နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်နဲ့ Here We Go သွားတဲ့ ကာလာဖီအိုရီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ အီတလီ ခံစစ် ကြယ်ပွင့်လေး ရီကာဒို ကာလာဖီအိုရီတို့ရဲ့ အပြောင်းအရွှေ့ ကတော့ Here We Go သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီသတင်း ကိုတော့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

 အာဆင်နယ်ဟာ အစောပိုင်းမှာ ကတည်းက ကာလာဖီအိုရီကို ခေါ်ယူဖို့ အတွက် သဘောတူညီမှုတွေ ရရှိထားခဲ့တာ ဖြစ်ပြီး ကစားသမားရဲ့ sell-on clause နဲ့ ပတ်သက်ပြီး ဘိုလော့ဂ်နာနဲ့ ဘေဆယ်တို့ အကြားမှာလည်း အဆင်ပြေဖို့ အတွက်ပဲ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ကာလာဖီအိုရီကို ယူရို သန်း ၄၀ + အပိုဆုကြေး ၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဒီကစားသမားလေးကို ၅ နှစ် စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီးတော့ တစ်နှစ် လုပ်ခ ယူရို ၄ သန်း ပေးချေသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် အီတလီ ဗဟိုခံစစ်မှူးလေးဟာ အမေရိကမှာပဲ ဆေးစစ်မှုတွေကို လုပ်ဆောင်သွားဖို့ ရှိနေပြီး တရားဝင် ကြေညာပြီးရင်တော့ ခြေစမ်းပွဲ ခရီးစဉ်မှာ တစ်ပါတည်း မြင်တွေ့ရဖွယ်တော့ ရှိနေပါတယ်။

ဒီကစားသမားက ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိပြီး ကြံ့ခိုင်မှုနဲ့ အရပ်အမောင်း ကောင်းသလို တိုးအား၊ ရုန်းအား ကလည်း ကောင်းပါတယ်။
ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိသလို ကြံ့ခိုင်မှုလည်း ကောင်းတဲ့ ကာလာဖီအိုရီ

အာဆင်နယ် အနေနဲ့ ရီကာဒို ကာလာဖီအိုရီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် သူတို့ အသင်းရဲ့ နောက်တန်း ကတော့ တော်တော်လေး ပြည့်စုံ တောင့်တင်းသွားခဲ့ပြီလို့ ပြောလို့ ရပါတယ်။ မီခဲလ် အာတေးတား အနေနဲ့ ရာသီသစ်မှာ ဆလီဘာ၊ ဂါဘရီရယ် ဗဟိုခံစစ် အတွဲအဖက်နဲ့ အတူ ခံစစ် ဘယ်အစွန်မှာ ကာလာဖီအိုရီ၊ ညာအစွန်မှာတော့ ဘန်ဝှိုက် တို့ကို အဓိကထား အသုံးပြုလာဖွယ် ရှိနေပါတယ်။ အရံခုံကို ပြန်ကြည့်ရင်လည်း အာဆင်နယ်ရဲ့ ခံစစ်က တော်တော်လေး တောင့်တင်းနေသေးပြီး ဇင်ချန်ကို၊ တိုမီယာဆု၊ ခီဗီယော တို့လို ကစားသမားတွေ ကျန်ရှိနေပါသေးတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ကာလာဖီအိုရီကို အရခေါ်ယူနိုင်ခဲ့ပြီ ဖြစ်တာကြောင့် သူတို့ အသင်းရဲ့ နောက်ထပ် အပြောင်းအရွှေ့ ရည်မှန်းချက် ဖြစ်တဲ့ မီခဲလ် မာရင်နိုကို ဆက်လက် ကြိုးပမ်းသွားဖို့တော့ ရှိနေပါပြီ။ အက်ဒူးနဲ့ အာတေးတားတို့ဟာ ခံစစ် အပြီးမှာ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းချင်နေသေးပြီး ရီးရဲလ်ဆိုစီဒက်က မီခဲလ် မာရင်နိုကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အာဆင်နယ် ရပ်ဝန်းက လာတဲ့ သတင်းတွေအရ ဂန်းနားတွေဟာ မီခဲလ် မာရင်နိုကို ခေါ်ယူဖို့ အကောင်းဆုံး အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဒီစပိန် ကစားသမား ဟာ အစောပိုင်းမှာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို စိတ်အားထက်သန်နေခဲ့ပေမယ့် ဘာဆာက နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့သာ အာရုံစိုက်နေတာကြောင့် အာဆင်နယ် အတွက် မျှော်လင့်ချက် ရှိနေတာပါ။ တစ်ဖက်မှာတော့ မာရင်နိုကို အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကလည်း ကြားဖြတ် ခေါ်ယူဖို့ အတွက် အသင့်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကစားသမား ကတော့ ဘာဆာ မဟုတ်ရင် အာဆင်နယ် ကသာ သူ့ အတွက် ပြောင်းရွှေ့ဖို့ အသင့်တော်ဆုံး ကလပ် အဖြစ် ယူဆထားကြောင်း သိရပါတယ်။ အာဆင်နယ် အနေနဲ့ လက်ရှိ အချိန်ထိတော့ တရားဝင် ကမ်းလှမ်းမှု မပြုလုပ်ရသေးပေမယ့် မကြာခင်မှာတော့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု အရင်ယူပြီး ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။ မာရင်နိုဟာ ပုံရိပ် အရမ်းမြင့်မားတဲ့ ကစားသမား မဟုတ်ပေမဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေ ကတော့ နည်းပြ မီခဲလ် အာတေးတား စိတ်ကြိုက် ဖြစ်နေပါတယ်။ ဒီကစားသမားက ပရီးမီးယားလိဂ် အတွေ့အကြုံလည်း ရှိပြီး ကြံ့ခိုင်မှုနဲ့ အရပ်အမောင်း ကောင်းသလို တိုးအား၊ ရုန်းအား ကလည်း ကောင်းပါတယ်။ ဒါ့အပြင် လက်ရှိ အာဆင်နယ် ကွင်းလယ်က မာတင် အိုဒီဂတ်နဲ့လည်း ဆိုစီဒက်မှာ တွဲဖက် ကစားဖူးသူ ဖြစ်တာကြောင့် အာဆင်နယ်တို့ အရ ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်