နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်စတွန်ဗီလာ – နော့ဝှစ်ချ်စီးတီး | ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – နော့ဝှစ်ချ်စီးတီး

ပရီးမီးယားလိဂ်မှာ တောက်လျောက် ရလဒ်တွေ ဆိုးရွားနေတဲ့ အက်စတွန်ဗီလာတို့ အခုတစ်ပတ် မှာတော့ တန်းဆင်းဇုန်ထဲက နော့ဝှစ်ချ်စီးတီးကို ဗီလာပါ့ခ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နော့ဝှစ်ချ်စီးတီးကို ပရီးမီးယားလိဂ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာ အနိုင်ရထားတဲ့ ဗီလာတို့ အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ရလဒ်ဆိုးတွေ အောက်က ပြန်လည် ရုန်းထနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
ခရစ္စတယ်ပဲလေ့စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အက်စတွန်ဗီလာ ကတော့ ဒီရာသီမှာ ကစားသမားကောင်းတွေ အလုံအလောက် ဖြည့်တင်းထားပေမယ့် ရလဒ်ပိုင်း တိုးတက်လာခြင်း မရှိတဲ့ အပြင် ပြီးခဲ့တဲ့ ရာသီ ကထက်တောင် အခြေအနေ ဆိုးနေပါသေးတယ်။ ကော်တင်ဟို၊ ဒစ်ဂ်နီး တို့ ရောက်ကာစမှာ ဟုတ်သလိုလို ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ်လ အလယ်လောက်က စပြီး ခြေပျက်သွားခဲ့တဲ့ ဗီလာတို့ လက်တလော တန်းဆင်းဇုန်နဲ့ ၈ မှတ် အကွာ အဆင့် ၁၅ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၁၇ ပွဲ ရှိထားပြီး ဗီလာတို့ တန်းဆင်းဇုန် ပြင်ပက အသင်းတွေထဲမှာ ရှုံးပွဲ အများဆုံး ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်နေပါတယ်။ ဒါပေမယ့် အဆင့် ၉ နေရာက နယူးကာဆယ်နဲ့ ၆ မှတ်သာ ကွာဟတာကြောင့် စတီဗင် ဂျရတ်ရဲ့ အသင်းက အဆင့် ၁၀ အတွင်း ကနေ ရာသီသိမ်းနိုင်ဖို့ မျှော်လင့်ချက် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ်ဆိုးတွေ အောက်က ရုန်းမထွက်နိုင်ရင်တော့ အခုထက် အဆင့် ပိုကျသွားဖို့ပဲ ရှိပြီး အခန့်မသင့်ရင် တန်းဆင်းဇုန် ဖိအားပါ ဝင်သွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဗီလာတို့ ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ အိမ်ကွင်း စွမ်းဆောင်ရည် အညံ့ဆုံး ၅ သင်းထဲမှာ ပါဝင်နေပြီး ၅ ပွဲ နိုင်၊ ၃ ပွဲ သရေ၊ ၇ ပွဲ ရှုံးထားပါတယ်။ ဒီပွဲ ကိုတော့ ထရာအိုရေး၊ ဆန်ဆွန်၊ ဒစ်ဂ်နီး၊ ဟောက်စ်တို့ ဒဏ်ရာကြောင့် ကျိန်းသေပေါက် လွဲချော်ဦးမယ်လို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – မာတီနက်ဇ်၊ မင်းဂ်၊ ကွန်ဆာ၊ ယန်း၊ ကတ်ရှ်၊ လူးဝစ်ဇ်၊ ရမ်ဆေး၊ မက်ဂင်းန်၊ ကော်တင်ဟို၊ ဝက်ကင်န်၊ အင့်ဂ်

ဒီပွဲဟာ ငှက်ဝါတွေ အတွက် အဆုံးအဖြတ်လို့ ပြောလို့ ရပြီး အကယ်၍သာ ဗီလာကို ရှုံးပြီး တစ်ဖက်မှာ ဘန်လေက ဝက်ဖို့ဒ်ကို နိုင်ခဲ့မယ် ဆိုရင် နော့ဝှစ်ချ်စီးတီးတို့ ပရီးမီးယားလိဂ် ကနေ သေချာပေါက် တန်းဆင်းရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံးမှာ ရောက်ရှိနေတဲ့ နော့ဝှစ်ချ်စီးတီး

အမှတ်ပေးဇယား အောက်ဆုံးက နော့ဝှစ်ချ်စီးတီး ကတော့ ရာသီကုန်ရင် တန်းဆင်းရဖို့ ရာခိုင်နှုန်း များနေပေမယ့် ပွဲတိုင်း ကိုတော့ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကစားနေတုန်းပါပဲ။ ခက်တာက အသင်းငယ်တွေ ထုံးစံ အတိုင်း အရန် အင်အား မတောင့်တင်ခြင်းကြောင့် ပွဲချိန်ကြာလာတာနဲ့ အမျှ ပြိုင်ဘက်ရဲ့ ကစားကွက်အောက် ရောက်သွားပြီး အလိုလို အရှုံးပေးနေရတာ ဖြစ်ပါတယ်။ လက်တလော အဆင့် ၁၇ နေရာက ဘန်လေနဲ့ ၁၀ မှတ် အထိ ကွာဟနေပေမယ့် ၅ ပွဲ ကစားဖို့ ကျန်သေးတာကြောင့် နော့ဝှစ်ချ် အတွက် တန်းမဆင်းရရေး မျှော်လင့်ချက် ခပ်ရေးရေး ကျန်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားဖို့ ကျန်တဲ့ ပွဲတွေထဲမှာ အက်စတွန်ဗီလာဟာ နော့ဝှစ်ချ်စီးတီး အတွက် အလွယ်ကူဆုံး ပြိုင်ဘက် ဖြစ်နေပြီး ဒင်းန်စမစ် အနေနဲ့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်ရတဲ့ချိန်မှာ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ငှက်ဝါတွေ အတွက် အဆုံးအဖြတ်လို့ ပြောလို့ ရပြီး အကယ်၍သာ ဗီလာကို ရှုံးပြီး တစ်ဖက်မှာ ဘန်လေက ဝက်ဖို့ဒ်ကို နိုင်ခဲ့မယ် ဆိုရင် နော့ဝှစ်ချ်စီးတီးတို့ ပရီးမီးယားလိဂ် ကနေ သေချာပေါက် တန်းဆင်းရမှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ အဓိက ကစားသမား အများစု ဒဏ်ရာပြသနာ ရှိနေတာက ဒင်းန်စမစ် အတွက် စိတ်ပျက်စရာ အခြေအနေ တစ်ခု ဖြစ်ပြီး အခုပွဲကို ရက်ပ်၊ အိုင်ဒါ့ရ်၊ ကာဘက်ခ်၊ အိုမိုဘမ်မီဒယ်လီ၊ ဇင်မာမန် တို့ လွဲချော်မှာ ဖြစ်သလို ဆားဂျန့် ကလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ဖွယ်လူစာရင်း – ခရူးလ်၊ ဂစ်ဘ်ဆင်၊ ဟန်လီ၊ အာရွန်၊ ဂီယန်နူးလစ်၊ မက်ကလင်းန်၊ နော်မန်၊ လီးစ်မယ်လူ၊ ဒိုဝဲလ်၊ ရက်ရှီကာ၊ ပွတ်ကီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၈ ကြိမ်မှာ အက်စတွန်ဗီလာတို့ ၁၁ ကြိမ် အနိုင်ရထားပြီး နော့ဝှစ်ချ်စီးတီး ကတော့ ၆ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ စလုံးကိုတော့ အက်စတွန်ဗီလာတို့ အနိုင်ရထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ နော့ဝှစ်ချ်စီးတီး အိမ်ကွင်း မှာလည်း ဗီလာတို့ ၂ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အက်စတွန်ဗီလာ အတွက် ၁.၄၀ ဆ၊ နော့ဝှစ်ချ်စီးတီး အတွက် ၇.၆၀ ဆ၊ သရေ အတွက် ၄.၄၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အက်စတွန်ဗီလာတို့ ခြေစွမ်း တော်တော်လေး ကျဆင်းနေတယ် ဆိုပေမယ့် ဇယား အောက်ဆုံးက နော့ဝှစ်ချ်စီးတီး ကိုတော့ အိမ်ကွင်းကြီးမှာ မရှုံးလောက်ပါဘူး။ ရလဒ်ဆိုးတွေ အောက်က ရုန်းထဖို့ အကောင်းဆုံး အချိန် ဖြစ်လို့ ဂျရတ်ရဲ့ အသင်း အပြည့်အဝ အားစိုက်လာပါလိမ့်မယ်။ နော့ဝှစ်ချ် အတွက် ဒီပွဲက သေရေရှင်ရေး တမျှ အရေးပါနေတာကြောင့်လည်း အပြန်အလှန် ရှိတဲ့ ပွဲစဉ် ဖြစ်လာဦးမှာပါ။ ဒါပေမယ့် အနိုင် ၃ မှတ် ကတော့ ဗီလာ အတွက်ပဲ ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်