွင်းယူပေးထားပြီး အဆုံးအဖြတ် ဂိုးတွေကို ဖော်ဆောင်ပေးနေပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း မှတ်တမ်းမှာ အဆင့် ၆ နေရာ မှာသာ ရှိနေပါတယ်။ ဒါပေမယ့် နောက်ဆုံး အဝေးကွင်း ၅ ပွဲ ဆက်တိုက် (၂ ပွဲနိုင်၊ ၃ ပွဲသရေ) ရှုံးပွဲမရှိထားတာ ကိုတော့ လူသတိမထားမိကြပါဘူး။
နယူးကာဆယ်

ငှက်ကြားတွေဘက်ကို ကြည့်မယ်ဆိုရင်လည်း အိမ်ကွင်း ခြေစွမ်းက သိပ်ပြီး အားရစရာမရှိဘဲ ပြီးခဲ့တဲ့ စနေနေ့က အဲဗာတန်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ နည်းပြ အက်ဒီ ဟောင်းဝ် လက်ထက်မှာ ထူးထူးခြားခြားပဲ နယူးကာဆယ်ဟာ အိမ်ကွင်းမှာ ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပြီး အက်စတွန်ဗီလာ၊ ဘရန့်ဖို့ဒ်နဲ့ အဲဗာတန် တို့ကို စုစုပေါင်း ၈ ဂိုး အထိ ပေးထားရပါတယ်။ နယူးကာဆယ်ဟာ အမှတ်ပေးဇယား မှာလည်း အဆင့် ၁၃ အထိ ဆင်းသွားခဲ့ပြီး ရာသီကုန်ဖို့ ၁၀ ပွဲအလိုမှာ အဆင့် ၇ က ဘရန့်ဖို့ဒ်နဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။ ဒီလနှောင်းပိုင်းမှာ ဘာစီလိုနာနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်တွေ အတွက် စိတ်လှုပ်ရှားစရာ ရှိနေပေမယ့် အက်ဒီ ဟောင်းဝ် အနေနဲ့ ရာသီကုန်မှာ အဆင့် ၇ အတွင်း မဝင်နိုင်ခဲ့ရင် နည်းပြ ရာထူး ကနေ ထုတ်ပယ်ခံရနိုင်ခြေ ရှိနေပါတယ်။ သူတို့ရဲ့ နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲ နိုင်ထားတာက အားတက်စရာ ဖြစ်နိုင်ပေမယ့် အဲဒီထဲက ၂ ပွဲက အဇာဘိုင်ဂျန် ကလပ် ကွာရာဘတ်ကို နိုင်တာ ဖြစ်ပြီး၊ ကျန်တဲ့ပွဲတွေ ကလည်း တစ်ယောက် လျော့နေ ဗီလာနဲ့ ခြေစွမ်းပျက်နေတဲ့ စပါး တို့ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ နယူးကာဆယ် ဘက်က ခရက်ဖ်၊ ရှား၊ လစ်ဗရာမန်တို၊ ဂီမာရေးစ်၊ မိုင်လီ တို့လို အဓိက ကစားသမား အများအပြား လွဲချော်ဖို့ ရှိနေပါတယ်။ ယူနိုက်တက် ဘက်မှာတော့ မာတီနက်ဇ်၊ ဒီလစ်ဂျ်၊ မေဆန် မောင့်နဲ့ ဒေါဂူတို့ လွဲချော်မှာပါ။
ဖြစ်နိုင်ဖွယ် လူစာရင်း
နယူးကာဆယ် – ပုပ်၊ ထရစ်ပီယာ၊ သီယော၊ ဘော့တ်မန်း၊ ဟောလ်၊ ဝေးလော့ခ်၊ တိုနာလီ၊ ဂျိုးလင်တန်၊ ဘန်းစ်၊ ဝေါလ်တီမာဒါ၊ ဂေါ်ဒွန်
မန်ချက်စတာယူနိုက်တက် – လမ်မန်းစ်၊ ဒါးလော့တ်၊ ယိုရို၊ မက်ဂွိုင်းယား၊ မက်ဇရာရီ၊ ကက်စ်မဲရိုး၊ မိန်နူး၊ အမ်ဘွေမို၊ ဖာနန်ဒက်စ်၊ ကူညာ၊ ဆက်စ်ကို
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ယူနိုက်တက်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ၂၀၂၀ အောက်တိုဘာ ကတည်းက နိုင်ပွဲ မရသေးသလို၊ နောက်ဆုံး တွေ့ခဲ့တဲ့ အဝေးကွင်း ၃ ပွဲစလုံး ရှုံးနိမ့်ထားတာ ကိုတော့ ကာရစ်ခ် အနေနဲ့ သတိပြုရမှာပါ။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ယူနိုက်တက်က ၂ ကြိမ် နိုင်ပြီး နယူးကာဆယ်က ၃ ကြိမ် အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ နယူးကာဆယ် နိုင်ရင် ၂.၄၆ ဆ၊ ယူနိုက်တက် နိုင်ရင် ၂.၄၅ ဆ၊ သရေ ဆိုရင်တော့ ၃.၄၈ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် ဒဲ့ကြေးဖွင့်ထားပါတယ်။ နယူးကာဆယ် အနေနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ ပရီးမီးယားလိဂ် ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်ချင်နေမှာ ဖြစ်ပေမယ့်၊ တိုးတက်မှုတွေ ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်ကို အသာစီးယူနိုင်မယ် ဆိုတဲ့ အရိပ်အယောင်မျိုးတော့ လတ်တလောမှာ မမြင်ရသေးပါဘူး။ အများစု ကတော့ ယူနိုက်တက်က ခက်ခက်ခဲခဲ ကစားသွားပြီး ထုံးစံအတိုင်း တစ်ဂိုးအသာ ရလဒ်နဲ့ နောက်ထပ် နိုင်ပွဲ တစ်ခုကို ထပ်မံ ဖော်ဆောင်သွားလိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် ကျနော် ကတော့ သရေ ရလဒ် ထွက်ပေါ်မယ်လို့ ထင်ပါတယ်။ အပြန်အလန် သွင်းဂိုးတွေ ရှိလာနိုင်လို့ ဂိုးပေါ်လည်း ကြိုက်နေပါတယ်။
ခန့်မှန်းရလဒ်
နယူးကာဆယ် ၂-၂ မန်ချက်စတာယူနိုက်တက်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


