နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်းဖို့ဒ်ဘရစ်ချ်မှာ အကြီးအကျယ် ပျားတုပ်ခံလိုက်ရတဲ့ ခြင်္သေ့ပြာများ | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ၁-၄ ဘရန့်ဖို့ဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် လန်ဒန် ဒါဘီ ပွဲစဉ် မှာတော့ တောက်လျောက် နိုင်ပွဲတွေ ဆက်နေခဲ့တဲ့ ချဲလ်ဆီးတို့ ဘရန့်ဖို့ဒ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ၁-၄ ရလဒ်နဲ့ မထင်မှတ်ပဲ ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။ တန်းမဆင်းရရေး အတွက် အမှားမခံစတမ်း အားကုန်ထုတ် ရုန်းကန်လာတဲ့ ဘရန့်ဖို့ဒ်ကြောင့် ချဲလ်ဆီးတို့ အခက်တွေ့ခဲ့ရပြီး ကွင်းလယ်နဲ့ ခံစစ်ရဲ့ ပုံစံကောင်း တစ်ခု ပျောက်ဆုံးခဲ့ခြင်းနဲ့ အတူ ဂိုးပြတ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ချဲလ်ဆီးတို့ ၄-၃-၃ အခင်းအကျင်းနဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ တီမိုဗာနာ၊ ဇီယက်ချ်နဲ့ ကိုင်ဟာဗက်ဇ် တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ ကန်တေ၊ လော့ဖ်တပ်စ်ချိခ်၊ မေဆန်မောင့်၊ အက်ဇ်ပီလီကွယ်တာ၊ ဆေးလ်ဗား၊ ရူဒီဂါ၊ မားကို့စ် အလွန်ဆို၊ ဂိုး မှာတော့ မန်ဒီပဲ ပါဝင်ခဲ့ပါတယ်။ ၃-၅-၂ နဲ့ ပြန်လည် ရင်ဆိုင်ခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ တိုက်စစ် မှာတော့ အိုင်ဗန်တိုနေးနဲ့ အမ်ဘူအမ်မို တို့ ဦးဆောင်ခဲ့ပြီး ကွင်းလယ်မှာ ဂျနဲလ်တ်၊ နောဂတ်၊ ခရစ္စတီယန် အဲရစ်ခ်ဆင်၊ ရိုဝါဆလက်ဗ်၊ ဟင်နရီ၊ ခံစစ်မှာ ပင်နော့ခ်၊ ဂျန်ဆန်၊ အယား၊ ဂိုးမှာ ရာယာ တို့နဲ့ ပွဲထွက်လာပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
အက်တလက်တီကို
1X2 သရေ @ 4.70
ဂိုးအောက် 2.50 @ 2.17
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမပိုင်းမှာ ထဲက အပြန်အလှန် ထိုးဖောက်မှုတွေ မြင်တွေ့ခဲ့ရပေမယ့် မန်ဒီနဲ့ ရာယာတို့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တာကြောင့် သွင်းဂိုးတွေတော့ မမြင်တွေ့ခဲ့ရပါဘူး။ ဒုတိယပိုင်းမှာ နောက်တန်းက ရူဒီဂါရဲ့ မထင်မှတ်တဲ့ ကန်ချက် ဂိုးဝင်သွားခဲ့လို့ ချဲလ်ဆီးတို့ အမှတ်မထင် ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒါပေမယ့် ၂ မိနစ် အကြာမှာ ဘရန့်ဖို့ဒ် ကွင်းလယ်လူ ဂျနဲလ်တ်က ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပြီး ၅၄ မိနစ်မှာ ခရစ္စတီယန် အဲရစ်ခ်ဆင်က ဦးဆောင်ဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ထပ် ၅ မိနစ်လောက် အကြာမှာပဲ ဧည့်သည် ဘရန့်ဖို့ဒ် တို့ တတိယဂိုး ရခဲ့ပြီး ဒီတစ်ကြိမ် မှာလည်း ပထမ ချေပဂိုး သွင်းယူခဲ့တဲ့ ဂျနဲလ်တ် ကပဲ ထပ်မံ သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးတွေ ဆက်တိုက်ပေးခဲ့ရပြီးနောက် သောမက်စ် တူချယ် အနေနဲ့ ယိုပေါက်များခဲ့တဲ့ ခံစစ်ကို မပြင်ဆင်ပဲ ချေပဂိုး ရဖို့ပဲ အာရုံစိုက်နေခဲ့တာကြောင့် ပွဲချိန် ၈၇ မိနစ်မှာ ဘရန့်ဖို့ဒ်ရဲ့ စတုတ္ထမြောက် သွင်းဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ် မှာလည်း ချဲလ်ဆီး နောက်တန်းရဲ့ ပေါ့ဆမှု ကနေ ဘရန့်ဖို့ဒ် လူစားဝင် တိုက်စစ်မှူး ဝစ်ဆာက ပြေးဝင်ပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာတော့ သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ခဲ့ရခြင်း မရှိလို့ ၁-၄ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ချဲလ်ဆီးတို့ မထင်မှတ်ပဲ ပရီးမီးယားလိဂ် ဂိုးပြတ် ရှုံးပွဲနဲ့ ကြုံသွားခဲ့ရပါတယ်။


ပွဲပြီးသုံးသပ်ချက်

လက်ကျန် မိနစ်တွေမှာတော့ သွင်းဂိုးတွေ ထပ်မံ မြင်တွေ့ခဲ့ရခြင်း မရှိလို့ ၁-၄ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ချဲလ်ဆီးတို့ မထင်မှတ်ပဲ ပရီးမီးယားလိဂ် ဂိုးပြတ် ရှုံးပွဲနဲ့ ကြုံသွားခဲ့ရပါတယ်။
ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီး နည်းပြ သောမက်စ် တူချယ် ကတော့ ပွဲပြီး အင်တာဗျူးမှာ သူ့အသင်း ရှုံးနိမ့်ခဲ့တာဟာ ကစားသမား တွေရဲ့ ရင့်ကျက်မှုနည်းပါးတာ၊ နိုင်ငံတကာပွဲစဉ်တွေ ကစားခဲ့ရတာတွေကြောင့် ဖြစ်တယ်လို့ အကြောင်းပြခဲ့ပြီး အင်္ဂလန်ရဲ့ ရာသီဥတု ကိုလည်း ပြစ်တင် ဝေဖန်သွားခဲ့ပါတယ်။ ဒါကလည်း အကြောင်းပြချက် တချို့ ဖြစ်နိုင်ပေမယ့် ခြေစွမ်းပိုင်းအရ တော်တော်လေးကို ညံ့ခဲ့လို့ ဒီလို ရလဒ်မျိုးနဲ့ အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ခံစစ်က ရူဒီဂါ အနေနဲ့ လှပတဲ့ သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို တားဆီးရာမှာတော့ အားနည်းလွန်းခဲ့ပါတယ်။ ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှု လုံးဝ ပြတ်တောက်နေခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု အသာစီးရနေခဲ့တာ ကလွဲရင် ဘရန့်ဖို့ဒ်ရဲ့ ကစားကွက် ရွေ့လျားမှုတွေ လောက်တောင် ကြည့်မကောင်းခဲ့ပါဘူး။ ချဲလ်ဆီး အနေနဲ့ အသင်းပိုင်ရှင် အေဗရာမိုဗစ် အရေးယူ ပိတ်ဆို့ခံရအပြီးမှာ ပထမဦးဆုံး ရှုံးပွဲ ကြုံခဲ့ရတာ ဖြစ်ပြီး မထင်မှတ်ပဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ တန်းမဆင်းရရေး အစွမ်းကုန် ရုန်းနေတဲ့ ဘရန့်ဖို့ဒ် အတွက် ကတော့ တကယ့်ကို အားရစရာ ကောင်းတဲ့ နိုင်ပွဲ ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပထမဦး အကြိမ် ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချဲလ်ဆီးတို့ ဧပြီလ ၇ ရက်နေ့မှာ ရီးရဲယ်မက်ဒရစ်နဲ့ အရေးကြီးတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ကစားရဖို့ ရှိပြီး စနေနေ့ မှာတော့ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ် ကစားရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ကတော့ ဧပြီ ၁၀ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ လန်ဒန် ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်