အန်ဒိုနီ အိုင်ရာအိုလာ ကတော့ ရာသီကုန်မှာ ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက် ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ချယ်ရီတွေဟာ အိုင်ရာအိုလာ နေရာမှာ အစားထိုးမယ့် နည်းပြသစ် အဖြစ် မာကို ရို့စ်ကို သုံးနှစ် စာချုပ်နဲ့ ခန့်အပ်လိုက်ကြောင်း တရားဝင် အတည်ပြုခဲ့ပါတယ်။
မာကို ရို့စ် ကတော့ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ဘိုရုရှား ဒေါ့မန်နဲ့ လိုက်ပ်ဇစ် တို့ရဲ့ နည်းပြဟောင်းလည်း ဖြစ်ပါတယ်။ နည်းပြ အိုင်ရာအိုလာဟာ ဗီတာလစ်တီးကွင်းမှာ အောင်မြင်တဲ့ ၃ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ပြီးနောက် ရာသီကုန်မှာ ရာထူးကနေ နုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့ တပတ်က အတည်ပြုထားခဲ့တာ ဖြစ်ပါတယ်။
စပိန် လူမျိုး နည်းပြ အိုင်ရာအိုလာဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ရလဒ် ဖြစ်တဲ့ အဆင့် (၉) နေရာနဲ့ ရမှတ် (၅၆) မှတ် ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အခုရာသီ မှာလည်း အဲဒီ စံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိ မှာတော့ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ နယူးကာဆယ် တို့ကို အသင်းကြီးတွေကို ဆက်တိုက် အနိုင်ရရှိထားပါတယ်။ ဒါကြောင့် ဘုန်းမောက်ဟာ ရမှတ် (၄၈) မှတ်နဲ့ အဆင့် (၈) နေရာမှာ ရပ်တည်နေကာ ဥရောပ ဝင်ခွင့် အတွက်တောင် မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ အိုင်ရာအိုလာရဲ့ နေရာမှာ အစားထိုးမယ့်သူကို အချိန်ဆွဲခြင်း မရှိဘဲ တနင်္လာနေ့မှာ မာကို ရို့စ်ကို နည်းပြသစ် အဖြစ် ခန့်အပ်မှာ ဖြစ်ကြောင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ကလပ် အသင်းရဲ့ ထုတ်ပြန်ချက် မှာတော့ “အသက် ၄၉ နှစ် အရွယ်ရှိ မာကို ရို့စ်ဟာ ဆဲလ်ဘတ်၊ မိုချန်ဂလာဘတ်၊ ဒေါ့မန်နဲ့ လိုက်ပ်ဇစ် စတဲ့ ဥရောပ ထိပ်တန်းကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရင့် နည်းပြ တစ်ဦး ဖြစ်ပါတယ်။ အခု အချိန်မှာ အသင်းရဲ့ အဓိက အာရုံစိုက်မှု ကတော့ အခု လက်ရှိ ရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ဖို့ ဖြစ်ပြီး (၁၃) ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းနိုင်ဖို့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေက အစွမ်းကုန် ကြိုးစားနေပါတယ်။ ရာသီကုန် နွေရာသီ မှာတော့ မာကို ရို့စ်ကို နည်းပြသစ် အဖြစ် နွေးထွေးစွာ ကြိုဆိုသွားမှာပါ။” လို့ ဖော်ပြထားပါတယ်။
မာကို ရို့စ်ဟာ ၂၀၁၇ ကနေ ၂၀၁၉ အထိ ဆဲလ်ဘတ် အသင်းကို သြစတြီးယားလိဂ် ချန်ပီယံဆု (၂) ကြိမ် ဆက်တိုက် ရယူပေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ကနေ ၂၀၂၁ မိုချန်ဂလာဘတ်ကို (၂) ရာသီကြာ ကိုင်တွယ်ခဲ့ပါတယ်။ ၂၀၂၁ ကနေ ၂၀၂၂ အထိတော့ ဒေါ့မန်ကို ကိုင်တွယ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ်ရဲ့ နောက် ဒုတိယ နေရာနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
၂၀၂၂ ကနေ ၂၀၂၅ အထိ လိုက်ပ်ဇစ်ကို ပွဲပေါင်း (၉၀) ကိုင်တွယ်ကာ နိုင်ပွဲ (၄၉) ပွဲ (၅၄%) ရရှိခဲ့ပြီး ဂျာမန် ပိုကယ်ဖလား ကိုလည်း ရယူပေးခဲ့ပါတယ်။ သူဟာ လိုက်ပ်ဇစ် သမိုင်းတစ်လျှောက် နိုင်ပွဲ အများဆုံး ရရှိခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာကို ရို့စ် အတွက် ပရီးမီးယားလိဂ် ရပ်ဝန်းဟာ အခက်အခဲ များစွာနဲ့ စောင့်ကြိုနေမှာ ဖြစ်ပြီး ဘုန်းမောက်မှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ သေချာနေပါတယ်။ လက်ရှိ နည်းပြ အန်ဒိုနီ အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ပရီးမီးယားလိဂ် (၁၀၉) ပွဲ ကိုင်တွယ်ရာမှာ နိုင်ပွဲ (၃၉) ပွဲ ရရှိထားပြီး နိုင်ပွဲရာခိုင်နှုန်း ၃၆% နဲ့ အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အောင်မြင်မှု အရှိဆုံး နည်းပြ ဖြစ်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


