နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုးပြတ် အနိုင်ရလဒ်နဲ့ တန်းဆင်းဇုန်ထဲက အကောင်းဆုံး ရုန်းထပြနေတဲ့ ဘန်လေ (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရိုက်တန် ၀ – ၃ ဘန်လေ

ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ရုန်းထဖို့ ကြိုးစားနေတဲ့ ဘန်လေ ကတော့ တိုက်စစ် ခြေစွမ်းပြပြီး ဘရိုက်တန်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဘရိုက်တန်တို့ အိမ်ကွင်းမှာ ကစားရပေမယ့် ဘန်လေရဲ့ မထင်မှတ် တုန့်ပြန်မှုနဲ့ အဆုံးသတ်ပိုင်း သေချာမှုတွေကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့ရသွားခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အိမ်ရှင် ဘရိုက်တန်တို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဘန်လေ ကလည်း အဓိက ကစားသမားတွေ ဖြစ်တဲ့ တာကောစကီး၊ တေလာနဲ့ အက်ရှ်လေ ဝက်စ်ဝုဒ်တို့ ကလွဲရင် တောင့်တင်းတဲ့ လူစာရင်းနဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးရယူပြီး ကြိုတင် ရည်ရွယ်ထားတဲ့ အတိုင်း ပြိုင်ဘက် နောက်တန်းကို အကွက်ကျကျ ထိုးဖောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဘန်လေ ကတော့ တန်ပြန် တိုက်စစ်ကိုပဲ အားပြု ကစားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဂရေဟမ် ပေါ်တာရဲ့ နည်းဗျူဟာထက် အခွင့်အရေး ရရင် ရသလို လျင်မြန်တဲ့ တန်ပြန် တိုက်စစ်တွေ ကနေ ဂိုးရဖို့ ကြိုးစားလာတဲ့ ရှောင်ဒိုက်ချ်ရဲ့ ဗျူဟာ ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ပွဲအစ မိနစ် ၂၀ လောက်မှာပဲ ဘန်လေတို့ တန်ပြန် တိုက်စစ် ကနေ ဦးဆောင်ဂိုး စတင်ရရှိသွားခဲ့ပြီး ကော်နာ ရောဘတ်စ် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး ဝတ် ဝက်ဂ်ဟော့စ်က လှလှပပ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် မှာလည်း ဘရိုက်တန် ခံစစ်ရဲ့ ပေါ့ဆမှုကို ဘန်လေတို့ အခွင့်အရေး ထပ်ယူနိုင်ခဲ့လို့ ပထမပိုင်း ပြီးခါနီးမှာ ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ် မှာတော့ ဝက်ဂ်ဟော့စ် က ဖန်တီးပေးပြီး ဘရောင်းဟေးလ်က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ဘရိုက်တန်

ဒုတိယပိုင်းမှာ အိမ်ရှင်တို့ အခွင့်အရေး တချို့ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ချေပဂိုးနဲ့ ဝေးခဲ့ရသလို ဘန်လေရဲ့ တန်ပြန် တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့လို့လည်း နောက်ထပ် ၁ ဂိုး ထပ်ပေးခဲ့ရပါတယ်။ ပွဲချိန် ၆၉ မိနစ်မှာ ဂျေးရိုဒရီဂတ်ဇ် ထိုးပေးလိုက်တဲ့ ဘောလုံးကို အာရွန်လန်နွန်က ဖြတ်ဆွဲသွားပြီး သူ့ရဲ့ ထုံးစံ အတိုင်း ဧရိယာ ထိပ်ကနေ အမှတ်မထင် ထောင့်ဖြတ် ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ Form မိသွားတဲ့ ဘန်လေကို အိမ်ရှင်တို့ ထိန်းချုပ်ဖို့ ခက်ခဲခဲ့ပြီး မက်နေးလ်ရဲ့ စတုတ္ထမြောက် သွင်းဂိုး လူကျွံနေလို့သာ အိမ်ရှင်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ရှောင်ဒိုက်ချ်ရဲ့ အသင်း ကတော့ အစဉ်အလာ မပျက် ပရီးမီးယားလိဂ် မှာ တင်ကျန်နေစေရေး ရည်ရွယ်ချက်နဲ့ ရုန်းကန်ပြနေပြန်ပါပြီ။ ဘန်လေရဲ့ ဒီရာသီ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး ရသမျှ အခွင့်အရေးကို အပိုင် အသုံးချသွားနိုင်တာ ကတော့ လုံးဝ ချီးကျူးစရာပါပဲ။ ဘန်လေ အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ဖြစ်ခဲ့ပြီး ဒီရလဒ်ကြောင့်ပဲ ဘန်လေတို့ အဆင့် ၁၉ နေရာကို တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၉ နေရာမှာ ဆက်လက် ရပ်တည်နိုင်ဆဲ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘရိုက်တန်တို့ လာမယ့် စနေနေ့မှာ အက်စတွန်ဗီလာကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိပြီး ဘန်လေ ကလည်း တော့တင်ဟမ်ဟော့စပါးကို တက်ဖ်မောမှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်