နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရန့်ဖို့ဒ် – ဆောက်သမ်တန် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ (ပွဲကြိုသုံးသပ်ချက်)

ဘရန့်ဖို့ဒ် – ဆောက်သမ်တန်

မနက်ဖြန်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ဘရန့်ဖို့ဒ်တို့ ဆောက်သမ်တန်ကို ဘရန့်ဖို့ဒ် ကွန်မြူနတီကွင်းမှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က ရှုံးပွဲကိုယ်စီ တွေ့ထားတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှုမှာ ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်တို့ ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာယူနိုက်တက်ကို ဂိုးပြတ် အရေးနိမ့်ခဲ့ရပေမယ့် ပုံစံကောင်း တစ်ခုတော့ ပျက်သွားခြင်း မရှိတာ တွေ့ရပါတယ်။ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ အသင်းကြီး တစ်သင်းရဲ့ ရုန်းကန်အားကြောင့်သာ အားမတန်လို့ မာန်လျှော့ခဲ့ရတာ ဖြစ်ပြီး ဒီတစ်ပတ် အမှတ်ပြန်ရှာဖို့ ကျိန်းသေပေါက် အားစိုက်လာပါလိမ့်မယ်။ သောမက်စ် ဖရန့်ခ်ရဲ့ အသင်းက လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေပေမယ့် အဆင့် ၉ နေရာက ဘရိုက်တန်နဲ့ ၄ မှတ်သာ ကွာဟနေတာကြောင့် အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ရေး မျှော်လင့်ချက် အပြည့် ရှိနေပါသေးတယ်။ ဒါ့အပြင် လက်ကျန် ၃ ပွဲမှာ ဆောက်သမ်တန်၊ အဲဗာတန်၊ လိဒ်စ်ယူနိုက်တက် တို့နဲ့ပဲ ကစားဖို့ ကျန်ရှိတော့တာကြောင့် အဆင့် ၁၀ လောက်နဲ့ ရာသီ သိမ်းနိုင်ဖို့ အခြေအနေ ကောင်းနေတယ်လို့လည်း ပြောလို့ ရပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင် ၆ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၈ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားလို့ အားရစရာတော့ မရှိပါဘူး။ ဒီပွဲ ကိုတော့ ကေးနော့စ်၊ ဂိုဒေါ့စ်၊ ဂျော်ဂျန်ဆန်၊ အွန်ရီကာ၊ ပင်နော့ခ် တို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပေမယ့် ဂျော်ရွှာ ဒါဆေးလ်ဗား ကတော့ ပွဲထွက်လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
ဘန်လေ
အက်စတန် ဗီလာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ရာယာ၊ အယား၊ ဂျန်ဆန်၊ ဆိုရန်ဆင်၊ ဟင်နရီ၊ ဂျန်ဆန်၊ ဒါဆေးလ်ဗား၊ အဲရစ်ခ်ဆင်၊ အမ်ဘူအမ်မို၊ တိုနီ၊ ဝစ်ဆာ

ဆောက်သမ်တန် ကတော့ ထုံးစံ အတိုင်း ရာသီသိမ်းခါနီးလေ ခြေစွမ်းကျဆင်းလေ ဖြစ်နေပြန်ပါပြီ။ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေခဲ့ပြီး ပြီးခဲ့တဲ့ တစ်ပတ် ကလည်း ခရစ္စတယ်ပဲလေ့စ်ကို ဇာဟာရဲ့ နောက်ကျဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ရက်ဖ်ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းက လက်တလော ဘရန့်ဖို့ဒ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ဒီပွဲပြီးရင် လစ်ဗာပူးလ်၊ လက်စတာစီးတီးတို့နဲ့ ကစားရဦးမှာ ဖြစ်လို့ အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက်တော့ သိပ်မရှိဘူးလို့ ပြောရမှာပါ။ ၃ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲ ရှုံးထားတဲ့ ဆောက်သမ်တန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်က အားရစရာ မရှိသလို ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့ပြီး ကျန် ၅ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၄ ဂိုးသာ ရရှိထားပြီး ခံစစ် ကတော့ တစ်ပွဲကို ၂ ဂိုးနှုန်း ပြန်ပေးထားရပါတယ်။ အခုလာမယ့် ပွဲကိုတော့ ဒူးဒဏ်ရာ အပြင်းအထန် ရထားတဲ့ အဓိက နောက်ခံလူ လစ်ဗရာမန်တို တစ်ဦးတည်း လွဲချော်ဖို့ ရှိနေပြီး ကျန်ကစားသမားတွေ ကတော့ ဒဏ်ရာရ ပွဲပယ် ကင်းရှင်းနေပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၄ ဂိုးသာ ရရှိထားပြီး ခံစစ် ကတော့ တစ်ပွဲကို ၂ ဂိုးနှုန်း ပြန်ပေးထားရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေတဲ့ ဆောက်သမ်တန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ဝေါလ်ကာ ပီတာ၊ ဆယ်လီဆူ၊ ဘက်ဒ်နာရက်ခ်၊ ပါရောက်ဒ်၊ အမ်းစတောင်း၊ ဝက်ဒ်ပရောက်စ်၊ ရိုမီယူ၊ အဲလ်ယွန်နူဆီ၊ ဘရိုဟာ၊ အဒမ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၅ ကြိမ်မှာ ဘရန့်ဖို့ဒ် က ၂ ကြိမ်နိုင်၊ ဆောက်သမ်တန် ကတော့ ၂ ကြိမ် နိုင်ပြီး ၁ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။ ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၁ ကြိမ်သာ ရှိထားပြီး စိန့်မေရီမှာ ဆောက်သမ်တန်တို့ ဘရန့်ဖို့ဒ်ကို ၄-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ဘရန့်ဖို့ဒ် အတွက် ၂.၂၃ ဆ၊ ဆောက်သမ်တန် အတွက် ၃.၀၅ ဆ၊ သရေ အတွက် ၃.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ ဘရန့်ဖို့ဒ်တို့ ယူနိုက်တက်ကို ၃ ဂိုးပြတ် ရှုံးလို့ ပုံစံကောင်း တစ်ခု ပျက်သွားပြီ ထင်ရင် မှားသွားပါလိမ့်မယ်။ လက်ရှိ လူစာရင်းနဲ့ စုဖွဲ့မှု အရ တပ်ပျက်နေတဲ့ ဆောက်သမ်တန်ကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်ပါလိမ့်မယ်။ ခရစ္စတီယန် အဲရစ်ခ်ဆင် ဦးဆောင်လာမယ့် ဘရန့်ဖို့ဒ် ကွင်းလယ်နဲ့ ဝက်ဒ်ပရောက်စ် ဦးဆောင်လာမယ့် ဆောက်သမ်တန် ကွင်းလယ်တို့ အဓိက အားပြိုင်ကြရမယ့် ပွဲဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရလည်း ဘရန့်ဖို့ဒ်တို့ အပြတ်အသတ် အသာရနေလို့ ဒီပွဲမှာလည်း အိမ်ရှင် ဘက်ကပဲ ခြေစုံပစ် ရပ်တည်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်