နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန် – ဝက်စ်ဟမ်း | ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ (ပွဲကြိုသုံးသပ်ချက်)

ဘရိုက်တန် – ဝက်စ်ဟမ်း

ယူရိုပါလိဂ် ဝင်ခွင့် အတွက် မျှော်လင့်ချက် ရှိနေသေးတဲ့ ဝက်စ်ဟမ်းတို့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၈) မှာတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၆ ကြိမ် ဆက်တိုက် သရေ ရလဒ် ထွက်ပေါ်ထားခဲ့တဲ့ ဘရိုက်တန်နဲ့ ဝက်စ်ဟမ်း တို့ ဒီတစ်ကြိမ် တွေ့ဆုံမှုမှာရော ဘယ်လို ရလဒ်မျိုး ထွက်ပေါ်လာဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရိုက်တန် ကတော့ ရာသီဝက်လောက်မှာ ခြေစွမ်းကျဆင်းသွားခဲ့သမျှ ရာသီသိမ်းခါနီး မှာတော့ တောက်လျောက် ခြေစွမ်း ပြန်တက်လာခြင်းနဲ့ အတူ ပွဲတိုင်းလိုလို အမှတ်တွေ ယူထားနိုင်တာ တွေ့ရပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ မန်စီးတီး တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး အာဆင်နယ်၊ စပါး၊ မန်ယူနိုက်တက်နဲ့ ဝုဗ် တို့ကို အနိုင်ရကာ နော့ဝှစ်ချ်စီးတီး၊ ဆောက်သမ်တန်၊ လိဒ်စ် တို့နဲ့တော့ သရေကျထားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဘရိုက်တန်ဟာ အသင်းကြီးတွေနဲ့ ဆိုရင် ပိုပြီး အားစိုက် ရုန်းတတ်သလို မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။ မန်စီးတီးလို အဘက်ဘက်က တောင့်တင်းလွန်းတဲ့ အသင်းကို ပွဲချိန် တစ်ဝက်လောက် ဒုက္ခပေးနိုင်ခဲ့တဲ့ ဘရိုက်တန်ရဲ့ ခြေစွမ်းက လုံးဝ လျှော့တွက်ထားလို့ မရပါဘူး။ ဘရိုက်တန်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၄ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားလို့ အဝေးကွင်းလောက် အားရစရာ မရှိပေမယ့် လက်တလော အိမ်ကွင်း ၃ ပွဲဆက် မရှုံးအောင် ကစားထားပါတယ်။ အခုပွဲ ကိုတော့ တိုက်စစ် မွယ်ပူ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပြီး မိုဒါနဲ့ ဆာမီရန်တို တို့ကတော့ ကျိန်းသေ လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း ဂရေဟမ် ပေါ်တာရဲ့ အသင်းက ပြီးခဲ့တဲ့ ပွဲတွေကလိုပဲ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ ရှိပြီး အမှတ်မလိုတော့သည့် တိုင်အောင် အတတ်နိုင်ဆုံး ရလဒ်ကောင်းတစ်ခုနဲ့ ရာသီသိမ်းနိုင်ဖို့ အားစိုက်လာဦးမှာ သေချာပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဆန်းချက်ဇ်၊ ဒန့်ခ်၊ ကူကာရယ်လာ၊ ဗဲလ်မန်း၊ ကိုင်ဆီဒို၊ ဘစ်ဆူးမား၊ ထရော့ဆက်ဒ်၊ မက်ချ်၊ အဲလစ်စတား၊ ဂရော့စ်၊ ဝဲလ်ဘက်

နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၈ ပွဲမှာ မန်စီးတီး တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားပြီး အာဆင်နယ်၊ စပါး၊ မန်ယူနိုက်တက်နဲ့ ဝုဗ် တို့ကို အနိုင်ရကာ နော့ဝှစ်ချ်စီးတီး၊ ဆောက်သမ်တန်၊ လိဒ်စ် တို့နဲ့တော့ သရေကျထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ဝက်စ်ဟမ်း ကတော့ ပရီးမီးယားလိဂ်ကို အာရုံ ပြန်စိုက်နိုင်ချိန်မှာ ပုံစံကောင်း တစ်ခု ပြန်ရနေခြင်းနဲ့ အတူ ရလဒ်ပိုင်းလည်း ပြန်တက်လာတာ တွေ့ရပါတယ်။ ယူရိုပါလိဂ် အပြီး ကစားခဲ့တဲ့ နှစ်ပွဲမှာ နော့ဝှစ်ချ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့သလို မန်စီးတီးကို သရေ ကစားထားနိုင်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ လက်တလော အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့် အပေါ်က ယူနိုက်တက်နဲ့ ၂ မှတ်သာ ကွာဟနေပါတယ်။ ဒါကြောင့် တစ်ဖက်မှာ ယူနိုက်တက်တို့ ခြေချော်ခဲ့ရင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဝက်စ်ဟမ်းတို့ ယူရိုပါလိဂ် ဝင်ခွင့် ရဖို့ တတ်နိုင်သမျှ အားစိုက်လာဦးမှာ သေချာပါတယ်။ မန်စီးတီးနဲ့ ပွဲက ခြေစွမ်း အတိုင်းဆိုရင် ခြေတက်နေတဲ့ ဘရိုက်တန်ကို ဝက်စ်ဟမ်းတို့ အခက်အခဲ မရှိ ယှဉ်ကစားနိုင်စွမ်း ရှိနေပြီး ဂိုးမြူးနေတဲ့ ဘိုဝင် အနေနဲ့လည်း ပြိုင်ဘက်ရဲ့ မာကျောတဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၈ ပွဲရှုံး ဆိုတဲ့ ဝက်စ်ဟမ်းရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း စွမ်းဆောင်ရည်ဟာ အားရစရာ အခြေအနေမှာ ရှိမနေခဲ့သလို နောက်ဆုံး ၇ ပွဲမှာလည်း ၁ ပွဲသာ အနိုင်ရထားပြီး ၂ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ အခုလာမယ့်ပွဲကို ခြေချင်းဝတ် ဒဏ်ရာရထားတဲ့ ဘန်ရားမား တစ်ဦးက လွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပြီး ဒေးဗစ် မွိုက်စ် အနေနဲ့ မန်စီးတီးနဲ့ ပွဲက အခင်းအကျင်းနဲ့ပဲ ပွဲထွက်စေမယ့် သဘော ရှိပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖေဘီယန်စကီး၊ ဒေါ်ဆင်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဆိုဖယ်၊ ဆိုချက်ခ်၊ ရိုက်စ်၊ လန်ဇီနီ၊ ဖော်နယ်စ်၊ ဘိုဝင်၊ အန်တိုနီယို

พรีเมียร์ลีก
เชลซี
วัตฟอร์ด
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ်မှာ ဘရိုက်တန်က ၃ ကြိမ်နိုင်၊ ဝက်စ်ဟမ်းက ၂ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေပွဲ အဖြစ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ထူးခြားချက်က ဝက်စ်ဟမ်းတို့ ဘရိုက်တန်ကို ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ ချန်ပီယံရှစ်မှာတုန်းက နောက်ဆုံး အကြိမ် အနိုင်ရထားတာ ဖြစ်ပါတယ်။ အဲ့နောက်ပိုင်း ပရီးမီးယားလိဂ် တွေ့ဆုံမှု ၉ ကြိမ်ဆက် ဝက်စ်ဟမ်းတို့ ဘရိုက်တန်ကို အနိုင်မရခဲ့သလို ၃ ပွဲဆက် ရှုံးပြီး ၆ ပွဲဆက် သ‌ရေကျထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် အတွက် ၂.၄၄ ဆ၊ ဝက်စ်ဟမ်း အတွက် ၂.၇၅ ဆ၊ သရေ အတွက် ၃.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဝက်စ်ဟမ်းတို့ ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက် ရှိနေသေးလို့ အားစိုက်ကစားမှာ ဖြစ်ပေမယ့် ဘရိုက်တန် ကလည်း မာကျောတဲ့ အသင်း တစ်သင်း ဖြစ်နေတာကြောင့် ထင်သလောက် လွယ်ကူဖို့တော့ မရှိပါဘူး။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရဖို့ ရှိပေမယ့် တစ်မှတ်စီ ခွဲယူရင်းပဲ ရာသီသိမ်းဖို့ များပါတယ်။ နောက်ပြီး နောက်ဆုံး ၆ ပွဲဆက် သရေ ရလဒ် ထွက်ပေါ်ထားတဲ့ အချက်ကြောင့် အခုပွဲ မှာတော့ ၃.၄၀ ဆ ရနိုင်မယ့် သရေ ရလဒ်ကို အရဲစွန့် မျှော်လင့်ထားချင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်