နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟာလန်းကို ခေါ်ယူမယ့် ဘာစီလိုနာ၊ ဆာနေးနဲ့ ဂိုရက်ဇ်ကာကို ကြိုးပမ်းသွားမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် ကောလာဟလတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်း နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ လစ်လပ်နေတဲ့ အင်္ဂလန် နည်းပြ ရာထူး အတွက် ချိတ်ဆက်မှုတွေ‌ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွာဒီယိုလာ အနေနဲ့ အက်တီဟတ်မှာ ဆက်ရှိနေဖို့ တစ်နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်တော့မယ်လို့ သိရပါတယ်။

ဘာစီလိုနာ အသင်း ကတော့ အာလင်း ဟာလန်းကို ခေါ်ယူဖို့ ပိုမို စိတ်ဝင်စားလာခဲ့ပြီးတော့ ကလပ် ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက သူ့ကိုအား စပိန်သို့ ခေါ်ဆောင်ဖို့ အတတ်နိုင်ဆုံး ကြိုးစား ပြင်ဆင်သွားမယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် တောင်ပံကစားသမား အီဘာချီ အီးဇီး ကိုတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က စောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ ကင်းထောက်တွေ အနေနဲ့ အီးဇီးရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိပြီးတော့ မကြာခင် ခေါ်ယူဖို့ စတင်ကြိုးပမ်းလာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

တစ်ချိန်တည်းမှာပင် ယူနိုက်တက်ဟာ ဘေယန်မြူးနစ်က လီရွိုင်း ဆာနေးနဲ့ လီရွန် ဂိုရက်ဇ်ကာ တို့ကို ခေါ်ယူပြီး ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက် အနေနဲ့ ဒီကစားသမား နှစ်ဦးကို လာမယ့် ဇန်နဝါရီလမှာ အရ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နာပိုလီ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း အတွက် ၄၅ မိနစ်သာ ကစားပေးထားတဲ့ ချဲလ်ဆီး ကွင်းလယ်လူ ဘန် ချေးဝဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ စီးရီးအေ ကလပ်က အင်္ဂလန် ဘယ်နောက်ခံလူကို စတန်းဖို့ဒ်ဘရစ်ချ် ကနေ အငှားနဲ့ အရင်ဆုံး ခေါ်ယူဖို့ အတွက် မျှော်လင့်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ တခြားသော ကလပ်တွေရဲ့ စိတ်ဝင်စားမှု ကနေ ကာကွယ်ဖို့ အတွက် ဝီလီယံ ဆာလီဘာကို စာချုပ်သစ် တစ်ရပ် ချုပ်ဆိုဖို့ ပြင်ဆင်လျက် ရှိတယ်လို့ သိရပါတယ်။ ပြင်သစ် လူငယ် နောက်ခံလူဟာ မကြာသေးမီက ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ်တွေထဲမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လစ်ဗာပူးလ် ကတော့ ဘင်ဖီကာ ဘယ်နောက်ခံလူ အယ်လ်ဗာရို ကာရေရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ် အသင်းဟာ အန်ဖီးလ် ကွင်းလယ်လူ ထရန့် အလက်ဇန္တား အာနိုးလ် ကို ခေါ်ယူဖို့ လက်လျှော့ဖွယ် ရှိနေပြီး လေဗာကူဆင်က ဖရင်မ်ပေါင်ကို ပြောင်းလဲ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပေါလ် ပေါ့ဘာ ကတော့ ပွဲပယ် ပြစ်ဒဏ်ကနေ လွတ်မြောက်လာချိန်မှာတော့ ဂျူဗင်တပ်စ် ကနေ ထွက်ခွာဖို့ နည်းလမ်းတွေ ရှာဖွေနေပြီးတော့ လီဂူးဝမ်းကို ပြန်သွားဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် ကွင်းလယ် ကစားသမား အနေနဲ့ ရုရှား ကလပ် ဘရုတ်ခ်ဘွိုင်း အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

ဘီလ်ဘာအို တောင်ပံ ကစားသမား နီကို ဝီလီယံ ကတော့ ဥရောပ ထိပ်တန်း ကလပ်တွေနဲ့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့်လည်း ၎င်းရဲ့ လက်ရှိ ကလပ်မှာ ပျော်ရွှင်နေကြောင်း ဝန်ခံလာခဲ့ပါတယ်။ နီကို ဝီလီယမ်စ် ကိုတော့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်းက စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။ 

တော့တင်ဟမ်ဟော့စပါး ကတော့ လာမယ့် ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အက်စ်ပန်ညို တောင်ပံကစားသမား ယာဗီ ပွာဒိုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်