နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်က သူ့ကို ဆော်ဒီပရိုလိဂ်ဆီ သွားစေချင်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ ဘရူနို ဖာနန်ဒက်စ် | ပရီးမီးယားလိဂ်

ဆော်ဒီပရိုလိဂ် ဘက်ကနေ ကမ်းလှမ်းမှုတွေ လက်ခံရရှိခဲ့ပြီးနောက် မှာတော့ မန်ချက်စတာယူနိုက်တက် ဘက်က သူ့ကို ဒီနွေရာသီမှာ ရောင်းထုတ်ချင်ခဲ့ကြောင်း အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပေါ်တူဂီ မီဒီယာတွေကို ဖွင့်ဟလိုက်ပါတယ်။ ပေါ်တူဂီသားက ပြီးခဲ့တဲ့ နွေရာသီတုန်းက ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကြီးခဲ့ပေမယ့် နောက်ဆုံး မှာတော့ အိုးထရက်ဖို့ဒ် မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နည်းပြ ရူဘင် အမော်ရင်က သူ့ကို အသင်းရဲ့ စီမံကိန်းတွေထဲမှာ ထည့်သွင်းထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့လို့ အဲဒီအချက်ကပဲ သူ့ကို ယူနိုက်တက်မှာ ဆက်နေဖို ဆွဲဆောင်နိုင်ခဲ့တာလို့ အသက် ၃၁ နှစ်အရွယ် ကစားသမားက ဆိုပါတယ်။ ဘရူနိုက “ကလပ် အသင်း အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုနဲ့ စာနာ နားလည်မှုက အရင်အတိုင်းပါပဲ။ ဒါပေမယ့် ကလပ် အတွက် ကတော့ လူတယောက်ထက် ငွေကြေးက ပိုအရေးကြီးလာတဲ့ အချိန်တစ်ခု ရောက်လာခဲ့ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက ပေါ်တူဂီဘောလုံးအဖွဲချုပ်ရဲ့ Canal 11 ရုပ်သံလိုင်း ကနေ တဆင့် အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆက်လက်ပြီး “အသင်းဘက်က ကျွန်တော့်ကို ထွက်ခွာစေချင်ကြတယ်။ ဒါကို ကျွန်တော် ဒါရိုက်တာတွေကို ပြောခဲ့ပါတယ်။ ပြီးတော့ နည်းပြက ကျွန်တော့်ကို အသင်းမှာ ရှိစေချင်တဲ့ အတွက် သူတို့မှာ ကျွန်တော့်ကို ထွက်ခွာခိုင်းဖို သတ္တိမရှိခဲ့ကြဘူးလို ထင်ပါတယ်။ အကယ်၍ နည်းပြက ဆက်နေစေချင်ရင်တောင် ကျွန်တော် ကိုယ်တိုင်က ထွက်ချင်တယ်လို့သာ ပြောလိုက် ကလပ်က ကျွန်တော့်ကို ထွက်ခွာခွင့်ပေးပါလိမ့်မယ်။” လို့ ဘရူနို ဖာနန်ဒက်စ်က ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဘရူနိုဟာ ၂၀၂၀ ပြည့်နှစ်မှာ ပရီးမီးယားလိဂ်ကို ရောက်ရှိလာပြီးနောက် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၀၇ ပွဲ ကစားကာ ၁၀၃ ဂိုး သွင်းယူထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားက အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်ထားနိုင်သူ ဖြစ်ပြီး ယို့ယွင်း ပျက်ဆီးနေတဲ့ ယူနိုက်တက်ကို အမြဲတမ်း နီးပါး ကယ်တင်ပေးနေသူတွေထဲက တစ်ဦး ဆိုရင်လည်း မမှားပါဘူး။ အခုတော့ သူက သူ့ကို မလိုချင်တဲ့ ပရီးမီးယားလိဂ် ကလပ် အပေါ် သူ့ သဘောမကျတဲ့ အခြေအနေတွေကို မချွင်းမချန် ဖွင့်ဟလာခဲ့ပါပြီ။

အခုတော့ သူက သူ့ကို မလိုချင်တဲ့ ပရီးမီးယားလိဂ် ကလပ် အပေါ် သူ့ သဘောမကျတဲ့ အခြေအနေတွေကို မချွင်းမချန် ဖွင့်ဟလာခဲ့ပါပြီ။
ယူနိုက်တက်နဲ့ ပတ်သတ်ပြီး သဘောမကျတဲ့ အခြေအနေတွေကို ဖွင့်ဟလာတဲ့ ဘရူနို ဖာနန်ဒက်စ်

ဆက်လက်ပြီး ဘရူနို ဖာနန်ဒက်စ်က အသင်း တာဝန်ရှိသူတွေ အနေနဲ့ သူ့ကို လမ်းခွဲချင်နေတဲ့ သဘောထားမျိုး ပြလာတာကြောင့်လည်း စိတ်ထိခိုက်ခဲ့ရတယ်လို ဆိုပါတယ်။ ပေါ်တူဂီ နာမည်ကြီး သတင်းစာ A Bola မှာတော့ “ကလပ် ဘက်က ကျွန်တော် ရရှိခဲ့တဲ့ ခံစားချက်က ‘မင်း ထွက်သွားရင်လည်း ငါတို့ အတွက် ဘာမှမဖြစ်ဘူး ဆိုတဲ့ ပုံစံမျိုးပါ။ အဲဒါက ကျွန်တော့်ကို နည်းနည်းတော့ နာကျင်စေခဲ့တယ်။ ကျွန်တော့်ကို နာကျင်အောင် လုပ်တာထက် ဝမ်းနည်းအောင် လုပ်တယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်က ဘယ်သူမှ ဝေဖန်လို့ မရတဲ့ ကစားသမား တယောက်ပါ။ အသင်း အတွက် အမြဲတမ်း အသင့်ရှိနေတယ်။ အမြဲတမ်းလည်း အကောင်းဆုံး ပေးဆပ်တယ်။”

“ဒီအပြောင်းအရွှေ့ကာလမှာ ကျွန်တော် ထွက်သွားလိုရတယ်။ ပိုက်ဆံလည်း အများကြီး ပိုရမှာ။ ဒီရာသီ ဆုဖလားတွေ အများကြီးလည်း ရခဲ့မှာ။ ဒါပေမယ့် မသွားဖို့ ဆုံးဖြတ်ခဲ့တာ မိသားစု အကြောင်းပြချက်တွေပါတယ် ဆိုပေမယ့် ကျွန်တော် ကိုယ်တိုင်က ဒီကလပ်ကို တကယ်ပဲ စိတ်ရင်းနဲ့ ချစ်လို့ပါ။” လို့ ဘရူနို ဖာနန်ဒက်စ်က ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံး မှာတော့ ဘရူနိုက ၂၀၂၃ တုန်းက ယူနိုက်တက်နဲ့ အဆင်မပြေမှုတွေကြောင့် လမ်းခွဲခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုလိုမျိုး ဆော်ဒီအာရေဗျကို ပြောင်းရွှေ့ဖို့ စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါကတော့ ဘရူနို ဖာနန်ဒက်စ် ယူနိုက်တက်နဲ့ ပတ်သတ်ပြီး မချွင်းမချန် ဖွင့်ဟသွားခဲ့တဲ့ အကြောင်းအရာတွေ ဖြစ်ပြီး သူ့ အနေနဲ့ မကြာခင်မှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားမလား ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်