နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အန်ဇို ဖာနန်ဒက်စ်ကို အပြိုင်အဆိုင် စိတ်ဝင်စားနေတဲ့ ဘာဆာနဲ့ အင်တာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ကိုတော့ ဥရောပ ထိပ်တန်း ကလပ်တွေက ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ အသင်းတွေထဲ ကမှ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ကတော့ အပြိုင်အဆိုင် စိတ်ဝင်အစားဆုံး ဖြစ်နေတယ်လို့လည်း သိရပါတယ်။ 

အသက် ၂၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာဂျင်တီးနား ကွင်းလယ် ကြယ်ပွင့် အန်ဇို ဖာနန်ဒက်ဇ်ဟာ ဒီရာသီမှာ ချဲလ်ဆီး အတွက် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့သူလည်း ဖြစ်ပါတယ်။ အန်ဇိုဟာ ပြီးခဲ့တဲ့ လစ်ဗာပူးလ်၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ ကစားခဲ့တဲ့ အရေးကြီး ပွဲစဉ်တွေ မှာလည်း လူစားဝင် ကစားသမား အဖြစ်နဲ့သာ ပါဝင် ကစားခွင့်ရရှိခဲ့ပါတယ်။ အန်ဇို ဖာနန်ဒက်ဇ် အနေနဲ့ ပွဲထွက်ကစားခွင့် ရရှိဖို့ အတွက် တိုက်ပွဲဝင်လိုပြီးတော့ အရန်ခုံ ထိုင်လိုခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဒီလို ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ အန်ဇိုကို တစ်ဖက်မှာ လာလီဂါ ထိပ်သီး ဘာစီလိုနာနဲ့ စီးရီးအေ ချန်ပီယံ အင်တာမီလန် တို့က အခြေအနေ စောင့်ကြည့်လျက် ရှိပြီး သင့်တော်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ဟာ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးနဲ့ ၂၀၃၁ ခုနှစ် အထိ နှစ်ရှည် စာချုပ် သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။ အန်ဇိုဟာ ဒီရာသီ ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင် ကစားပေးထားပေမယ့် ပရီးမီးယားလိဂ် မှာတော့ ၆ ပွဲသာ ပထမ လူစာရင်းမှာ ပါဝင်ထားခဲ့ပါတယ်။ အန်ဇိုဟာ အာဂျင်တီးနား ကလပ် ရေးဗား ပလိတ်နဲ့ အတူ ၂၀၁၉ ခုနှစ်မှာ ကစားသမား ဘဝ စတင်ခဲ့ပြီးတော့ ၂၀၂၂ ခုနှစ် မှာတော့ ဘင်ဖီကာကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဘင်ဖီကာ မှာတော့ ဘောလုံးရာသီ တစ်ခုသာ ဖြစ်သန်းခဲ့သလို ပွဲစဉ်ပေါင်း ၂၉ ပွဲသာ ကစားခဲ့ရပြီး ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချဲလ်ဆီး မှာတော့ ၃ ရာသီ မြောက် အဖြစ် ဖြတ်သန်းနေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ အချိန်ထိ ပြိုင်ပွဲစုံ ၇၇ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူထားပါတယ်။

အန်ဇို ဖာနန်ဒက်ဇ်ဟာ လပေါင်းများစွာ အူကျွံ ဝေဒနာ ခံစားခဲ့ရဖူးပြီး သူ ကိုယ်တိုင်လည်း ဒီအခြေအနေက အသင်း အတွက်ရော သူ့ အတွက်ပါ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ဖူးပါတယ်။ အဲဒီ အချိန်တုန်းက အန်ဇို က“ကျွန်တော် ရှစ်လကြာ နာကျင်မှုတွေ ခံစားခဲ့ရပြီး ထိုးဆေးတွေနဲ့ ကစားခဲ့ပါတယ်။ ဒါကြောင့် ခွဲစိတ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တာက အကောင်းဆုံးပါပဲ၊ ကျွန်တော် အသင်းကို ထိခိုက်စေခဲ့ပြီး ကိုယ့်ကိုယ်ကို ထုတ်ဖော် မပြချင်ခဲ့ပါဘူး။ အခု ကျွန်တော် အဆင်ပြေပါတယ်၊ အားလုံး စိတ်အေးလို့ ရပါပြီ။ ကျွန်တော် တစ်နေ့ထက် တစ်နေ့ ပိုကောင်းလာပါပြီ။” လို့ ပြောကြားခဲ့ဖူးပါတယ်။ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာ ကတော့ နောက်ပိုင်း ပွဲစဉ်တွေမှာ ကွင်းလယ်ပိုင်း အတွက် လာဗီယာနဲ့ မွိုက်စ် ကိုင်စီဒို ကိုပဲ အဓိက ပွဲထုတ်နေပြီးတော့ အန်ဇို ကိုတော့ ရှုံးထွက် ပွဲစဉ်တွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်