နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွာနေတဲ့ ငှက်ကြားတွေကို ရပ်တန့်ပေးမယ့် ခြင်္သေ့ပြာများ | ချဲလ်ဆီး – နယူးကာဆယ် (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး – နယူးကာဆယ်

ကွင်းပြင်ပမှာ အခက်အခဲ အကြပ်အတည်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ ချဲလ်ဆီးတို့ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာတော့ ခြေစွာနေတဲ့ နယူးကာဆယ်ကို စတန်းဖို့ဒ်ဘရစ်ချ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။ လက်တလော အသင်းလိုက်ရော၊ တစ်ဦးချင်း စွမ်းဆောင်ရည် အရပါ အကောင်းဆုံး ပုံစံရနေတဲ့ အသင်းတွေ ဖြစ်နေလို့ စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

အထက်မှာ ပြောခဲ့သလိုပဲ ချဲလ်ဆီးတို့ ကွင်းပြင်ပမှာ အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် ခြေစွမ်းပိုင်း ကျဆင်းသွားတာ မတွေ့ရသေးသလို ရလဒ်ကောင်းတွေလည်း ဆက်တိုက် ရှာဖွေထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်တလော ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ချ် အနေနဲ့ ဗြိတိန် အစိုးရရဲ့ ဒဏ်ခတ် အရေးယူမှုတွေ ခံထားရသလို အသင်း အနေနဲ့လည်း အဘက်ဘက်က ပိတ်ပင် တားဆီးမှုတွေ ခံနေရတာ ဖြစ်ပါတယ်။ ကစားသမား ရောင်းချခွင့်၊ ခေါ်ယူခွင့်၊ လက်မှတ် ရောင်းချခွင့်၊ ကုန်ပစ္စည်း ရောင်းချခွင့်တွေ ပြုလုပ်ခွင့် ရတော့မှာ မဟုတ်သလို နောက်ဆုံး သတင်းတွေ အရ ဆိုရင် အသင်းရဲ့ ဂျာစီ စပွန်ဆာ ကုမ္ပဏီတွေ ဖြစ်တဲ့ သရီးနဲ့ နိုက်ကီ တို့ကပါ လက်တွဲဖြုတ်ဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။ အဆိုးဆုံး ကတော့ ဘာကလေ ဘဏ်ကတ် အသုံးပြုခွင့် ပိတ်ပင် ခံခဲ့ရတာကြောင့် သွားလာရေး အတွက် ဘတ်စ်ကား ဆီထည့်ဖို့တောင် အခက်အခဲ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိသလို နိုင်ပွဲ ၆ ပွဲ၊ သရေ ၃ ပွဲ ရှိထားခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ နယူးကာဆယ်

ဒီအခြေအနေတွေနဲ့ လုံးဝ ပြောင်းပြန် ဖြစ်နေတာက အသင်းရဲ့ ခြေစွမ်း ဖြစ်ပါတယ်။ သောမက်စ် တူချယ်ရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲမှာ လစ်ဗာပူးလ် တစ်သင်းတည်းကို ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ ပင်နယ်တီနဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိသလို ၄ ပွဲဆက် အနိုင်ရထားခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ပွဲမှာ ဘန်လေနဲ့ နော့ဝှစ်ချ်စီးတီးကို ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ အထောင် တိုက်စစ်မှူး လိုအပ်ချက် ပြသနာကို ကိုင်ဟာဗက်ဇ်နဲ့ ဖြေရှင်းထားနိုင်ပြီး ဂျာမန် ကြယ်ပွင့် အနေနဲ့ ကစားကွက် ချိတ်ဆက်တဲ့ အပိုင်းမှာ တဖြည်းဖြည်း အရေးပါလာခဲ့သလို ဂိုးပုံမှန် သွင်းပေးနိုင်နေတာ ကလည်း ချဲလ်ဆီးတို့ ရလဒ် ကောင်းနေခြင်းရဲ့ အဓိက အချက် တစ်ချက်လို့ ပြောရပါမယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရလည်း အမြင့်ဆုံးမှာ ရှိနေကြောင်း ချဲလ်ဆီးတို့ အကောင်းဆုံး ရလဒ်တွေနဲ့ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးတို့ ကွင်းပြင်ပ ကိစ္စတွေနဲ့ ကွင်းတွင်း ခြေစွမ်း လုံးဝ မသက်ဆိုင်ဘူးဆိုတာ အလုပ်နဲ့ သက်သေပြဖို့ ကြိုးစားလာဦးမှာ ဖြစ်ပြီး အကောင်းဆုံး နည်းဗျူဟာ၊ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာပါလိမ့်မယ်။ အခု ပွဲကို ရိစ်ဂျိမ်းစ်နဲ့ ဘန် ချေးဝဲလ်တို့ ဒဏ်ရာကြောင့် လွဲချော်ဦးမှာ ဖြစ်ပြီး အလွန်ဆို၊ အက်ဇ်ပီလီကျူအာတာ၊ ပူလီဆစ်ခ်၊ အိုဒွိုင်း တို့ကတော့ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။ ဖြစ်နိုင်ဖွယ် လူစာရင်း အရတော့ ကိုင်ဟာဗက်ဇ်၊ ဇီယက်ချ်၊ မေဆန်မောင့်၊ ကန်တေ၊ ဂျော်ဂျင်ဟို၊ အလွန်ဆို၊ ရူဒီဂါ၊ ချာလိုဘာ့၊ ဆေးလ်ဗား၊ ခရစ္စတန်ဆန်နဲ့ မန်ဒီ တို့ပဲ ပွဲထွက်လာဖို့ ရှိနေပါတယ်။

နယူးကာဆယ် ကလည်း ၂၀၂၂ ခုနှစ်ကို ရောက်ကတည်းက တောက်လျောက် ရလဒ်တွေ ကောင်းနေပြီး ဥရောပထိပ်တန်း အမှတ်ပေးလိဂ် ပြိုင်ပွဲ ၅ ခု ထဲမှာ လစ်ဗာပူးလ်နဲ့ ဘာစီလိုနာ ပြီးရင် ရမှတ် အများဆုံး ရှာဖွေထားနိုင်တဲ့ အသင်း ဖြစ်နေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် ရှုံးပွဲ မရှိသလို နိုင်ပွဲ ၆ ပွဲ၊ သရေ ၃ ပွဲ ရှိထားခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရောက်ရှိနေခဲ့ပါတယ်။ တန်းဆင်းဇုန်နဲ့ ၁၀ မှတ် အထိ ကွာဟနေခဲ့တာကြောင့် အတိုင်းအတာ တစ်ခု အထိ ဖိအားတွေ လျှော့ချထားနိုင်ပါတယ်။ အခုပွဲ မှာလည်း အက်ဒီဟောင်းရဲ့ အသင်းက ချဲလ်ဆီးကို ခြေရည်တူ ယှဉ်ကစားဖို့ ကြိုးစားလာဦးမှာ ဖြစ်ပြီး အတောင့်တင်းဆုံး လူစာရင်းနဲ့ လာရောက် ရင်ဆိုင်မှာ သေချာသလောက် ရှိပါတယ်။ ၄-၃-၃ ကို အခြေခံတဲ့ အခင်းအကျင်းနဲ့ အတူ ဖြစ်နိုင်ဖွယ် လူစာရင်းအရ တိုက်စစ်မှာ စိန့်မက်ဆီမင် ပြန်လည် ပါဝင်လာနိုင်ပြီး ခရစ္စဝုဒ်၊ မာဖီ တို့နဲ့ တွဲဖက် ကစားစေမယ့် သဘော ရှိပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ ဂျိုးလင်တန်၊ ရှဲလ်ဗီ၊ ဘရူနို ဂီမာရေးစ် သို့မဟုတ် ဝေးလ်လော့ခ်၊ မန်ကီလို၊ ဘန်း၊ ရှား၊ တားဂတ်နဲ့ ဂိုးမှာတော့ ဒူဗရက်ဗ်ကာပဲ ပွဲထွက်လာဖို့ များပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာ ယူနိုက်တက်
အက်တလက်တီကို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ချဲလ်ဆီးတို့ ၁၃ ကြိမ် အနိုင်ရပြီး နယူးကာဆယ် ကတော့ ၇ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ချဲလ်ဆီးတို့ ၄ ကြိမ်နိုင်ပြီး ၁ ကြိမ်သာ ရှုံးနိမ့်ထားခဲ့ပါတယ်။ ထူးခြားချက်က ချဲလ်ဆီးတို့ စတန်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၉ ကြိမ် ဆက်တိုက် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 ရဲ့ ကြေးဖွင့်မှုမှာ ချဲလ်ဆီး အတွက် ၁.၃၃ ဆ၊ သ‌ရေ အတွက် ၄.၈၀ ဆနဲ့ နယူးကာဆယ် အတွက် ၉ ဆ ဖြစ်ပါတယ်။ နယူးကာဆယ်တို့ ဘယ်လောက်အထိ တိုးတက်လာကြောင်း ပြသထားပြီး ဖြစ်သလို ချဲလ်ဆီး ကလည်း ဘယ်အခြေအနေ ရောက်ရောက် ခြင်္သေ့ပြာတွေရဲ့ စိတ်ဓာတ်နဲ့ ကစားနေတုန်းပါပဲ။ ပေါက်ကြေးအရ ၁.၃၃ ဆ ဆိုတာ နည်းလွန်းပေမယ့် အဘက်ဘက်က ပိုပြီး တောင့်တင်းနေတဲ့ ချဲလ်ဆီး အနိုင်သေချာလို့ မဖြစ်မနေ ရွေးချယ်ရပါလိမ့်မယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်လို့ ဆန္ဒရှိရင် ဂိုးပေါ်ပါ ကပ်လို့ ရပါသေးတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်