နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်ပနီ နေရာမှာ လမ်းပတ်နဲ့ အစားထိုးချင်နေတဲ့ ဘန်လေ | ပရီးမီးယားလိဂ်

ဘန်လေ ပရီးမီးယားလိဂ် ကနေ တန်းဆင်းသွားရတဲ့ ဘန်လေ အသင်း ကတော့ ဖရန့်ခ် လမ်းပတ်ကို ထွက်ခွာသွားတဲ့ နည်းပြ ဗင်းဆင့်န် ကွန်ပနီ နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘန်လေဟာ သူတို့ရဲ့ နည်းပြ ကွန်ပနီကို ဘေယန်မြူးနစ် အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် လစ်လပ်နေတဲ့ နည်းပြ ရာထူး အတွက် ချဲလ်ဆီး နည်းပြဟောင်း လမ်းပတ်နဲ့ အစာထိုးချင်နေတာ ဖြစ်ပါတယ်။

ဘန်လေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ် မှာ အဆင့် ၁၉ နေရာသာ ရခဲ့တာကြောင့် ချန်ပီယံရှစ်ဆီ ပြန်ဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ကွန်ပနီဟာ ဘန်လေကို ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့ ပရီးမီးယားလိဂ် ဆီ တန်းတက်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် တစ်ရာသီ အကြာမှာပဲ တန်းပြန်ဆင်းသွားရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ ပွဲ ကစားရာမှာ နိုင်ပွဲ ၅ ပွဲသာ ရခဲ့ပြီး ၉ ပွဲ သရေ၊ ၂၄ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် ရမှတ် ၂၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈ နေရာ ကနေ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ရှက်ဖီးလ်ယူနိုက်တက် ပြီးရင် ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဒုတိယမြောက် ရှုံးပွဲ အများဆုံး အသင်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ရှက်ဖီးလ်ယူနိုက်တက်နဲ့ လူတန်တို့ ပြီးရင် ပေးဂိုး အများဆုံး၊ ရှက်ဖီးလ်ယူနိုက်တက် ပြီးရင် သွင်းဂိုး အနည်းဆုံး အသင်း အဖြစ်လည်း ရပ်တည်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း နည်းပြ ကွန်ပနီ ကိုတော့ အသင်းမှာ ဆက်ထိန်းဖို့ လိုလားခဲ့ပြီး ဘေယန်မြူးနစ်ရဲ့ အင်တိုက်အားတိုက် ကြိုးပမ်းမှုနဲ့ ကွန်ပနီ ကိုယ်တိုင် အသင်း ပြောင်းရွှေ့လိုခဲ့တာတွေကြောင့်သာ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ဘန်လေဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းခဲ့ရပေမယ့် ကွန်ပနီရဲ့ နည်းဗျူဟာ၊ အတွေးအခေါ်နဲ့ ကစားဟန်တွေကို သဘောကျခဲ့တဲ့ ဘေယန်မြူးနစ်က အရခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဂျာမန် ထိပ်သီး ကလပ်ဟာ ကွန်ပနီကို ၃ နှစ် သက်တမ်း ရှိတဲ့ စာချုပ် တစ်ရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး ကွန်ပနီ အတွက် ဘန်လေထံ လျော်ကြေးငွေ ပေါင် ၁၀.၂ သန်းလည်း ပေးချေခဲ့ရပါတယ်။ The Athleticရဲ့ ဖော်ပြချက် အရ ဘန်လေရဲ့ တာဝန်ရှိသူတွေက ကွန်ပနီကို လက်လွှတ်ရ ပြီးနောက် သူတို့ အသင်းကို တာဝန်ယူ ကိုင်တွယ်နိုင်မယ့် အရည်အသွေးမြင့် နည်းပြ တစ်ဦးကို အသည်းအသန် လိုက်လံ ရှာဖွေနေပြီး ဘန်လေရဲ့ ပစ်မှတ် စာရင်းထဲမှာ ဖရန့်ခ် လမ်းပတ်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ် အရွယ် အင်္ဂလန် ဂန္တဝင် ဖရန့်ခ် လမ်းပတ်ဟာ နည်းပြ လောကထဲကို ဝင်ရောက်လာပြီးနောက် ဒါဘီကောင်တီ၊ ချဲလ်ဆီး၊ အဲဗာတန် စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ လမ်းပတ်ဟာ ကစားသမား ဘဝမှာ အောင်မြင်ခဲ့သလောက် နည်းပြ ဘဝ မှာတော့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ပြန်ကြည့်ရင် ဒါဘီ ကောင်တီဟာ လမ်းပတ် လက်ထက်မှာ ၄၇ ရာခိုင်နှုန်း နိုင်ပွဲ ရခဲ့ပြီး ချဲလ်ဆီး မှာတော့ ၅၂ ရာခိုင်နှုန်း အထိ နိုင်ပွဲ ရခဲ့ပါတယ်။ အဲဗာတန်ကို ကိုင်တွယ်ရာမှာတော့ နိုင်ပွဲ ၂၇ ရာခိုင်နှုန်းသာ ရှိခဲ့သလို ချဲလ်ဆီးကို တကျော့ပြန် ယာယီ ကိုင်တွယ်ချိန်မှာလည်း ၉ ရာခိုင်နှုန်းသာ နိုင်ပွဲ ရခဲ့တာ တွေ့ရပါတယ်။ 

လက်ရှိမှာ လမ်းပတ်ဟာ အသင်း လက်မဲ့ ဖြစ်နေပြီး သူကိုယ်တိုင်လည်း နည်းပြ လောကထဲကို ပြန်လည် ဝင်ရောက်ချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဘန်လေ ကသာ သူ့ကို အမှန်တကယ် ကမ်းလှမ်းမှု ရှိလာမယ် ဆိုရင် ချက်ချင်းပဲ လက်ခံသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်